ထိပ်ပြောင်နေတဲ့သူတွေအတွက် ဆံပင်ပြန်လည်ပေါက်လာစေမယ့် သဘာဝနည်းလမ်း (၈) ခု

ဆံပင်ကျွတ်တာကို အမျိုးသမီးတွေတင်မကဘဲ အမျိုးသားတွေလည်း ခံစားရပါတယ်။ ဆံပင်ကျွတ်တာက မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်နေပါတယ်။

အဲဒါကြောင့် အမျိုးသမီးတွေသာမက အမျိုးသားတွေအတွက်လည်း ဆံပင်ကျွတ်ပါများရင် ဆံပင်တွေ သဘာဝအတိုင်းပြန်ပေါက်လာစေမယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ လက်ဖက်စိမ်း

လက်ဖက်ဆီက ဦးရေပြားကို အားဖြည့်ပေးပြီး ဆံပင်တွေ ပြန်လည်သန်လာစေပါတယ်။ လက်ဖက်ဆီကို တစ်ပတ်ခန့်ပုံမှန်လိမ်းပေးရုံနဲ့ သိသာတဲ့ရလဒ်ကို ရရှိစေမှာပါ။ လက်ဖက်ဆီက ဦးရေပြားက သွေးလည်ပတ်မှုကို အားကောင်းစေတာကြောင့်ပါ။

၂။ ကြက်သွန်နီအရည်

ကြက်သွန်နီရဲ့အနံ့ကတော့ အရမ်းပြင်းပါတယ်။ ဒါပေမယ့် ကြက်သွန်နီကို ညှစ်ထားတဲ့အရည်ကတော့ ဆံပင်တွေ ပြန်ပေါက်လာစေပါတယ်။

ကြက်သွန်နီက ဦးရေပြားရဲ့သွေးလည်ပတ်မှုကို တိုးတက်စေပါတယ်။ ကြက်သွန်နီအရည်ကို ခေါင်းမလျှောက်ခင် ၁၅ မိနစ်ခန့်အလိုမှာ လိမ်းပေးထားရုံပါပဲ။

၃။ ကြက်ဥအနှစ်

ကြက်ဥအနှစ်မှာ sulfur ပါဝင်ပြီး sulfar က ဆံပင်သန်စွမ်းဖို့ မရှိမဖြစ် အရေးပါပါတယ်။ ကြက်ဥနအနှစ်သုံးလုံးကို သံပုရာ ၃ စက်နဲ့ရောပြီး ဦးရေပြားထဲအထိ စိမ့်ဝင်အောင် လိမ်းပေးပါ။ ပြီးနောက် ရေချိုးဦးထုပ်ဆောင်းထားပြီး မိနစ် ၂၀ ခန့် ကြာတဲ့အခါ ခေါင်းလျှော်လိုက်လို့ရပါပြီ။

၄။ ဂျင်ဆင်း

ဂျင်ဆင်းမှာ ဆံပင်အတွက် အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ ဂျင်ဆင်းက ဆံသားမွေးညှင်းပေါက်လေးတွေကို လှုံ့ဆော်ပေးပါတယ်။ ဂျင်ဆင်းကို ဖြည့်စွက်အစာအဖြစ်လည်း သောက်သုံးလို့ရပါတယ်။ ဒါပေမယ့် မသောက်သုံးခင်မှာတော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၅။ ရွှေဖရုံစေ့အဆီ

၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုအရ ရွှေဖရုံစေ့အဆီ ၄၀၀ ml ကို ၆ လခန့်လိမ်းပေးတဲ့အမျိုးသားတွေမှာ ထိပ်ပြောင်တာမရှိတော့ဘဲ ဆံပင်ပြန်ပေါက်လာတာကို တွေ့ရပါတယ်။

ရွှေဖရုံစေ့ကနေ ထုတ်ထားတဲ့အဆီကို ဦးရေပြားထဲအထိ စိမ့်ဝင်အောင် လိမ်းပေးပြီး နှိပ်နယ်ပေးပါ။ မိနစ် ၂၀ ခန့် ထားပြီးနောက်မှာ ခေါင်းလျှော်လိုက်လို့ရပါပြီ။

၆။ နွယ်ချိုမြစ်

နွယ်ချိုမြစ်မှာ flavonoids, phytoestrogens နဲ့ အခြားသော ရနံ့ဆီတွေ ပါဝင်ပါတယ်။ အဲဒါကြောင့် ဆံပင်ပြန်လည်သန်စွမ်းလာဖို့ အများကြီး အထောက်အကူဖြစ်စေပါတယ်။

နွယ်ချိုမြစ်ကို ရေနွေးထဲမှာ ထည့်ပြီး သောက်လို့လည်း ရပါတယ်။ ဆံပင်အရောင်မလှတာ၊ ဗောက်ထတာ၊ ဆံပင်အဖျားနှစ်ခွဖြစ်တာတို့အတွက်လည်း နွယ်ချိုမြစ်က သက်သာစေပါတယ်။

၇။ ငရုတ်သီးမှုန့်

ငရုတ်သီးမှုန့်က သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ ငရုတ်သီးမှုန့်ကို သံလွင်ဆီနဲ့ ရောပြီးတော့ ဦးခေါင်းမှာ လိမ်းပေးပါ။ ၁၅ မိနစ်ခန့်ကြာပြီးရင် ခေါင်းလျှော်လို့ရပါပြီ။ ဒါပေမယ့် ဒီနည်းကိုတော့ လူအများစုက မကြိုက်ကြပါဘူး။

၈။ ဆေးထန်းပင်အသီး

ဆေးထန်းပင်အသီးက ထိပ်ပြောင်တဲ့အမျိုးသားတွေကိုတောင် ဆံပင်ပြန်လည်ပေါက်လာစေပါတယ်။ ဆေးထန်ပင်သီး ၃၂၀ mg ကို နေ့စဉ် နှစ်နှစ်ခန့် စားသုံးပေးတဲ့အခါ ဆံပင်ကျွတ်တာတွေ သက်သာပြီး ဆံပင်အသစ်တွေ ပြန်ပေါက်လာပါတယ်။ ဒါ့အပြင် ဆံပင်တွေကိုလည်း ပြန်လည်နက်မှောင်လာစေပါတယ်။

Bonus

- ဆံပင်ကို တင်းတင်းကြပ်ကြပ် စည်းတာက ဆံပင်ပိုကျွတ်စေပါတယ်။

- ဆံပင်ကို အပူပေးပြီး ဖြောင့်တာ၊ ကောက်တာ၊ ပုံသွင်းတာတို့ကြောင့် ဆံပင်တွေ ကျွတ်လာပါတယ်။

- ဆံပင်ကျွတ်တာ သက်သာဖို့ ဆံပင်ဆေးဆိုးတာကို လျှော့နိုင်ပါတယ်။

- အပြင်သွားတဲ့အခါ ထီး သို့မဟုတ် ဦးထုပ်ဆောင်းပါ။

- ဆံပင်ကို အဖျားကနေစပြီး ညင်ညင်သာသာ ဖြီးပေးခြင်းက ဆံပင်ကျွတ်တာကို နည်းပါးသွားစေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments