ကြီးထွားမလာခင် နှုတ်ပစ်ပါ

တခါတုန်းက ချမ်းသာကြွယ်ဝသော သူဌေးကြီးတဦးဟာ ပညာရှိကြီးတဦးကို သူ့သားရဲ့ မကောင်းတဲ့ အကျင့်ဆိုးတွေ ပျောက်သွားအောင် သင်ကြားပေးပါရန် တောင်းဆိုခဲ့တယ်။

ဒါကြောင့် ပညာရှင်ကြီးက သူဌေးသားကို ဥယျာဉ်ထဲကို လမ်းလျှောက်ရန်ခေါ်သွားခဲ့တယ်။

လမ်းလျှောက်နေတဲ့ ပညာရှိဟာ ရုတ်တရက် ရပ်တန့်လိုက်ပြီး ကောင်လေးကို လမ်းဘေးမှာရှိတဲ့ မြက်ပင် သေးသေးလေးကို နှုတ်ခိုင်းလိုက်တယ်။

လူငယ်လေးက အဲဒီမြက်ပင်လေးကို လက်မနဲ့ လက်ညှိုး လက်ချောင်းနှစ်ခုပဲ သုံးပြီး ဆွဲနှုတ်လိုက်တယ်။

ထို့နောက်မှာ ပညာရှိဟာ အနည်းငယ်ကြီးသော မြက်ပင်ကို နှုတ်ရန် ပြောခဲ့တယ်။ လူငယ်က ညာလက်နဲ့ အားနည်းနည်း စိုက်ပြီး မြက်ပင်ကြီးကို နှုတ်နိုင်ခဲ့တယ်။

အဲဒီနောက်မှာ ချုံကို ပညာရှိက ညွှန်ပြလိုက်ပြီး "အခု ဒီပင်ကို နှုတ်လိုက်ပါ" ဆိုတော့ ကောင်လေးက ဆွဲနှုတ်ဖို့ လက်နှစ်ဘက်လုံးနဲ့ သူ့အစွမ်း ခွန်အား အားလုံးကို သုံးပြီး နှုတ်လိုက်ရတယ်။

"အခု ဒီအပင်ကို ထပ်နှုတ်လိုက်ဦး" ဆိုပြီး ပညာရှိက သစ်ပင်တပင်ကို ညွှန်ပြလိုက်တယ်။ လူငယ်က လက်နှစ်ဘက်လုံး၊ ခန္ဓာကိုယ်အား၊ ခြေကန်အား အားလုံးကို သုံးပြီး ဆွဲနှုတ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် အဲဒီအပင်က မရွေ့တော့ဘူး။

"နှုတ်ဖို့ မဖြစ်နိုင်ဘူး" လို့ ကောင်လေးက နှုတ်နေရာမှ မောပန်းစွာ ပြောလိုက်တယ်။ "အကျင့်ဆိုးတွေ ကလဲဒီလိုပဲ" ဟု ပညာရှိက ပြောလိုက်တယ်။

"သူတို့ ငယ်တုန်းမှာ သူတို့ကို ဆွဲနှုတ်ဖို့ လွယ်ကူပေမဲ့ ကြီးထွားလာရင်တော့ အမြစ်ပြတ်အောင် မနှုတ်နိုင်တော့ဘူး။

အဲဒီလိုပဲ မကောင်းတဲ့ အကျင့်၊ မကောင်းတဲ့ စရိုက်တွေကိုလည်း ငယ်တုန်းမှာ နှုတ်ပယ်ပစ်ရတယ်။ ကြီးမှ နှုတ်ပစ်လို့ မရနိုင်ဘူး" လို့ ပညာရှိက လူငယ်လေးကို သင်ကြားပြသ ပေးခဲ့တယ်။

ပညာရှိရဲ့ သင်ကြားပြသ ပေးမှုကြောင့် လူငယ်လေးဟာ သူဆီမှာရှိတဲ့ မကောင်းတဲ့ အကျင့်ဆိုးတွေကို ပြောင်းလဲပစ်ခဲ့တယ်။

သင်ခန်းစာ။ ။ မကောင်းသော အကျင့်ဓလေ့များ ကြီးထွားလာသည် အထိ မစောင့်ပါနှင့်၊ ၎င်းတို့ကို ထိန်းချုပ်နိုင်တုန်း ပြုပြင်လိုက်ပါ။ Crd

Post a Comment

0 Comments