တခါတုန်းက အတွေးအခေါ် ပညာရှင်ကြီး တယောက်ကို လူတွေက မေးကြတယ်။ "ဆရာကြီး၊ ဆရာကြီးကို လမ်းမှန်ပေါ် ရောက်အောင် ဘယ်သူက လမ်းညွှန်လိုက်သလဲ"
အဲဒီလို မေးတော့ အတွေးအခေါ်ပညာရှင်ကြီးက "ခွေးပေါ့။ တနေ့ ရေအိုင်ဘေးမှာ ရပ်နေတဲ့ ခွေးတကောင်ကို ကျနော် တွေ့တယ်၊ သူတော်တော် ရေဆာနေပုံပါပဲ။
ရေသောက်ဖို့ သူ အကြိမ်ကြိမ် ကြိုးစားတယ်။ ဒါပေမယ့် အကြိမ်တိုင်းမှာ ရေသောက်ဖို့ ခေါင်းကိုငုံ့လိုက် ကြောက်ကြောက်နဲ့ နောက်ပြန်ဆုတ်လိုက် ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရေအိုင်ထဲမှာ နောက်ထပ် ခွေးတကောင်ကို သူ တွေ့နေလို့လေ။
နောက်ဆုံးမှာ သူဟာ ရေသောက်ချင်တဲ့စိတ်ကို လုံးဝ တားမရတော့တဲ့အခါ အကြောက်တရားကို ဖယ်ရှားပစ်လိုက်ပြီး ရေအိုင်ထဲကို ခုန်ချပစ်လိုက်တယ်။
အဲဒီလို ခုန်ချလိုက်တဲ့အခါ စောစောက သူမြင်နေရတဲ့ ရေထဲက ခွေးလည်း ပျောက်သွားတယ်။ ဒီတော့မှ သူ့ကို ဟန့်တားနေတာဟာ သူကိုယ်တိုင် ဖြစ်နေပါလား ဆိုတာ ခွေးဟာ သဘောပေါက်သွားတယ်။.
ဒါကိုကြည့်ပြီး ကျနော့်အတွက် အခက်အခဲ၊ အတားအဆီး၊ အဟန့်အတားကို ဖြစ်စေတာ ကျနော်ကိုယ်တိုင်ပဲ ဖြစ်တယ်ဆိုတဲ့ အသိတရားကို ရလိုက်လို့ပါပဲဗျာ" လို့ ဖြေပါတယ်။ crd
Zawgyi
ေ၇ကန္ထဲက ေခြး
တခါတုန္းက အေတြးအေခၚ ပညာရွင္ႀကီး တေယာက္ကို လူေတြက ေမးၾကတယ္။ "ဆရာႀကီး၊ ဆရာႀကီးကို လမ္းမွန္ေပၚ ေရာက္ေအာင္ ဘယ္သူက လမ္းၫႊန္လိုက္သလဲ"
အဲဒီလို ေမးေတာ့ အေတြးအေခၚပညာရွင္ႀကီးက "ေခြးေပါ့။ တေန႔ ေရအိုင္ေဘးမွာ ရပ္ေနတဲ့ ေခြးတေကာင္ကို က်ေနာ္ ေတြ႕တယ္၊ သူေတာ္ေတာ္ ေရဆာေနပုံပါပဲ။
ေရေသာက္ဖို႔ သူ အႀကိမ္ႀကိမ္ ႀကိဳးစားတယ္။ ဒါေပမယ့္ အႀကိမ္တိုင္းမွာ ေရေသာက္ဖို႔ ေခါင္းကိုငုံ႔လိုက္ ေၾကာက္ေၾကာက္နဲ႔ ေနာက္ျပန္ဆုတ္လိုက္ ျဖစ္ေနတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ေရအိုင္ထဲမွာ ေနာက္ထပ္ ေခြးတေကာင္ကို သူ ေတြ႕ေနလို႔ေလ။
ေနာက္ဆုံးမွာ သူဟာ ေရေသာက္ခ်င္တဲ့စိတ္ကို လုံးဝ တားမရေတာ့တဲ့အခါ အေၾကာက္တရားကို ဖယ္ရွားပစ္လိုက္ၿပီး ေရအိုင္ထဲကို ခုန္ခ်ပစ္လိုက္တယ္။
အဲဒီလို ခုန္ခ်လိုက္တဲ့အခါ ေစာေစာက သူျမင္ေနရတဲ့ ေရထဲက ေခြးလည္း ေပ်ာက္သြားတယ္။ ဒီေတာ့မွ သူ႔ကို ဟန႔္တားေနတာဟာ သူကိုယ္တိုင္ ျဖစ္ေနပါလား ဆိုတာ ေခြးဟာ သေဘာေပါက္သြားတယ္။.
ဒါကိုၾကည့္ၿပီး က်ေနာ့္အတြက္ အခက္အခဲ၊ အတားအဆီး၊ အဟန႔္အတားကို ျဖစ္ေစတာ က်ေနာ္ကိုယ္တိုင္ပဲ ျဖစ္တယ္ဆိုတဲ့ အသိတရားကို ရလိုက္လို႔ပါပဲဗ်ာ" လို႔ ေျဖပါတယ္။ crd
0 Comments