ငြင်းသင့်ရင် ငြင်းပစ်လိုက်ပါ

လူအများစုရဲ့ နှလုံးသားမှာ အားနာတဲ့စိတ်က ခိုအောင်းနေတယ်။ ကိုယ် မလုပ်ချင်တဲ့ အလုပ်၊ ကိုယ် မလုပ်နိုင်တဲ့ အလုပ်ကို ဒီစိတ် အရင်းခံနေလို့ ကူညီပေးနေ ရတယ်။

ကိုယ်ဘယ်လို ခံစားရမှာ ဆိုတာထက် သူ့ခံစားမှုကိုပဲ ဦးစားပေးတယ်။ သူငယ်ချင်း ဖြစ်နေလို့ မိတ်ဆွေ ဖြစ်နေလို့ ဆွေမျိုး ဖြစ်နေလို့ ဆိုပြီး ငြင်းရမှာ အားနာတယ်။ မနိုင်တဲ့ဝန်ကို ထမ်းတယ်။ မငြင်းသာတဲ့ စိတ်နဲ့ ဆက်ကူညီပေးတယ်။

လောကမှာ အားလုံးဟာ အလိမ်အညာတွေ မဟုတ်သလို အားလုံးဟာ သူတော်စင်တွေ မဟုတ်ပါဘူး။ ကိုယ်က မအားတဲ့ ကြားကနေ အချိန်ခွဲဝေပြီး ကူညီပေးလိုက်တယ်။

အဆင်မပြေ ဖြစ်သွားရင် ပါးစပ်သေနတ် အပစ်ခံရတော့မှာ။ သူ့ ယုံကြည်လို့ အားကိုးပါတယ် ဘာညာပေါ့။

ဟော အဆင်လည်း ပြေသွားရော ငါ့ကုသိုလ်ကံနဲ့ပါ ဆိုတာ စကား ထွက်လာသေးတယ်။ အလိုလို ကိုယ့်စေတနာဟာ ဘေးရောက်သွားတယ်။

လူတိုင်းကို အားနာသင့်သလောက်ပဲ အားနာပါ။ သူတပါးရဲ့ အသုံးချခြင်းကို ခံရတာလည်း ဒီစိတ်။ ရှေ့မှာ ရယ်ရယ်ပြုံးပြုံးနဲ့ နောက်ကွယ်မှာ ဓားနဲ့ အထိုးခံရတာလည်း ဒီစိတ်ကြောင့်ပဲ။

"အားနာရင် ခါးပါတယ်" တဲ့။ ခါး ပါရုံတင် မကဘူး တချို့ ဘဝပါ ပါသွားကြတယ်။ ဒါကြောင့်မို့ ကိုယ့်နှလုံးသား ပျော်ရွှင်ဖို့ကိုလည်း ထည့်ထွက်ပါ။

ချောင်မှာ ကပ်မငိုရအောင် ကိုယ်လည်း အဆင်ပြေအောင် ငြင်းသင့်ရင် ရဲရဲသာ ငြင်းလိုက်ပါ မိတ်ဆွေ။ Crd

Zawgyi

ျငင္းသင့္ရင္ ျငင္းပစ္လိုက္ပါ

လူအမ်ားစုရဲ႕ ႏွလုံးသားမွာ အားနာတဲ့စိတ္က ခိုေအာင္းေနတယ္။ ကိုယ္ မလုပ္ခ်င္တဲ့ အလုပ္၊ ကိုယ္ မလုပ္ႏိုင္တဲ့ အလုပ္ကို ဒီစိတ္ အရင္းခံေနလို႔ ကူညီေပးေန ရတယ္။

ကိုယ္ဘယ္လို ခံစားရမွာ ဆိုတာထက္ သူ႔ခံစားမႈကိုပဲ ဦးစားေပးတယ္။ သူငယ္ခ်င္း ျဖစ္ေနလို႔ မိတ္ေဆြ ျဖစ္ေနလို႔ ေဆြမ်ိဳး ျဖစ္ေနလို႔ ဆိုၿပီး ျငင္းရမွာ အားနာတယ္။ မႏိုင္တဲ့ဝန္ကို ထမ္းတယ္။ မျငင္းသာတဲ့ စိတ္နဲ႔ ဆက္ကူညီေပးတယ္။

ေလာကမွာ အားလုံးဟာ အလိမ္အညာေတြ မဟုတ္သလို အားလုံးဟာ သူေတာ္စင္ေတြ မဟုတ္ပါဘူး။ ကိုယ္က မအားတဲ့ ၾကားကေန အခ်ိန္ခြဲေဝၿပီး ကူညီေပးလိုက္တယ္။ အဆင္မေျပ ျဖစ္သြားရင္ ပါးစပ္ေသနတ္ အပစ္ခံရေတာ့မွာ။ သူ႔ ယုံၾကည္လို႔ အားကိုးပါတယ္ ဘာညာေပါ့။

ေဟာ အဆင္လည္း ေျပသြားေရာ ငါ့ကုသိုလ္ကံနဲ႔ပါ ဆိုတာ စကား ထြက္လာေသးတယ္။ အလိုလို ကိုယ့္ေစတနာဟာ ေဘးေရာက္သြားတယ္။

လူတိုင္းကို အားနာသင့္သေလာက္ပဲ အားနာပါ။ သူတပါးရဲ႕ အသုံးခ်ျခင္းကို ခံရတာလည္း ဒီစိတ္။ ေရွ႕မွာ ရယ္ရယ္ၿပဳံးၿပဳံးနဲ႔ ေနာက္ကြယ္မွာ ဓားနဲ႔ အထိုးခံရတာလည္း ဒီစိတ္ေၾကာင့္ပဲ။

"အားနာရင္ ခါးပါတယ္" တဲ့။ ခါး ပါ႐ုံတင္ မကဘူး တခ်ိဳ႕ ဘဝပါ ပါသြားၾကတယ္။ ဒါေၾကာင့္မို႔ ကိုယ့္ႏွလုံးသား ေပ်ာ္႐ႊင္ဖို႔ကိုလည္း ထည့္ထြက္ပါ။ ေခ်ာင္မွာ ကပ္မငိုရေအာင္ ကိုယ္လည္း အဆင္ေျပေအာင္ ျငင္းသင့္ရင္ ရဲရဲသာ ျငင္းလိုက္ပါ မိတ္ေဆြ။ Crd

Post a Comment

0 Comments