ဘဝမှာ ကြုံတွေ့ရတဲ့ နာကျည်းစရာ အတိတ်တွေ သောကတွေကို ဆုပ်ကိုင်ထားရင် ဘဝဟာ အရမ်းပင်ပန်းတယ်။
စိတ်ပျက်စရာတွေကိုသာ မြင်ပြီး စိတ်ညစ်အောင် တွေးနေရင် တနေကုန်တာတောင် တွေးလို့မကုန်တဲ့ အပူတွေက များလှတယ်။
ရှိသမျှအပူ ကိုယ့်ခေါင်းပေါ်ချည်း တင်ထားရင် ယူကြုံးမရ အပူလုံးကြွစရာ သောကတွေကို ခံစားရတတ်တယ်။
ဘဝဆိုတာ ကိုယ်ဆွဲချင်သလို ဆွဲဆန့်ချင်သလို ဆန့်လို့ မရနိုင်ဘူး။ ပျက်ချိန်တန်ရင် ဘာမှ တားဆီးမရနိုင်ဘူး။
ကိုယ်မျှော်လင့်သလို ဖြစ်မလာတဲ့အခါ ဘဝကို ရေစုန်မျောပစ်ချင်အောင် စိတ်ဓာတ်ကျတတ်တယ်။ စိတ်ဓာတ်ကျရင် ကိုယ့်အတွက် ရှုံးဖို့ တဝက် သေချာနေတာမို့ ဘာအကြောင်းကြောင့်မှ စိတ်ဓာတ်မကျပါနဲ့။
ဘယ်လောက်အဖြစ်ဆိုးတဲ့ အခြေအနေတွေ ကြုံနေပါစေ အသက် မသေသေးသရွေ့ ကိုယ့်ဘဝ မရှုံးသေးပါဘူး ဆိုတဲ့ စိတ်နဲ့နေပါ။ အချိန်တခုရောက်ရင် အားလုံး အဆင်ပြေသွားမှာပါ။
ကိုယ့်စိတ် မခိုင်လို့ ပြိုလဲကျရင် ထူမပေးမယ့်သူ မရှိနိုင်ဘူး။ လူတော်တော် များများဟာ ဘဝကို ကျားကန်ပြီး အလိုက်သင့် နေနေကြရလို့ပါ။
ဘဝတွေ ဘယ်လောက်ဆိုးဆိုး ငိုလို့ဝရင် အားယူထပြီး လောကဓံကို ဂရုမစိုက်တတ်တဲ့ အကျောတင်းတဲ့ ခပ်ချေချေ လူတယောက်ဖြစ်အောင် အားတင်းပြီး နေကြည့်ပါ။
ကိုယ်မျှော်မှန်းတဲ့ ဘဝဆိုတာ မဖြစ်သေးတာပဲ ရှိတယ်။ မဖြစ်နိုင်ဘူး ဆိုတာ မရှိပါဘူး။ ဒါကြောင့် အဆင်မပြေတာတွေ ကြုံတိုင်း စိတ်မညစ်နဲ့။ ကြိုးစားပြီး ရုန်းကန်မယ်။ အရှုံးမပေးပဲ ရှင်သန်မယ်။
တနေ့နေ့တော့ ကိုယ်မျှော်လင့်သလို သာယာလှပအေးချမ်းတဲ့ အနာဂတ်တခုကို ပိုင်ဆိုင်လာလိမ့်မယ်လို့ ယုံကြည်ထားလိုက်ပါ။ Crd
0 Comments