အိမ်တောင်လူမိုက် ဗူးမစိုက်နှင့်

အိမ်တောင်လူမိုက် ဗူးမစိုက်နဲ့ ဆိုတဲ့ စကားပုံ၏ အဓိပ္ပါယ်စကားပုံလေး ငယ်စဉ်ကပင် ကြားဖူးခဲ့ပါသည်။ သို့သော် ဆိုလိုရင်းကို ဝေဝါးစွာပင် အိမ်ထောင်ကျပြီး ဗူးစိုက်ရင် လူမိုက်လား၊ လူလိမ္မာမှ စိုက်ရမည်လား စသဖြင့် တွေးမိသေးသည်။

တရက်တော့ အမှတ်မထင် ဆရာကြီး စစ်ကိုင်းဦးဖိုးသင်၏ ဆောင်းပါးကို ဖတ်မိ၍ ဆိုလိုရင်း အမှန်ကို သိရတော့သည်။ ဗူးပင်ကို အိမ်ဝင်းများအတွင်း မိုးအခါ စိုက်ပျိုးတတ်ကြသည်။

မိုးတွင်းတွင် တောင်လေနှင့် အနောက်တောင်လေများ တိုက်ခတ်ပါသည်။ ဗူးပင်သည် နေ့အခါ နိုက်ထရိုဂျင်ကို ရှူသွင်းပြီး အောက်စီဂျင်ကို ထုတ်ပါသည်။

ညအခါတွင်တော့ အောက်စီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်လွှတ်သည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်သည် အဆိပ်ဓါတ် ဖြစ်သည်။

ဒါကြောင့် အိမ်၏ တောင်ဘက်တွင် ဗူးပင် စိုက်မိလျှင် ညအခါ ဗူးပင်မှလာသော လေသည် ‌လေဆိုး၊ အဆိပ်ဓာတ်များ ပါလာပါသည်။ ထိုလေများကို ကြာကြာရှူမိသောအခါ ကျန်းမာရေးထိခိုက် ရောဂါမျိုးစုံ ဝင်နိုင်ပါသည်။

ထိုကြောင့်ပင် မိမိအိမ်တွင် ဗူးပင် စိုက်ပျိုးပါက အိမ်၏ တောင်ဘက်အရပ်တွင် ဗူးပင် မစိုက်ပျိုးသင့်ကြောင်းကို "အိမ်တောင်လူမိုက် ဗူးမစိုက်နှင့်" ဟူသော စာချိုးဖြင့် ရှေးပညာရှိများက ဆုံးမခဲ့ပါကြောင်း။ Crd

Zawgyi

အိမ္ေတာင္လူမိုက္ ဗူးမစိုက္ႏွင့္

အိမ္ေတာင္လူမိုက္ ဗူးမစိုက္နဲ႔ ဆိုတဲ့ စကားပုံ၏ အဓိပၸါယ္စကားပုံေလး ငယ္စဥ္ကပင္ ၾကားဖူးခဲ့ပါသည္။ သို႔ေသာ္ ဆိုလိုရင္းကို ေဝဝါးစြာပင္ အိမ္ေထာင္က်ၿပီး ဗူးစိုက္ရင္ လူမိုက္လား၊ လူလိမၼာမွ စိုက္ရမည္လား စသျဖင့္ ေတြးမိေသးသည္။

တရက္ေတာ့ အမွတ္မထင္ ဆရာႀကီး စစ္ကိုင္းဦးဖိုးသင္၏ ေဆာင္းပါးကို ဖတ္မိ၍ ဆိုလိုရင္း အမွန္ကို သိရေတာ့သည္။ ဗူးပင္ကို အိမ္ဝင္းမ်ားအတြင္း မိုးအခါ စိုက္ပ်ိဳးတတ္ၾကသည္။

မိုးတြင္းတြင္ ေတာင္ေလႏွင့္ အေနာက္ေတာင္ေလမ်ား တိုက္ခတ္ပါသည္။ ဗူးပင္သည္ ေန႔အခါ ႏိုက္ထ႐ိုဂ်င္ကို ရႉသြင္းၿပီး ေအာက္စီဂ်င္ကို ထုတ္ပါသည္။

ညအခါတြင္ေတာ့ ေအာက္စီဂ်င္ကို ရႉသြင္းၿပီး ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို ထုတ္လႊတ္သည္။ ကာဗြန္ဒိုင္ေအာက္ဆိုဒ္သည္ အဆိပ္ဓါတ္ ျဖစ္သည္။

ဒါေၾကာင့္ အိမ္၏ ေတာင္ဘက္တြင္ ဗူးပင္ စိုက္မိလွ်င္ ညအခါ ဗူးပင္မွလာေသာ ေလသည္ ‌ေလဆိုး၊ အဆိပ္ဓာတ္မ်ား ပါလာပါသည္။ ထိုေလမ်ားကို ၾကာၾကာရႉမိေသာအခါ က်န္းမာေရးထိခိုက္ ေရာဂါမ်ိဳးစုံ ဝင္ႏိုင္ပါသည္။

ထိုေၾကာင့္ပင္ မိမိအိမ္တြင္ ဗူးပင္ စိုက္ပ်ိဳးပါက အိမ္၏ ေတာင္ဘက္အရပ္တြင္ ဗူးပင္ မစိုက္ပ်ိဳးသင့္ေၾကာင္းကို "အိမ္ေတာင္လူမိုက္ ဗူးမစိုက္ႏွင့္" ဟူေသာ စာခ်ိဳးျဖင့္ ေရွးပညာရွိမ်ားက ဆုံးမခဲ့ပါေၾကာင္း။ Crd

Post a Comment

0 Comments