အောက်တန်းစားတို့၏ စိတ်ဓာတ်

သူတပါး၏ ကိုယ်ကျင့်သိက္ခာကို အပုတ်ချလိုသည့် သဘောဖြင့် မမှန်မကန် ကဲ့ရဲ့ပြစ်တင်တတ်သော စိတ်ဓာတ်။

သူတပါးရဲ့ မကောင်းကြောင်းကို အဆမတန် ချဲ့ကားပြောဆိုကာ မိမိကောင်းကြောင်းကိုသာ ထပ်တလဲလဲ ပြောဆိုတတ်သော စိတ်ဓာတ်။

နည်းနည်းလုပ်ပြပြီး လုပ်ပြသည်နှင့် မတန်အောင် ပြန်ပြီး အကျိုးထူးခံစားခွင့် ရချင်လိုချင်သော စိတ်ဓာတ်။ ကိုယ့်ထက်သာသူကို မနာလို ဝန်တိုမှု အပြည့်နဲ့ တိုက်ခိုက် စော်ကားလိုသည့် စိတ်ဓာတ်။

ကိုယ်အောက်နိမ့်ကျသူအား ဖိနှိပ်စော်ကားပြီး ပါဝါပြကာ ဂုဏ်မောက်နေတတ်သော စိတ်ဓာတ်။ တပါးသူ၏ ခံစားချက်ကို နည်းနည်းမှ ထည့်မတွက်ဘဲ ကိုယ်ပြောချင်ရာ ပြောကာ လုပ်ချင်ရာကို တဇွတ်ထိုး လုပ်တတ်သော စိတ်ဓာတ်။

ရှေ့လျှင် တမျိုး ကွယ်ရာတဖုံ စကားကို ဗလောင်းဗလဲ ပြောကာ ချွန်တုံးလုပ်တတ် ကုန်းတိုက်တတ်သော စိတ်ဓာတ်။ မောက်မာရိုင်းဆိုင်းပြီး ဆဲဆို အော်ဟစ်ဖို့ ဝန်မလေးဘဲ အရှက်အကြောက် ကင်းမဲ့နေတတ်သော စိတ်ဓာတ်။

အားနည်းသူအား ထုထောင်း၍ အားကြီးသူအား ကပ်ဖားယက်ဖားလုပ်၊ နေရာယူတတ် ဂွင်ရိုက်တတ်သော စိတ်ဓာတ်။ အခွင့်အရေးဆို လိုတာထက် ပိုပြီး ယူတတ်သလောက် အနစ်နာခံဖို့ကြ တွန့်ဆုတ် တွေဝေတတ်သော စိတ်ဓာတ်။

ကိုယ်ကိုယ့်ကို အထင်ကြီး လွန်းပြီး တပါးသူလုပ်သမျှကိုတော့ အကောင်းမမြင် အကောင်းမထင်ဘဲ ပုတ်ခတ် စော်ကားလိုသည့် စိတ်ဓာတ်။ ထိုကဲ့သို့သော စိတ်ဓာတ်ရှိသူများကို ဝေးဝေးရှောင်ပါလို့ တိုက်တွန်းပါရစေ။ Crd

Zawgyi

ေအာက္တန္းစားတို့၏ စိတ္ဓာတ္

သူတပါး၏ ကိုယ္က်င့္သိကၡာကို အပုတ္ခ်လိုသည့္ သေဘာျဖင့္ မမွန္မကန္ ကဲ့ရဲ႕ျပစ္တင္တတ္ေသာ စိတ္ဓာတ္။ သူတပါးရဲ႕ မေကာင္းေၾကာင္းကို အဆမတန္ ခ်ဲ႕ကားေျပာဆိုကာ မိမိေကာင္းေၾကာင္းကိုသာ ထပ္တလဲလဲ ေျပာဆိုတတ္ေသာ စိတ္ဓာတ္။

နည္းနည္းလုပ္ျပၿပီး လုပ္ျပသည္ႏွင့္ မတန္ေအာင္ ျပန္ၿပီး အက်ိဳးထူးခံစားခြင့္ ရခ်င္လိုခ်င္ေသာ စိတ္ဓာတ္။ ကိုယ့္ထက္သာသူကို မနာလို ဝန္တိုမႈ အျပည့္နဲ႔ တိုက္ခိုက္ ေစာ္ကားလိုသည့္ စိတ္ဓာတ္။

ကိုယ္ေအာက္နိမ့္က်သူအား ဖိႏွိပ္ေစာ္ကားၿပီး ပါဝါျပကာ ဂုဏ္ေမာက္ေနတတ္ေသာ စိတ္ဓာတ္။ တပါးသူ၏ ခံစားခ်က္ကို နည္းနည္းမွ ထည့္မတြက္ဘဲ ကိုယ္ေျပာခ်င္ရာ ေျပာကာ လုပ္ခ်င္ရာကို တဇြတ္ထိုး လုပ္တတ္ေသာ စိတ္ဓာတ္။

ေရွ႕လွ်င္ တမ်ိဳး ကြယ္ရာတဖုံ စကားကို ဗေလာင္းဗလဲ ေျပာကာ ခြၽန္တုံးလုပ္တတ္ ကုန္းတိုက္တတ္ေသာ စိတ္ဓာတ္။ ေမာက္မာ႐ိုင္းဆိုင္းၿပီး ဆဲဆို ေအာ္ဟစ္ဖို႔ ဝန္မေလးဘဲ အရွက္အေၾကာက္ ကင္းမဲ့ေနတတ္ေသာ စိတ္ဓာတ္။

အားနည္းသူအား ထုေထာင္း၍ အားႀကီးသူအား ကပ္ဖားယက္ဖားလုပ္၊ ေနရာယူတတ္ ဂြင္႐ိုက္တတ္ေသာ စိတ္ဓာတ္။ အခြင့္အေရးဆို လိုတာထက္ ပိုၿပီး ယူတတ္သေလာက္ အနစ္နာခံဖို႔ၾက တြန႔္ဆုတ္ ေတြေဝတတ္ေသာ စိတ္ဓာတ္။

ကိုယ္ကိုယ့္ကို အထင္ႀကီး လြန္းၿပီး တပါးသူလုပ္သမွ်ကိုေတာ့ အေကာင္းမျမင္ အေကာင္းမထင္ဘဲ ပုတ္ခတ္ ေစာ္ကားလိုသည့္ စိတ္ဓာတ္။ ထိုကဲ့သို့ေသာ စိတ္ဓာတ္ရွိသူမ်ားကို ေဝးေဝးေရွာင္ပါလို့ တိုက္တြန္းပါရေစ။ Crd

Post a Comment

0 Comments