လူတိုင်းမှာ မတူညီတဲ့ စိတ်ကူးအိပ်မက်တွေ ရှိကြပါတယ်။ ဂျပန်နိုင်ငံအမျိုးသားတစ်ယောက်ရဲ့စိတ်ကူးအိပ်မက်ကတော့ ဝံပုလွေတစ်ကောင်ဖြစ်ချင်တာပါ။
အဲဒါကြောင့် လက်ဖြစ်ချုပ်လုပ်ထားတဲ့ ဝံပုလွေဝတ်စုံကို ရရှိဖို့အတွက် အမေရိကန်ဒေါ်လာ ၂ သောင်း ၃ ထောင်ကို အကုန်အကျ ခံခဲ့ပါတယ်။
Zeppet လို့ခေါ်တဲ့ ဂျပန်ကုမ္ပဏီတစ်ခုက ခွေးတစ်ကောင်လို နေချင်တဲ့ သူတို့ရဲ့ဖောက်သည်အတွက် ဝံပုလွေဝတ်စုံကို ချုပ်လုပ်ပေးခဲ့ပါတယ်။
ဝံပုလွေဝတ်စုံကို အရည်အသွေးကောင်းမွန်စွာချုပ်လုပ်ထားပြီး ခန္ဓာကိုယ်နဲ့ ကွက်တိကျအောင် သေချာပြုလုပ်ထားခဲ့ပါတယ်။ အဲဒါကြောင့် လူအများရဲ့အာရုံစိုက်မှုကို အများကြီး ရရှိခဲ့ပါတယ်။
"ကျွန်တော်က ကလေးဘဝကတည်းက တိရစ္ဆာန်လေးတွေကို ချစ်တတ်သူပါ။ တီဗွီမှာလာတဲ့ တိရစ္ဆာန်ဝတ်စုံတွေကိုလည်း အရမ်းသဘောကျတယ်။ တစ်နေ့မှာ တိရစ္ဆာန်ဝတ်စုံကို ဝတ်နိုင်ရမယ်ဆိုတဲ့ အိပ်မက်ရှိခဲ့တယ်" လို့ အမည်မဖော်လိုတဲ့ဖောက်သည်တစ်ယောက်က Zeppet ရဲ့ ဝက်ဘ်ဆိုက်မှာ ရေးသွားခဲ့ပါတယ်။
ဝတ်စုံကို ဝတ်ကြည့်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်နဲ့ ကွက်တိကျပြီး ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲသွားတယ်လို့ ခံစားရကြောင်း၊ စိတ်ကူးအိပ်မက်တွေတကယ်ဖြစ်လာလို့ ဝမ်းသာပီတိဖြစ်ခဲ့ကြောင်းလည်း ရေးသားခဲ့ပါတယ်။
ဝတ်စုံကအရမ်းကို ဈေးကြီးပါတယ်။ ဒါပေမယ့် ဝယ်ယူသွားသူကတော့ သူ့စိတ်ကြိုက်ဝတ်စုံကို ရရှိလို့ အရမ်းကို ပျော်ရွှင်နေခဲ့တာပါ။
အစကတော့ ဝတ်စုံကို ဝတ်ပြီး လမ်းလျှောက်တဲ့အခါ ခက်ခဲမယ့်လို့ သူ ထင်ခဲ့ပါတယ်။ ဒါပေမယ့် ဝတ်ကြည့်တဲ့အခါ အရမ်းအဆင်ပြေပြီး ပူလည်းမပူကြောင်း၊ လေဝင်လေထွက်လည်း ကောင်းကြောင်း၊ ဝတ်ရတာ သက်တောင့်သက်သာရှိကြောင်း ဖော်ပြထားပါတယ်။
ဝံပုလွေဝတ်စုံကို ချုပ်ဖို့အတွက် ၅၅ ရက် ကြာမြင့်ခဲ့ပါတယ်။ ဝံပုလွေတစ်ကောင်လုံးရဲ့ ပုံကို အသေးစိတ်ကြည့်ရှုပြီး ချုပ်ခဲ့တာဖြစ်ကြောင်း Zeppet က သူတို့ရဲ့ဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။
Zombie (lovemedia)
0 Comments