အကြီးကြီးဖြစ်မယ့်အရာ

တခါတုန်းက ခွေးမတကောင်နဲ့ ဆင်မတကောင်ဟာ အိမ်နီးချင်းမိတ်ဆွေတွေ ဖြစ်ကြသတဲ့။ တရက်မှာတော့ ခွေးမနဲ့ ဆင်မတို့ဟာ ကိုယ်ဝန် အသီးသီး ရလာကြတယ်။

တလလောက်ကြာတော့ ခွေးမက ခွေးပေါက်ကလေးတွေ မွေးဖွားလာတယ်။ ဆင်မကတော့ ကိုယ်ဝန်နဲ့ ပဲပေါ့။

ဒီလိုနဲ့ လတွေ ကြာလာတော့ ခွေးမကပဲ ကလေးတွေ မွေးမွေးလာတယ်။ ဆင်မက မမွေးလာသေးဘူး။ ဒီတော့ ခွေးမက ဆင်မကို လှောင်သလိုလိုနဲ့ ပြောတယ်။

"ဟဲ့ ဆင်မ ငါ့မှာတော့ သားသမီးတွေ အများကြီး ရနေပြီ။ နင်က အခုထိ မမွေးနိုင်သေးဘူး။ ပြီးရင် မွေးလာတော့လည်း တကောင်တည်း။ ဒီတကောင်တည်းအတွက် အပင်ပန်းခံပြီး ဘာလို့အချိန်တွေ ပေးနေရတာလဲဟယ်"

ဒီတော့ ဆင်မက ပြုံးပြီး ဒီလို ပြန်ပြောလိုက်သတဲ့။ "ငါက နင့်လို ခဏလေးအတွင်းမှာ အများကြီး မလုပ်နိုင်ဘူးဆိုတာ မှန်တယ်။ ဒီတခုတည်းအတွက်နဲ့ အချိန်တွေ အများကြီး ပေးဆပ်ရတာလည်း မှန်တယ်။

ဒါပေမယ့် ငါ့ကိုယ်ထဲမှာ ရှိနေတာက ကြီးမားတဲ့ အရာတခုပါ။ နင့်လို သေးသေးလေးတွေ မဟုတ်ဘူး။ ဒါ့ကြောင့် အချိန်တွေအများကြီး ပေးဆပ်နေရတာ ဖြစ်တယ်"

မိတ်ဆွေ သင့်ရည်မှန်းချက်အတွက် သင်အချိန်တွေ ပေးနေရတာဟာ သင့်ရင်ထဲမှာရှိတဲ့ အရာက အမှန်တကယ် ကြီးမားနေလို့ပါ။ အချိန်များများ ပေးပါ။ အကြီးမားဆုံးနဲ့ အခမ်းနားဆုံး အရာတွေပဲ ဖန်တီးပါ။ Crd

Zawgyi

အၾကီးၾကီးျဖစ္မယ့္အရာ

တခါတုန္းက ေခြးမတေကာင္နဲ႔ ဆင္မတေကာင္ဟာ အိမ္နီးခ်င္းမိတ္ေဆြေတြ ျဖစ္ၾကသတဲ့။ တရက္မွာေတာ့ ေခြးမနဲ႔ ဆင္မတို႔ဟာ ကိုယ္ဝန္ အသီးသီး ရလာၾကတယ္။

တလေလာက္ၾကာေတာ့ ေခြးမက ေခြးေပါက္ကေလးေတြ ေမြးဖြားလာတယ္။ ဆင္မကေတာ့ ကိုယ္ဝန္နဲ႔ ပဲေပါ့။ ဒီလိုနဲ႔ လေတြ ၾကာလာေတာ့ ေခြးမကပဲ ကေလးေတြ ေမြးေမြးလာတယ္။ ဆင္မက မေမြးလာေသးဘူး။ ဒီေတာ့ ေခြးမက ဆင္မကို ေလွာင္သလိုလိုနဲ႔ ေျပာတယ္။

"ဟဲ့ ဆင္မ ငါ့မွာေတာ့ သားသမီးေတြ အမ်ားႀကီး ရေနၿပီ။ နင္က အခုထိ မေမြးႏိုင္ေသးဘူး။ ၿပီးရင္ ေမြးလာေတာ့လည္း တေကာင္တည္း။ ဒီတေကာင္တည္းအတြက္ အပင္ပန္းခံၿပီး ဘာလို႔အခ်ိန္ေတြ ေပးေနရတာလဲဟယ္"

ဒီေတာ့ ဆင္မက ၿပဳံးၿပီး ဒီလို ျပန္ေျပာလိုက္သတဲ့။ "ငါက နင့္လို ခဏေလးအတြင္းမွာ အမ်ားႀကီး မလုပ္ႏိုင္ဘူးဆိုတာ မွန္တယ္။ ဒီတခုတည္းအတြက္နဲ႔ အခ်ိန္ေတြ အမ်ားႀကီး ေပးဆပ္ရတာလည္း မွန္တယ္။

ဒါေပမယ့္ ငါ့ကိုယ္ထဲမွာ ရွိေနတာက ႀကီးမားတဲ့ အရာတခုပါ။ နင့္လို ေသးေသးေလးေတြ မဟုတ္ဘူး။ ဒါ့ေၾကာင့္ အခ်ိန္ေတြအမ်ားႀကီး ေပးဆပ္ေနရတာ ျဖစ္တယ္"

မိတ္ေဆြ သင့္ရည္မွန္းခ်က္အတြက္ သင္အခ်ိန္ေတြ ေပးေနရတာဟာ သင့္ရင္ထဲမွာရွိတဲ့ အရာက အမွန္တကယ္ ႀကီးမားေနလို႔ပါ။ အခ်ိန္မ်ားမ်ား ေပးပါ။ အႀကီးမားဆုံးနဲ႔ အခမ္းနားဆုံး အရာေတြပဲ ဖန္တီးပါ။ Crd

Post a Comment

0 Comments