တိတ်တိတ်လေး နေကြည့်လိုက်ပါ

တခါတုန်းက အဘိုးအို တယောက်ဟာ သူအင်မတန် မြတ်နိုးတဲ့ ရှေးဟောင်း နာရီလေး တလုံး ဂိုဒေါင်တခုထဲမှာ ကျပျောက် သွားခဲ့တယ်။

ဂိုဒေါင်ထဲမှာ ကျပျောက်တာမှန်း သေချာသလောက် ရှိပေမယ့် ပစ္စည်းတွေနဲ့ ရှုပ်ပွနေတော့ လွယ်လွယ်နဲ့ ရှာမတွေ့ဘူး ဖြစ်နေတာပေါ့။

အိမ်သားတွေပါ ဝိုင်းကူ ရှာပေးပေမယ့် လက်လျှော့ရလု နီးနီး ဖြစ်နေချိန်မှာ ကလေးငယ် တယောက် ဝင်လာပြီး သူ့ကို ရှာခွင့်ပေးဖို့ တောင်းဆိုသတဲ့။

အားလုံးက ခွင့်ပြုလိုက်တဲ့ အခါ ကလေးဟာ အထဲမှာ ရှိသမျှ လူအားလုံးကို ဂိုဒေါင် အပြင်ဘက် ထွက်ခိုင်းပါတော့တယ်။

ခဏနေတော့ အပြင် ပြန်ထွက်လာတဲ့ ကလေးငယ်ရဲ့ လက်ထဲမှာ နာရီတလုံး ပြန်ပါလာခဲ့ပါတယ်။ အံ့ဩ ဝမ်းသာစိတ်နဲ့ ဘယ်မှာ တွေ့တာလဲ၊ ဘယ်လို ရှာသလဲနဲ့ တယောက် တခွန်း ဝိုင်းမေးကြတော့ ကလေးက လက်ကာပြတယ်။

တကယ်တော့ အဲဒီကလေးဟာ အထဲက ရှိသမျှလူ အကုန် ထွက်ခိုင်းပြီး ဘယ်မှာမှ သွားမရှာဘဲ တံခါးပိတ်ပြီး ဂိုဒေါင် အလယ်မှာ သွားထိုင်နေ တာပါ။

အသံဗလံတွေ တိတ်ဆိတ် သွားချိန်မှာ စောစောက ရှာမတွေ့တဲ့ နာရီလေးရဲ့ လက်တံဟာ ချက် ချက် ချက်နဲ့ ပီပီပြင်ပြင် ကြားလာရ ပါတယ်။

အလွယ်တကူ နာရီကို ရှာတွေ့သွားခြင်းရဲ့ အဖြေဟာ ဘာလို့ ထင်ပါသလဲ။ တခါတရံ ဘဝမှာ ဘာကိုမှ ဆုံးဖြတ်ချက် ချလို့ မရအောင် ရှုပ်ထွေးနေတဲ့ အခါ တယောက်တည်း တိတ်တိတ် နေကြည့်လိုက်ပါ။ တဆက်တည်းမှာပဲ ကိုယ့်စိတ်လေးကို စောင့်ကြည့်ရင်းပေါ့။ phoomyatchal

Zawgyi

တိတ္တိတ္ေလး ေနၾကည့္လိုက္ပါ

တခါတုန္းက အဘိုးအို တေယာက္ဟာ သူအင္မတန္ ျမတ္ႏိုးတဲ့ ေရွးေဟာင္း နာရီေလး တလုံး ဂိုေဒါင္တခုထဲမွာ က်ေပ်ာက္ သြားခဲ့တယ္။ ဂိုေဒါင္ထဲမွာ က်ေပ်ာက္တာမွန္း ေသခ်ာသေလာက္ ရွိေပမယ့္ ပစၥည္းေတြနဲ႔ ရႈပ္ပြေနေတာ့ လြယ္လြယ္နဲ႔ ရွာမေတြ႕ဘူး ျဖစ္ေနတာေပါ့။

အိမ္သားေတြပါ ဝိုင္းကူ ရွာေပးေပမယ့္ လက္ေလွ်ာ့ရလု နီးနီး ျဖစ္ေနခ်ိန္မွာ ကေလးငယ္ တေယာက္ ဝင္လာၿပီး သူ႔ကို ရွာခြင့္ေပးဖို႔ ေတာင္းဆိုသတဲ့။ အားလုံးက ခြင့္ျပဳလိုက္တဲ့ အခါ ကေလးဟာ အထဲမွာ ရွိသမွ် လူအားလုံးကို ဂိုေဒါင္ အျပင္ဘက္ ထြက္ခိုင္းပါေတာ့တယ္။

ခဏေနေတာ့ အျပင္ ျပန္ထြက္လာတဲ့ ကေလးငယ္ရဲ႕ လက္ထဲမွာ နာရီတလုံး ျပန္ပါလာခဲ့ပါတယ္။ အံ့ဩ ဝမ္းသာစိတ္နဲ႔ ဘယ္မွာ ေတြ႕တာလဲ၊ ဘယ္လို ရွာသလဲနဲ႔ တေယာက္ တခြန္း ဝိုင္းေမးၾကေတာ့ ကေလးက လက္ကာျပတယ္။

တကယ္ေတာ့ အဲဒီကေလးဟာ အထဲက ရွိသမွ်လူ အကုန္ ထြက္ခိုင္းၿပီး ဘယ္မွာမွ သြားမရွာဘဲ တံခါးပိတ္ၿပီး ဂိုေဒါင္ အလယ္မွာ သြားထိုင္ေန တာပါ။ အသံဗလံေတြ တိတ္ဆိတ္ သြားခ်ိန္မွာ ေစာေစာက ရွာမေတြ႕တဲ့ နာရီေလးရဲ႕ လက္တံဟာ ခ်က္ ခ်က္ ခ်က္နဲ႔ ပီပီျပင္ျပင္ ၾကားလာရ ပါတယ္။

အလြယ္တကူ နာရီကို ရွာေတြ႕သြားျခင္းရဲ႕ အေျဖဟာ ဘာလို႔ ထင္ပါသလဲ။ တခါတရံ ဘဝမွာ ဘာကိုမွ ဆုံးျဖတ္ခ်က္ ခ်လို႔ မရေအာင္ ရႈပ္ေထြးေနတဲ့ အခါ တေယာက္တည္း တိတ္တိတ္ ေနၾကည့္လိုက္ပါ။ တဆက္တည္းမွာပဲ ကိုယ့္စိတ္ေလးကို ေစာင့္ၾကည့္ရင္းေပါ့။ phoomyatchal

Post a Comment

0 Comments