ဆင်နှင့် ပိတုန်း

သိပ္ပံပညာရှင်များရဲ့ လေ့လာချက်အရ ပိတုန်းဟာ လေပေါ်ပျံတက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။ ပိတုန်းရဲ့ အတောင်ပံဟာ အရမ်းသေးငယ်ပြီး ခန္ဓာကိုယ်က ပိုကြီးတဲ့အတွက် ဖြစ်ပါတယ်တဲ့။

သူ့အတောင်ပံက သူခန္ဓာကိုယ်ကို သယ်ပြီး ပျံသန်းဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။ ဒါပေမယ့် ပိတုန်းက ဘာလို့ လေပေါ်ပျံနိုင်လဲ။ စိတ်ဝင်စားစရာပါ။

ပိတုန်းက သူ မပျံနိုင်တာကို မသိပဲနဲ့ ကြိုးစား ပျံသန်းရင်းနဲ့ ပျံလို့ရသွားတာပါတဲ့။ သဘောက ကိုယ့်ကို သဘာဝတရားအရ ကန့်သတ်ထားတာကို မသိပဲ ကြိုးစားပြုလုပ်ရင်းက လုပ်လို့ ရသွားတာပါ။

နောက်ထပ် စိတ်ဝင်စားစရာ တိရိစ္ဆာန်က ဆင်ပါ။ ဆင်တွေကို သံကြိုးနဲ့ ချည်ပြီး ချွန်းနဲ့ထိုးကာ ခိုင်းကြပါတယ်။ တကယ်ကဆင်ကို ချည်ထားတဲ့ သံကြိုးကို ဆင်အားနဲ့ တချက်ရုန်းလိုက်ရင် သံကြိုးပြတ်ပြီးအနှောင်အဖွဲ့က လွတ်မြောက်သွားနိုင်ပါတယ်တဲ့။

ဒါပေမယ့် ဆင်တွေ အနေနဲ့ မရုန်းကြည့် ကြပါဘူးတဲ့။ သူတို့ရုန်းလဲ လွတ်မယ် မထင်လို့ပါတဲ့။ ဘာလို့ သူတို့ အဲဒီလိုထင်လဲ ဆိုတော့ ဆင်တွေကို ငယ်စဉ်ကတည်းက ခိုင်ခံ့တဲ့ ကြိုးနဲ့ ချည်နှောင်ထား ခဲ့ပါတယ်။ သူတို့ကြိုးစား ရုန်းကြည့်ပေမဲ့ မရပါဘူး။

အဲဒီလို ငယ်စဉ်ကတည်းက ရိုက်သွင်းထားတဲ့ အတွက် ဆင်တွေကြီးလာလို့ ခွန်အားနဲ့ ပြည့်စုံချိန်မှာလည်း ငါ့တို့ ဒီသံကြိုးက လွတ်မှာ မဟုတ်ပါဘူးလို့ ယုံကြည်ပြီး ရုန်းမကြည့်တော့တာပါတဲ့။

ဒီတိရိစ္ဆာန် နှစ်မျိုးက ဘာတွေ သင်ယူနိုင်မလဲ ဆိုတော့ ပိတုန်းလို သဘာဝတရားကြီးက ကန့်သတ်ထား တာတောင် ကြိုးစားပြုလုပ်ရင်းက လုပ်လို့ ရသွားတယ်။

ဆင်ကတော့ ကိုယ့်မှာ လုပ်နိုင်စွမ်း ရှိတာတောင် ကိုယ်လုပ်နိုင်တာ မယုံကြည်တဲ့အတွက် မလုပ်ကြည့်တော့ပါဘူးတဲ့။

တကယ်တော့ ကျနော်တို့တွေမှာ ပိတုန်းလို လူတွေလည်း ရှိပါတယ်။ ဒါကြောင့် ရိုက်ညီနောင်တို့လို လေယာဉ်ပျံ တီထွင်တဲ့သူတွေ၊ မီးလုံးတီထွင်တဲ့ အက်ဒီဆင်တို့လို သူတွေ၊ ဂရေဟမ်ဘဲလ်လို တယ်လီဖုန်း ထွင်တဲ့သူတွေဟာ မဖြစ်နိုင်ဘူးထင်တဲ့ အရာတွေကို လုပ်ပြနိုင်တဲ့သူတွေ ဖြစ်လာတာပါ။

ဆင်လိုမျိုး အရည်အချင်းတွေ ရှိတယ် ဒါပေ့မယ် မလုပ်ကြည့်တဲ့အတွက် မလုပ်နိုင်ဘူး ထင်တဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ရည်မှန်းချက် အသစ်တွေချပါ ကြိုးစား အကောင်အထည် ဖော်ပါ။

ပိတုန်းတွေလို တိရိစ္ဆာန်ကတောင် သဘာဝတရားက ကန့်သတ်ချက်ကို လွန်ဆန်နိုင်ရင် ကျနော်တို့လို လူသားတွေက ကိုယ့်ဘဝမှာ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ရည်မှန်းချက်တွေ ဘာကြောင့် ကြိုးစားအကောင်အထည် မဖော်နိုင်ရမှာလဲဗျာ။ crd

Post a Comment

0 Comments