တနေ့မှာ လက်သမားတယောက်က သူ့ရဲ့ အလုပ်ရုံကို ပိတ်ပြီး အိမ်ပြန်သွားတဲ့ အခါမှာ အဆိပ်ပြင်းတဲ့ မြေတကောင်က အစာရှာဖွေရင်း လက်သမားရဲ့ အလုပ်ရုံထဲကို ရောက်လာခဲ့ပါတယ်။
မြွေက ဆာလောင်နေတဲ့အတွက် အစာတခုခုကို ရှာဖွေပါတယ်။ အဲဒီလို အစာရှာနေတုန်း ပုဆိန်တလက်က မြွေပေါ်ကို ပြုတ်ကျလာတဲ့အခါ မြွေကို ထိခိုက်မိသွားပါတယ်။
ဒေါသကြီးတဲ့ မြွေက သံပုဆိန်ကို ဒေါသတကြီး ကိုက်ပေါက်လိုက်ပါတယ်။ သံပုဆိန်မို့ ပုဆိန်က ဘာမှမဖြစ်ဘဲ မြွေရဲ့အစွယ်တွေကျိုးပြီး သွေးတွေ ထွက်လာကာ မြွေသာ နာကျင်သွားရပါတယ်။
ထိုအခါ မြွေဟာ ပိုဒေါသထွက်လာပြီး ပုဆိန်ကို ထပ်ပေါက်လိုက်ပါတယ်။ အဲဒီလို ဒေါသတကြီး ပြန်ပြီး တုံ့ပြန်ရင်းနဲ့ မြွေက ထိုနေရာမှာ သွေးအိုင်တွေထဲမှာ သေဆုံးသွားပါတယ်။
နောက်တနေ့ မနက်မှာတော့ လက်သမားက အလုပ်ခန်းတံခါးကို ဖွင့်လိုက်တဲ့အခါ သံပုဆိန်နားမှာ သွေးတွေ ပေပွပြီး သေဆုံးနေတဲ့ မြွေကို တွေ့လိုက်ရ ပါတော့တယ်။
တကယ်တော့ မြွေကို ဘယ်သူကမှ မသတ်ပေမယ့် မြွေရဲ့ မစူးစမ်း မဆင်ခြင်ဘဲ ဒေါသတကြီး တုံ့ပြန်မှုက မြွေကို သတ်သွားတာဖြစ်ပါတယ်။
အဲဒါကြောင့် ဘယ်လိုအခြေအနေ ကြုံပါစေ စိတ်အေးအေးထားပြီး အကျိုးအကြောင်းကို လေ့လာသုံးသပ် သင့်ပါတယ်လို့ ဒီပုံပြင်လေးက ပြောပြထားတာ ဖြစ်ပါတယ်။ crd
Zawgyi
ေဒါသႀကီးေသာသူ
တေန႔မွာ လက္သမားတေယာက္က သူ႔ရဲ႕ အလုပ္႐ုံကို ပိတ္ၿပီး အိမ္ျပန္သြားတဲ့ အခါမွာ အဆိပ္ျပင္းတဲ့ ေျမတေကာင္က အစာရွာေဖြရင္း လက္သမားရဲ႕ အလုပ္႐ုံထဲကို ေရာက္လာခဲ့ပါတယ္။
ေႁမြက ဆာေလာင္ေနတဲ့အတြက္ အစာတခုခုကို ရွာေဖြပါတယ္။ အဲဒီလို အစာရွာေနတုန္း ပုဆိန္တလက္က ေႁမြေပၚကို ျပဳတ္က်လာတဲ့အခါ ေႁမြကို ထိခိုက္မိသြားပါတယ္။
ေဒါသႀကီးတဲ့ ေႁမြက သံပုဆိန္ကို ေဒါသတႀကီး ကိုက္ေပါက္လိုက္ပါတယ္။ သံပုဆိန္မို႔ ပုဆိန္က ဘာမွမျဖစ္ဘဲ ေႁမြရဲ႕အစြယ္ေတြက်ိဳးၿပီး ေသြးေတြ ထြက္လာကာ ေႁမြသာ နာက်င္သြားရပါတယ္။
ထိုအခါ ေႁမြဟာ ပိုေဒါသထြက္လာၿပီး ပုဆိန္ကို ထပ္ေပါက္လိုက္ပါတယ္။ အဲဒီလို ေဒါသတႀကီး ျပန္ၿပီး တုံ႔ျပန္ရင္းနဲ႔ ေႁမြက ထိုေနရာမွာ ေသြးအိုင္ေတြထဲမွာ ေသဆုံးသြားပါတယ္။
ေနာက္တေန႔ မနက္မွာေတာ့ လက္သမားက အလုပ္ခန္းတံခါးကို ဖြင့္လိုက္တဲ့အခါ သံပုဆိန္နားမွာ ေသြးေတြ ေပပြၿပီး ေသဆုံးေနတဲ့ ေႁမြကို ေတြ႕လိုက္ရ ပါေတာ့တယ္။
တကယ္ေတာ့ ေႁမြကို ဘယ္သူကမွ မသတ္ေပမယ့္ ေႁမြရဲ႕ မစူးစမ္း မဆင္ျခင္ဘဲ ေဒါသတႀကီး တုံ႔ျပန္မႈက ေႁမြကို သတ္သြားတာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ဘယ္လိုအေျခအေန ႀကဳံပါေစ စိတ္ေအးေအးထားၿပီး အက်ိဳးအေၾကာင္းကို ေလ့လာသုံးသပ္ သင့္ပါတယ္လို႔ ဒီပုံျပင္ေလးက ေျပာျပထားတာ ျဖစ္ပါတယ္။ crd
0 Comments