တခါတုန်းက ခြင်္သေ့တကောင်၊ မြည်းတကောင်နဲ့ မြေခွေးတကောင်တို့ဟာ မိတ်ဆွေဖွဲ့ပြီး အမဲလိုက် ထွက်ကြတယ်။
သူတို့တတွေဟာ တောကောင် တော်တော်များများ ရလာတဲ့အခါ ခြင်္သေ့က မြည်းကို ဝေစုခွဲဖို့ ပြောလိုက်တော့တယ်။
ထိုအခါ မြည်းကလည်း အညီအမျှ သုံးပုံ ပုံ၍ ကြိုက်ရာပုံကို ယူဆောင်စားသုံးဖို့ ခြင်္သေ့ကို ပြောလိုက်တယ်။ အဲဒီလို ပြောလိုက်တဲ့အခါ ခြင်္သေ့က မြည်းကို ဒေါသထွက်ပြီ ခုန်အုပ် ဝါးမျိုစားသောက် လိုက်တော့တယ်။
အဲဒီလို မြည်းကို စားသောက်ပြီးတဲ့ နောက်မှာ မြေခွေးကို ဝေစုခွဲဖို့ ပြောလိုက်ပြန်တော့တယ်။ ထိုအခါ မြေခွေးကလည်း သားကောင် အားလုံးနီးပါးကို အပုံကြီးကြီး တပုံ ပုံလိုက်၍ သူ့အတွက်တော့ အနည်းငယ်မျှကိုသာ ချန်ထားလိုက်တယ်။
ထို့နောက် မြေခွေးက ခြင်္သေ့ကို သူ့စိတ်ကြိုက် စားသောက်ဖို့ ပြောလိုက်တယ်။ ခြင်္သေ့က "ဒီလို ပုံနည်းကို ဘယ်သူက သင်ပေးတာလဲ" လို့ မြေခွေးကို မေးလိုက်တယ်။
မြေခွေးကလည်း "မြည်း ဘာဖြစ်သွားသလဲ ဆိုတာက သင်ပေးလိုက်တာပါ" လို့ ခြင်္သေ့ကို ပြန်ဖြေလိုက်တယ်။ Ref: The Lion, the Ass and the Fox
ကျနော်တို့ဟာ တခြားသူတွေရဲ့ ကံမကောင်းမှုတွေ ရှုံးနိမ့်မှုတွေကို လက်တွေ့ မြင်တွေ့တဲ့အခါ အသိပညာ အမြော်အမြင်တွေ ရရှိလာစေပါတယ်။
မှားယွင်းမှုတွေ ရှုံးနိမ့်မှုတွေ ကံမကောင်းမှုတွေကို မြင်တွေ့လာသောအခါ ထိုသူတို့ရဲ့ အသိပညာ ဉာဏ်အမြော်အမြင်တွေကို ကျနော်တို့ သင်ယူ ရရှိနိုင်ပါတယ်။
ဘယ်လို လုပ်လိုက်ရင် ဘယ်လိုမျိုး ရလဒ်တွေကို ရတတ်တယ်ဆိုတာလည်း သိမြင်တတ်မြောက် နေသောကြောင့် မှားယွင်းမှုတွေ ရှုံးနိမ့်မှုတွေ မဖြစ်အောင် သတိထား၍ လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။
မှားယွင်းမှုတွေ ကျရှုံးမှုတွေဟာ ကျနော်တို့ရဲ့ ဘဝအတွေ့အကြုံသာ ဖြစ်ပါတယ်။ အဲဒီအတွေ့အကြုံကို သင်ခန်းစာယူပြီး လက်တွေ့ဘဝမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစား လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ Crd
0 Comments