လွှတ်ချလိုက်ပါတော့

တခါတုန်းက ဘုန်းကြီးနှစ်ပါးဟာ တောထဲမှာ တရားအားထုတ်ဖို့ သွားပါသတဲ့။ လမ်းခရီးမှာ ချောင်းတချောင်းကို တွေ့ပြီး ချောင်းကမ်းစပ်မှာ အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ထားတဲ့ မိန်းကလေးတယောက်လည်း တွေ့သတဲ့။

ရေက မတိမ်တဲ့ အတွက် ချောင်းကူးရင် သူ့အဝတ်အစားတွေ စိုကုန်မှာ စိုးလို့ မိန်းကလေးက စိတ်ညစ်နေသတဲ့။

ဘုန်းကြီးတပါးဟာ မပြောမဆို မိန်းကလေးကို ထမ်းပြီး ချောင်းကို ကူးခဲ့တယ်။ တဖက်ကမ်း ရောက်တော့ မိန်းကလေးကို ချောင်းစပ်မှာ ချပြီး ခရီးဆက်ပြန် သတဲ့။

ခရီးဆက်ပြီး တနာရီအကြာမှာ နောက်ဘုန်းကြီးတပါးက မအောင့်နိုင်ဘဲ မေးသတဲ့။

"ဘုန်းကြီးဆိုတာ ဒကာမတွေနဲ့ နီးနီးကပ်ကပ် မနေသင့်ဘူး။ အခုနားက ကိုယ်တော်ရဲ့ အပြုအမူဟာ အပြစ်ကြီး တခုကို ကျူးလွန်ခဲ့သလိုပဲ"

ထိုအခါ အမေးခံရတဲ့ ဘုန်းကြီးက "ကျွန်ုပ်က လွန်ခဲ့တဲ့ တနာရီကတည်းက သူ့ကို ကမ်းစပ်မှာ ချပေးခဲ့ပြီးပြီ။ ကိုယ်တော်က ဘာဖြစ်လို့ သူ့ကို အခုထက်ထိ ထမ်းထားသေးတာလဲ" လို့ ပြန်ပြောလိုက်သတဲ့။

တခြားသူက ပေးတဲ့ စိတ်ဆင်းရဲစရာ၊ ဝမ်းနည်း ဒေါသတွေကို ထမ်းထားတုန်းလား။ ဒါမှမဟုတ် စိုးရိမ်ကြောင့်ကျမှုတွေကို လွယ်ပိုးထားတုန်းလား။

လွှတ်ချခဲ့လိုက်ပါ။ ဒါမှ ရှေ့ကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ခရီးဆက်နိုင် ပါလိမ့်မယ်။ 99snay

Zawgyi

လြွတ္ခ်လိုက္ပါေတာ့

တခါတုန္းက ဘုန္းႀကီးႏွစ္ပါးဟာ ေတာထဲမွာ တရားအားထုတ္ဖို႔ သြားပါသတဲ့။ လမ္းခရီးမွာ ေခ်ာင္းတေခ်ာင္းကို ေတြ႕ၿပီး ေခ်ာင္းကမ္းစပ္မွာ အဝတ္အစား သပ္သပ္ရပ္ရပ္ ဝတ္ထားတဲ့ မိန္းကေလးတေယာက္လည္း ေတြ႕သတဲ့။

ေရက မတိမ္တဲ့ အတြက္ ေခ်ာင္းကူးရင္ သူ႔အဝတ္အစားေတြ စိုကုန္မွာ စိုးလို႔ မိန္းကေလးက စိတ္ညစ္ေနသတဲ့။

ဘုန္းႀကီးတပါးဟာ မေျပာမဆို မိန္းကေလးကို ထမ္းၿပီး ေခ်ာင္းကို ကူးခဲ့တယ္။ တဖက္ကမ္း ေရာက္ေတာ့ မိန္းကေလးကို ေခ်ာင္းစပ္မွာ ခ်ၿပီး ခရီးဆက္ျပန္ သတဲ့။

ခရီးဆက္ၿပီး တနာရီအၾကာမွာ ေနာက္ဘုန္းႀကီးတပါးက မေအာင့္ႏိုင္ဘဲ ေမးသတဲ့။ "ဘုန္းႀကီးဆိုတာ ဒကာမေတြနဲ႔ နီးနီးကပ္ကပ္ မေနသင့္ဘူး။ အခုနားက ကိုယ္ေတာ္ရဲ႕ အျပဳအမူဟာ အျပစ္ႀကီး တခုကို က်ဴးလြန္ခဲ့သလိုပဲ"

ထိုအခါ အေမးခံရတဲ့ ဘုန္းႀကီးက "ကြၽႏ္ုပ္က လြန္ခဲ့တဲ့ တနာရီကတည္းက သူ႔ကို ကမ္းစပ္မွာ ခ်ေပးခဲ့ၿပီးၿပီ။ ကိုယ္ေတာ္က ဘာျဖစ္လို႔ သူ႔ကို အခုထက္ထိ ထမ္းထားေသးတာလဲ" လို႔ ျပန္ေျပာလိုက္သတဲ့။

တျခားသူက ေပးတဲ့ စိတ္ဆင္းရဲစရာ၊ ဝမ္းနည္း ေဒါသေတြကို ထမ္းထားတုန္းလား။ ဒါမွမဟုတ္ စိုးရိမ္ေၾကာင့္က်မႈေတြကို လြယ္ပိုးထားတုန္းလား။ လႊတ္ခ်ခဲ့လိုက္ပါ။ ဒါမွ ေရွ႕ကို လြတ္လြတ္လပ္လပ္ ေပါ့ေပါ့ပါးပါး ခရီးဆက္ႏိုင္ ပါလိမ့္မယ္။ 99snay

Post a Comment

0 Comments