ကော်ဖီခွက်ကို ကိုင်ထားတုန်း လူတယောက် အနားရောက်လာပြီး လက်မောင်းကို တိုက်မိလိုက်လို့ ကော်ဖီတွေ အောက်ကို ဖိတ်ကျသွားတဲ့အခါ ဘာကြောင့် ကော်ဖီတွေ ဖိတ်သွားတာလဲလို့ မေးရင် ဘယ်လိုဖြေမလဲ။
တယောက်ယောက် ဝင်တိုက်သွားလို့ပဲ ဖြေမှာပဲ မဟုတ်လား။ အဲဒီအဖြေက မှားပါတယ်။ အမှန်တော့ ကော်ဖီတွေ ဖိတ်ရတာဟာ ခွက်ထဲမှာ ကော်ဖီတွေ ရှိနေလို့ပါ။
တကယ်လို့ ခွက်ထဲမှာ လက်ဖက်ရည်တွေသာ ရှိခဲ့ရင် လက်ဖက်ရည်တွေ ဖိတ်ကျမှာ ဖြစ်တယ်။ ခွက်ထဲမှာ ဘာပဲရှိရှိ တိုက်မိတာနဲ့ အပြင်ကို ထွက်ကျလာမှာ ဖြစ်တယ်။
ဒီလိုပါပဲ လူ့ဘဝမှာလည်း တိုက်မိခိုက်မိတာတွေ ရှိတဲ့အခါ ကိုယ့်အထဲမှာ ရှိတာတွေ ထွက်ကျလာ ပါလိမ့်မယ်။
မတိုက်မိခင် မခိုက်မိခင်မှာတော့ ဟန်ဆောင်ဖို့ လွယ်ပါလိမ့်မယ်။
တကယ်လည်း တိုက်မိခိုက်မိလာရော ကိုယ့်စိတ်ထဲမှာ ရှိတာတွေက အပြင်ကို ခုန်ထွက်လာ ကြတယ်။
ဒါကြောင့် ကိုယ့်ကိုကိုယ် ပြန်မေးဖို့ လိုပါလိမ့်မယ်။ ကိုယ့်ခွက်ထဲမှာ ဘာတွေ ရှိသလဲ လို့။ ဝမ်းသာပျော်ရွှင်မှုတွေ ရှိလား။ ကျေးဇူးတရားတွေ ရှိလား။
ငြိမ်းချမ်းမှု ရှိလား။ နှိမ့်ချအောက်ကျို့ မှု ရှိလား။ ဒါမှမဟုတ် ဒေါသတွေ ရှိနေတာလား။ ခါးသီးနာကျင်မှုတွေလား။ ကြမ်းတမ်းခက်ထန်မှု တွေလား။
ဘဝတလျှောက် တွေ့ကြဆုံကြလို့ မတော်တဆ တိုက်မိ ခိုက်မိတာတွေ ဖြစ်လာတဲ့အခါ ထွက်ကျလာမှာက ကိုယ့်ခွက်ထဲမှာရှိတာတွေပဲ ဖြစ်မှာပါ။
ဒါကြောင့် ဒီခွက်ထဲကို ကျေးဇူးတရားတွေ ခွင့်လွှတ်မှုတွေ ပျော်ရွှင်မှုတွေ ချစ်ခြင်းမေတ္တာနဲ့ ကြင်နာသိမ်မွေ့မှုတွေ ဖြည့်ထားရမှာက ကိုယ့်ရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ Crd
0 Comments