၁၀ နှစ်ကျော်ကြာအလုပ်ကြိုးစားခဲ့တဲ့ဝန်ထမ်းကို ကားအသစ်ကြီးတစ်စီးဝယ်ပေးခဲ့တဲ့ အလုပ်ရှင်

ဝန်ထမ်းနဲ့ အလုပ်ရှင်တို့က အပြန်အလှန်အကျိုးပြုနေတဲ့ မိတ်ဆွေကောင်းတွေပါ။ မလေးရှားနိုင်ငံသား အလုပ်ရှင်တစ်ယောက်က သူ့ရဲ့ဝန်ထမ်းကို အလုပ်ကြိုးစားတာကြောင့် ကားအသစ်ကြီးတစ်စီး လက်ဆောင်ပေးလိုက်ပါတယ်။

မလေးရှားသူဌေးက သူ့ရဲ့ဝန်ထမ်းကို Proton car showroom ကို လိုက်လာဖို့ ခေါ်ခဲ့ပါတယ်။ ဘာ့ကြောင့်ခေါ်လဲဆိုတာကိုတော့ အံ့ဩသွားအောင်လို့ သူ့ရဲ့ဝန်ထမ်းကို ဘာမှမပြောထားပါဘူး။

သူ့ရဲ့သူဌေးက သူ့ကို ကားအသစ်ကြီးဝယ်ပေးမှန်း သိလိုက်တဲ့အခါ ဝမ်းသာလုံးဆို့ပြီး ဘာမှတောင် မပြောနိုင်တော့ပါဘူး။ အလုပ်ရှင်ကို အရမ်းကျေးဇူးတင်တာကြောင့် အကြိမ်ပေါင်းများစွာ ဦးညွှတ်ပြီး ကျေးဇူးတင်ကြောင်း ပြသခဲပါတယ်။


ဝန်ထမ်းက အင်ဒိုနီးရှားနိုင်ငံသားဖြစ်တာကြောင့် မလေးရှားနိုင်ငံမှာ ကားဝယ်ဖို့၊ ချေးငွေယူဖို့ ခက်ခဲနေခဲ့ပါတယ်။ အဲဒါကိုသိတဲ့ မလေးရှားအလုပ်ရှင်က ကားအသစ်တစ်စီးကို ဝယ်ပြီး လက်ဆောင်ပေးခဲ့ပါတယ်။


အင်ဒိုနီးရှားနိုင်ငံသားဝန်ထမ်းက မလေးရှားသူဌေးဆီမှာ အလုပ်လုပ်ခဲ့တာ ၁၀ နှစ်ကျော်ပါပြီ။ အလုပ်ရှင်ကတော့ ကားဝယ်ပေးပြီး ဂုဏ်ပြုရတာကြောင့် ပိုလို့‌တောင် ပျော်နေခဲ့ပါတယ်။


သူတို့နှစ်ဦးရဲ့ video ဖိုင်လေးက တစ်တော့မှာ အရမ်းကို ပျံ့နှံ့သွားခဲ့ပါတယ်။ အင်တာနက်အသုံးပြုသူတွေကတော့ မလေးရှားအလုပ်ရှင်ရဲ့သိတတ်မှု၊ ရက်ရောမှုတွေကို လေးစားပြီး အားကျနေကြပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments