သဲကန္တာရထဲမှာ လမ်းပျောက်နေတဲ့အသက် ၈၄ နှစ်အရွယ်သခင်ကို ကယ်ဆယ်ရေးအဖွဲ့ဆီဦးဆောင်ခေါ်သွားပေးတဲ့ခွေးလေး

မက္ကစီကိုနိုင်ငံ၊ Sonora ပြည်နယ်မှာနေထိုင်တဲ့ အသက် ၈၄ နှစ်အရွယ် Gregorio Romero ဟာ သဲကန္တာရထဲမှာ တစ်ပတ်ကြာ လမ်းပျောက်နေခဲ့ပါတယ်။

အဘိုးအို Gregorio Romero ကို သူ့ရဲ့ခွေးလေး El Palomo က ကယ်တင်ပေးမယ့်သူတွေဆီကို လမ်းပြခေါ်သွားပေးခဲ့ပါတယ်။


အဘိုးအို Gregorio Romero က Moctezuma ရွာကို သွားဖို့ အိမ်ကနေ လမ်းလျှောက်ထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူ ပြန်မလာခဲ့ပါဘူး။

Gregorio Romero က အနီဂအနားက ရွာတွေကို သွားလည်နေကျဖြစ်ပြီး ရက်အနည်းငယ်ကြာရင် အိမ်ပြန်လာတတ်တာဖြစ်လို့ အိမ်က မိသားစုဝင်တွေက အစပိုင်းမှာ စိတ်မပူခဲ့ပါဘူး။


ဒါပေမယ့် ၄ ရက်ကြာသွားတဲ့အခါ အဘိုးအိုရဲ့တူတစ်ယောက်က ဦးလေးဖြစ်သူပျောက်နေကြောင်း အာဏာပိုင်တွေကို အကြောင်းကြားလိုက်ပါတယ်။

တစ်ပတ်ကြာတဲ့အထိလည်း အဘိုးအို Gregorio Romero ကို ပြန်မတွေ့ပါဘူး။ မက္ကဆီကိုအမျိုးသားကာကွယ်ရေးအဖွဲ့၊ ရဲ၊ အနှံ့ခံရှာတတ်တဲ့ခွေးတွေနဲ့ ရွာအနီးအနားအနှံ့လိုက်ရှာတာတောင် အဘိုးအိုကို ရှာမတွေခဲ့ပါဘူး။


ဒါပေမယ့် သစ္စာရှိပြီး လမ်းမှတ်မိတဲ့ခွေးလေးက သူ့သခင်ကို လူအများရှိရာဇရပ်တစ်ခုကို ဦးဆောင်ခေါ်သွားပေးခဲ့ပါတယ်။ အဲဒီကနေ အဘိုးအိုကို လိုက်ရှာပေးနေတဲ့ကယ်ဆယ်ရေးအဖွဲ့နဲ့ တွေ့သွားခဲ့ပါတယ်။


အဘိုးအိုက အသက်ကြီးလာတဲ့အတွက်ကြောင့်မှတ်ဉာဏ်အားနည်းလာပြီး လမ်းပျောက်သွားခဲ့တာပါ။ ဘယ်ကို သွားလို့ သွားနေခဲ့မှန်းတောင် သတိမရတော့ပါဘူး။ နောက်ဆုံးမှာတော့ အဘိုးအိုရဲ့သစ္စာရှိတဲ့ခွေးလေးကြောင့် အိမ်ကို ပြန်ရောက်လာခဲ့ပါတယ်။


အာဟာရဓာတ်နဲ့ ရေဓာတ်အားနည်းနေတဲ့အဘိုးအိုကိုတော့ ချက်ချင်းပဲ ဆေးရုံတင်လိုက်ရပါတယ်။ ဆေးရုံ ၂ ရက်ကြာ တက်ပြီးနောက်မှာတော့ ပြန်လည်လမ်းလျှောက်လာနိုင်ပါတယ်။

သစ္စာရှိတဲ့ခွေးလေးက သူ့သခင် ဆေးရုံတက်နေတဲ့အချိန်မှာ တံခါးအပြင်မှာ နေ့ရောညပါ ထိုင်စောင့်ပေးနေခဲ့ပါတယ်။


ခွေးလေးရဲ့သစ္စာရှိမှုကြောင့် အဘိုးအိုက မိသားစုနဲ့ ပြန်လည်ဆုံတွေ့ခွင့်ရသွားခဲ့ပါတယ်။ ခွေးလေးကိုလည်း ရဲအာဏာပိုင်တွေက Twitter မှာ ဓာတ်ပုံလေးတင်ပြီးတော့ ချီးကျူးစကားဆိုထားပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments