အတိုင်းအတာတခုထက် မပိုပါစေနဲ့

ကျနော် နွမ်းပါးသူတဦးကို ငွေ ၁၀၀ အမြဲပေးနေကြ ဖြစ်ပေမဲ့ တနေ့တော့ ငွေ ၂၀၀ ပေးဖြစ်လိုက်တယ်။ သူ တော်တော် ပျော်သွားတယ်။

နောက်နေ့တွေ ငွေ ၁၀၀ ပဲ ပုံမှန် ပေးဖြစ်ခဲ့ပေမဲ့ သူ့မျက်နှာမှာ အရင်က ငွေ ၁၀၀ ပေးခဲ့တဲ့ အချိန်တိုင်း ကြည်လင်ပြုံးရွှင်တဲ့မျက်နှာမျိုး မမြင်ရတော့ဘူး။

သိကျွမ်းသူတဦးရဲ့ ဆိုင်မှာ အလုပ်သမား အခက်အခဲကြောင့် အခမဲ့ ဝင်ကူပြီး နေ့လည်ပိုင်း ဆိုင်ကူထိုင်ပေး လိုက်တယ်။ သူ တော် တော် ပျော်သွားတယ်။

တနေ့တော့ အားလည်းအား ပျင်းလည်း ပျင်းနေတာနဲ့ မနက်ကနေ ညအထိ ဆိုင်ကူထိုင် ပေးလိုက်တယ်။ ထိုအတိုင်း မနက်ကနေ ညအထိ တပတ်ကျော် ဆက်တိုက် ဝိုင်းကူညီပေးလိုက်တော့ ကျေးဇူးအထူးတင်ကြောင်း ပြောရှာတယ်။

နောက်ရက်တွေကစပြီး အချိန်လည်း သိပ်မရလို့ အရင်ကလို နေ့လည်ခင်းလောက်သာ ဝိုင်းကူပေးနိုင် တော့တယ်။ သူ့မျက်နှာမှာတော့ တချိန်က ကိုယ်နေ့လည်ခင်းပိုင်း စကူညီ ထိုင်ပေးတုန်းကလို ပျော်ရွှင်မှုမျိုး မတွေ့ရတော့ဘူး။

မိတ်ဆွေအနေနဲ့ ဘဝမှာ အရှုပ်အထွေး ကင်းချင်ရင် ဘယ်သူ့ကိုမဆို ဘယ်ကိစ္စရပ်မှာမဆို အတိုင်းအတာ တခုထက်ပိုပြီး မဆက်ဆံတာ မပတ်သက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ Crd

Zawgyi

အတိုင္းအတာတခုထက္ မပိုပါေစနဲ့

က်ေနာ္ ႏြမ္းပါးသူတဦးကို ေငြ ၁၀၀ အၿမဲေပးေနၾက ျဖစ္ေပမဲ့ တေန႔ေတာ့ ေငြ ၂၀၀ ေပးျဖစ္လိုက္တယ္။ သူ ေတာ္ေတာ္ ေပ်ာ္သြားတယ္။

ေနာက္ေန႔ေတြ ေငြ ၁၀၀ ပဲ ပုံမွန္ ေပးျဖစ္ခဲ့ေပမဲ့ သူ႔မ်က္ႏွာမွာ အရင္က ေငြ ၁၀၀ ေပးခဲ့တဲ့ အခ်ိန္တိုင္း ၾကည္လင္ၿပဳံး႐ႊင္တဲ့မ်က္ႏွာမ်ိဳး မျမင္ရေတာ့ဘူး။

သိကြၽမ္းသူတဦးရဲ႕ ဆိုင္မွာ အလုပ္သမား အခက္အခဲေၾကာင့္ အခမဲ့ ဝင္ကူၿပီး ေန႔လည္ပိုင္း ဆိုင္ကူထိုင္ေပး လိုက္တယ္။ သူ ေတာ္ ေတာ္ ေပ်ာ္သြားတယ္။

တေန႔ေတာ့ အားလည္းအား ပ်င္းလည္း ပ်င္းေနတာနဲ႔ မနက္ကေန ညအထိ ဆိုင္ကူထိုင္ ေပးလိုက္တယ္။ ထိုအတိုင္း မနက္ကေန ညအထိ တပတ္ေက်ာ္ ဆက္တိုက္ ဝိုင္းကူညီေပးလိုက္ေတာ့ ေက်းဇူးအထူးတင္ေၾကာင္း ေျပာရွာတယ္။

ေနာက္ရက္ေတြကစၿပီး အခ်ိန္လည္း သိပ္မရလို႔ အရင္ကလို ေန႔လည္ခင္းေလာက္သာ ဝိုင္းကူေပးႏိုင္ ေတာ့တယ္။ သူ႔မ်က္ႏွာမွာေတာ့ တခ်ိန္က ကိုယ္ေန႔လည္ခင္းပိုင္း စကူညီ ထိုင္ေပးတုန္းကလို ေပ်ာ္႐ႊင္မႈမ်ိဳး မေတြ႕ရေတာ့ဘူး။

မိတ္ေဆြအေနနဲ႔ ဘဝမွာ အရႈပ္အေထြး ကင္းခ်င္ရင္ ဘယ္သူ႔ကိုမဆို ဘယ္ကိစၥရပ္မွာမဆို အတိုင္းအတာ တခုထက္ပိုၿပီး မဆက္ဆံတာ မပတ္သက္တာ အေကာင္းဆုံး ျဖစ္လိမ့္မယ္လို႔ ထင္ပါတယ္။ Crd

Post a Comment

0 Comments