ဆံပင်အဖျားတွေ နှစ်ခွဖြစ်တာက မိန်းကလေးတိုင်းလိုလို ကြုံတွေ့ရတဲ့အရာပါ။ ဆံပင်ရှည်တဲ့အမျိုးသမီးတွေမှာ ဆံဖျားတွေက နှစ်ခွပိုဖြစ်ကြပါတယ်။
ဆံပင်အဖျားနှစ်ခွဖြစ်တာတွေကို သက်သာစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ဆံပင်ကို ညင်ညင်သာသာ ဖြီးပါ။
ဆံပင်ကို ညင်ညင်သာသာဖြီးတဲ့အခါ ဆံပင်ရဲ့သဘာဝအဆီတွေက ဦးရေပြားကနေ အဖျားအထိ ပျံ့နှံ့သွားပါတယ်။ ဆံပင်စိုနေတဲ့အချိန်မှာ ခေါင်းဖြီးရင် ဆံဖျားတွေ နှစ်ခွပိုဖြစ်လာပါတယ်။
ဆံပင်လည်း ပိုကျွတ်လာပါတယ်။ Hair spry ဖျန်းပြီးမှာ ဆံပင်ကို ဖြီးရင်လည်း ဆံဖျားနှစ်ခွဖြစ်တာတွေ သက်သာပါတယ်။
၂။ ဆံပင်ကို ခဏခဏ အပူပေးပြီး ပုံမသွင်းသင့်ပါဘူး။
ဆံပင်ကို အပူပေးပြီး ခဏခဏကောက်ရင်၊ ဖြောင့်ရင် ဆံသားတွေ အားနည်းလာပါတယ်။ ဆံပင်အတွက် conditioner ကိုလည်း အသုံးပြုသင့်ပါတယ်။ ဆံပင်ကို လေမှုတ်စက်နဲ့ အမြဲတမ်းမမှုတ်ဘဲ တစ်ခါတရံမှာ သဘာဝလေနဲ့ အခြောက်ခံပါ။
၃။ ခေါင်းလျှော်ရည်ပြောင်းလဲပြီးတော့ သုံးပါ။
ဆံသားကို အားဖြည့်ပေးမယ့်၊ အစိုဓာတ်ဖြည့်ပေးမယ့် ခေါင်းလျှော်ရည်ကို ပြောင်းလဲပြီးတော့ အသုံးပြုနိုင်ပါတယ်။
ဆံပင်ရဲ့လိုအပ်ချက်ပေါ်မှာ မူတည်ပြီး ခေါင်းလျှော်ရည်ရွေးချယ်တာက ဆံသားနှစ်ခွဖြစ်တာကို နည်းပါးသွားစေမှာပါ။ ခေါင်းလျှော်တဲ့အခါမှာလည်း ရေအေးကိုသာ အသုံးပြုသင့်ပါတယ်။
၄။ ဆံပင်ကို ဆီလိမ်းပေးပါ။
ဆံပင်တွေမှာ ရေဓာတ်နည်းနေရင် ဖြီးလိုက်တဲ့အခါ ဖွာပြီး ဆံသားတွေ နှစ်ခွဖြစ်လာပါတယ်။ ဆံသားရဲ့အဖျားတွေကို ဆီလိမ်းပေးတာက အဖျားနှစ်ခွဖြစ်တာကို သက်သာသွားစေပါတယ်။ ဆံသားတောက်ပပြီး သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းတဲ့ဆံပင်ကိုလည်း ရရှိလာမှာပါ။
Zombie (lovemedia)
0 Comments