ဆိတ်ကျောင်းသားနှင့် ထင်းခုတ်သမား

၁။ သင်က ထင်းခုတ်သွားတယ်။ သူက ဆိတ်ကျောင်းသွားတယ်။ သင်တို့နှစ်ယောက် တရက်လုံး ထိုင်စကားပြော နေကြတယ်။ သူ့ဆိတ်တွေက မြတ်တွေစားလို့ ဝသွားပြီ၊ သင် ထင်းမရလိုက်ပါ။

သင်ခန်းစာ (၁) မလိုအပ်သော လူမှုဆက်ဆံရေးတွေကို စွန့်လွှတ်ပါ

၂။ ထင်းခုတ်တဲ့ လူနဲ့ ဆိတ်ကျောင်းတဲ့ လူနဲ့ တနေ့လုံး စကား ပြောဖြစ်ပါတယ်။ အပြင်ပန်းက ကြည့်ရင် ထင်းခုတ်တဲ့လူ ဘာမှ မရလိုက်ပါဘူး။

ဒါပေမဲ့ စကားပြောတာ ကနေတဆင့် ဘယ်တောင်ကျောမှာ ထင်းပေါတယ်၊ ဘယ်လမ်းကြောက လမ်းသာတယ်၊ ဘယ်နေရာက သွားရတာ ခက်တယ်၊ ဆူးပင်တွေချည်း စတဲ့ သတင်းတွေကို ထင်းခုတ်သူ ရလာခဲ့ပါတယ်။ နောက်တရက်က စပြီး သူ ထင်းကောင်းတွေ တော်တော်များများ ရခဲ့ပါတယ်။

သင်ခန်းစာ (၂) လူမှုဆက်ဆံရေးဟာ အရေးကြီးသလို လူမှန်ပေါင်းမိရင် လမ်းမှန် ပိုရောက်လွယ်တယ်။

၃။ သင်က ထင်းခုတ်တယ်။ သူက ဆိတ်ကျောင်းတယ်။ သင်တို့ သူငယ်ချင်း ဖြစ်သွားတယ်။ စကား အကြာကြီး ပြောဖြစ်တယ်။ သင် သူ့ဆီကနေ ဆိတ်ကျောင်းခြင်း အတတ်ပညာ တတ်မြောက် သွားတယ်။ သူ သင့်ဆီက ထင်းခုတ်တဲ့ပညာ တတ်မြောက် သွားတယ်။

သင်ခန်းစာ (၃) နေရာတိုင်းမှာ သင်ယူစရာချည်းပါ။

၄။ သင်က ထင်းခုတ်တယ်။ သူက ဆိတ်ကျောင်းတယ်။ သင်သူနဲ့ တရက်လုံး စကားပြော ဖြစ်တယ်။ သူ့ ဆိတ်အချို့နဲ့ သင့်ထင်းနဲ့ လဲလှယ်ဖြစ်တယ်။ သင် ဆိတ် ပိုင်ဆိုင်သွားတယ်။ သူလည်း ထင်း ပိုင်ဆိုင် သွားတယ်။

သင်ခန်းစာ (၄) တန်ဖိုးတူ ဖလှယ်ခြင်းပါ။ ဘယ်သူ့ကိုမှ အထင် မသေးပါနှင့်၊ လူတိုင်း သူ့တန်ဖိုးနဲ့ သူပါ။

၅။ သင်က ထင်းခုတ်တယ်။ သူက ဆိတ် ကျောင်းတယ်။ သင်တို့ တရက်လုံး စကားပြော ဖြစ်တယ်။ သူက ဆိတ်ဝယ်တဲ့ ဖေါက်သည်ကို သင့်ကို မိတ်ဆက် ပေးတယ်။

သင်က ထင်းဝယ်တဲ့ ဖေါက်သည် သူ့ကို မိတ်ဆက်ပေးတယ်။ သင်တို့ နှစ်ဦးစလုံး အလုပ် ပိုတွင်ကျယ် လာပါတယ်။

သင်ခန်းစာ (၅) အရင်းအမြစ် စုဆောင်းတတ်ခြင်းဟာ စီးပွားရေးအတွက် အရေးကြီးသည်။

၆။ သင်က ထင်းခုတ်တယ်။ သူက ဆိတ်ကျောင်းတယ်။ သင်တို့ တရက်လုံး စကားပြော ဖြစ်တယ်။ သင်တို့ ၂ ဦး ပူးပေါင်းပြီး ဆိတ်သားကင်ဆိုင် တဆိုင်ကို ဖွင့်ဖို့ ကြိုးစားကြတယ်။

သင် အကောင်းမွန်ဆုံး ထင်းကို ရှာဖွေ နိုင်တယ်။ သူဆိတ်သားက သဘာဝအသား ဖြစ်တယ်။ သင်တို့ အောင်မြင်သွားတယ်။

သင်ခန်းစာ (၆) ပြည့်စုံတဲ့လူ မရှိပါ။ ပြည့်စုံတဲ့ အသင်းသာ ရှိပါသည်။ Aung Ko Latt

Post a Comment

0 Comments