စိန်ဖြစ်သွားသော မျက်ရည်များ

တခါတုန်းက ဘုရင်ကြီးတပါးမှာ သမီးတော် နှစ်ပါးရှိသတဲ့။ အဲဒီ သမီးတော်လေးတွေ ငိုရင် မျက်ရည်တွေဟာ စိန်ပွင့်တွေ ဖြစ်ဖြစ်သွားတယ်တဲ့။

ပထမ မင်းသမီးကတော့ မင်းသားလေးတပါးနဲ့ လက်ထပ်လိုက်ပြီး သူမရဲ့ မျက်ရည်ကဖြစ်တဲ့ စိန်ပွင့်တွေနဲ့ ရဲတိုက်တွေ တခုပြီးတခု ဆောက်ပြီး နေထိုင်ကြပါတယ်။ မင်းသမီးငယ်လေးကတော့ သိုးကျောင်းသား တယောက်နဲ့ လက်ထပ်လိုက်ပါတယ်။

ဘုရင်ကြီး နတ်ရွာစံခါနီးမှာ သမီးတော်၂ ပါးကို ခေါ်ပြီး တွေ့ပါတယ်။ သမီးကြီးနဲ့ မင်းသားလေးတို့မှာ ရွှေငွေရတနာ လက်ဝတ်လက်စားတွေ အပြည့်နဲ့ တွေမြင်နေရပြီး သမီးငယ်နဲ့ သိုးကျောင်းသားကတော့ ဆင်းရဲမြဲ ဖြစ်နေတာကို တွေ့ရပါတယ်။

အဲဒီတော့ ဘုရင်ကြီးက အံ့အားသင့်စွာနဲ့ "သမီးငယ်ရဲ့ မျက်ရည်တစက်နဲ့ မင်းတို့ ချမ်းသာအောင် နေနိုင်ရက်သားနဲ့ကွာ။ ဘယ်လိုဖြစ်တာလဲ" လို့ မေးပါတယ်။

ထိုအခါ သိုးကျောင်းသားလေးက "ကျနော် သူ့ကို မျက်ရည် မကျခိုင်းရက်လို့ပါဗျာ" လို့ ပြန်ဖြေပါတယ်။

အဲဒီတော့ ဘုရင်ကြီးက သူ့ချမ်းသာမှုအတွက် သူတပါးကို မျက်ရည်မဖြစ်စေတဲ့ သိုးကျောင်းသားလေးကို အိမ်ရှေ့စံအဖြစ် ခန့်အပ်လိုက်ပါတယ်။

ဘုရင်ကြီး နတ်ရွာစံတဲ့အခါ သိုးကျောင်းသားလေးက မင်းကျင့်တရား (၁၀) ပါးနဲ့ အညီ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတပါး ဖြစ်လာပါတယ်။

သူတပါး မျက်ရည်ကျမှ မိမိချမ်းသာမယ် ဆိုတဲ့သူက ခေတ္တခဏအမြင်မှာတော့ ချမ်းသာသလိုလို ထင်ရသော်လည်း ချမ်းသာအစစ် မဖြစ်နိုင်ပါဘူး။

မိတ်ဆွေရော သူတပါး မျက်ရည်ကျမှ ချမ်းသာမယ်ဆိုရင် စိတ်ပျော်ရွှင်မှု ရရှိနိုင်ပါမလား။ Crd

Zawgyi

မ်က္ရည္မက်ေသာသမီးေတာ္

တခါတုန္းက ဘုရင္ႀကီးတပါးမွာ သမီးေတာ္ ႏွစ္ပါးရွိသတဲ့။ အဲဒီ သမီးေတာ္ေလးေတြ ငိုရင္ မ်က္ရည္ေတြဟာ စိန္ပြင့္ေတြ ျဖစ္ျဖစ္သြားတယ္တဲ့။

ပထမ မင္းသမီးကေတာ့ မင္းသားေလးတပါးနဲ႔ လက္ထပ္လိုက္ၿပီး သူမရဲ႕ မ်က္ရည္ကျဖစ္တဲ့ စိန္ပြင့္ေတြနဲ႔ ရဲတိုက္ေတြ တခုၿပီးတခု ေဆာက္ၿပီး ေနထိုင္ၾကပါတယ္။ မင္းသမီးငယ္ေလးကေတာ့ သိုးေက်ာင္းသား တေယာက္နဲ႔ လက္ထပ္လိုက္ပါတယ္။

ဘုရင္ႀကီး နတ္႐ြာစံခါနီးမွာ သမီးေတာ္၂ ပါးကို ေခၚၿပီး ေတြ႕ပါတယ္။ သမီးႀကီးနဲ႔ မင္းသားေလးတို႔မွာ ေ႐ႊေငြရတနာ လက္ဝတ္လက္စားေတြ အျပည့္နဲ႔ ေတြျမင္ေနရၿပီး သမီးငယ္နဲ႔ သိုးေက်ာင္းသားကေတာ့ ဆင္းရဲၿမဲ ျဖစ္ေနတာကို ေတြ႕ရပါတယ္။

အဲဒီေတာ့ ဘုရင္ႀကီးက အံ့အားသင့္စြာနဲ႔ "သမီးငယ္ရဲ႕ မ်က္ရည္တစက္နဲ႔ မင္းတို႔ ခ်မ္းသာေအာင္ ေနႏိုင္ရက္သားနဲ႔ကြာ။ ဘယ္လိုျဖစ္တာလဲ" လို႔ ေမးပါတယ္။ ထိုအခါ သိုးေက်ာင္းသားေလးက "က်ေနာ္ သူ႔ကို မ်က္ရည္ မက်ခိုင္းရက္လို႔ပါဗ်ာ" လို႔ ျပန္ေျဖပါတယ္။

အဲဒီေတာ့ ဘုရင္ႀကီးက သူ႔ခ်မ္းသာမႈအတြက္ သူတပါးကို မ်က္ရည္မျဖစ္ေစတဲ့ သိုးေက်ာင္းသားေလးကို အိမ္ေရွ႕စံအျဖစ္ ခန႔္အပ္လိုက္ပါတယ္။ ဘုရင္ႀကီး နတ္႐ြာစံတဲ့အခါ သိုးေက်ာင္းသားေလးက မင္းက်င့္တရား (၁၀) ပါးနဲ႔ အညီ တိုင္းျပည္အုပ္ခ်ဳပ္တဲ့ မင္းတပါး ျဖစ္လာပါတယ္။

သူတပါး မ်က္ရည္က်မွ မိမိခ်မ္းသာမယ္ ဆိုတဲ့သူက ေခတၱခဏအျမင္မွာေတာ့ ခ်မ္းသာသလိုလို ထင္ရေသာ္လည္း ခ်မ္းသာအစစ္ မျဖစ္ႏိုင္ပါဘူး။ မိတ္ေဆြေေရာ သူတပါး မ်က္ရည္က်မွ ခ်မ္းသာမယ္ဆိုရင္ စိတ္ေပ်ာ္႐ႊင္မႈ ရရွိႏိုင္ပါမလား။ Crd

Post a Comment

0 Comments