ရေချိုးရင်းနဲ့ မျက်နှာသစ်တဲ့အခါ မျက်နှာအသားအရေအတွက် ဖြစ်ပေါ်စေတဲ့ဆိုးကျိုး (၄) ခု

ရေချိုးရင်းနဲ့ မျက်နှာသစ်ရတာက အရမ်းအဆင်ပြေပါတယ်။ အချိန်ကုန်လည်း သက်သာပါတယ်။ ဒါပေမယ့် ရေချိုးရင်းနဲ့ မျက်နှာမသစ်သင့်တဲ့ အကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ချွေးပေါက်ပိတ်စေခြင်း

ရေချိုးရင်းနဲ့ မျက်နှာသစ်တဲ့အခါ ခေါင်းလျှော်ရည်တွေက မျက်နှာပေါ်ကို စီးကျလာပါတယ်။ ဆံပင်အလှအပပစ္စည်းတွေက ဆံပင်အတွက်ကောင်းပေမယ့် အသားအရေအတွက်တော့ မကောင်းပါဘူး။

ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးတွေက မျက်နှာပေါ်ကို ကျလာတဲ့အခါချွေးပေါက်တွေ ပိတ်လာစေပါတယ်။

၂။ အသားအရေ မလှမပဖြစ်လာခြင်း

ရေချိုးရင်းနဲ့ ခေါင်းလျှော်တဲ့အခါ ခေါင်းကို ငုံ့ပြီး မလျှော်သင့်ပါဘူး။ ခေါင်းငုံ့ပြီး လျှော်တဲ့အခါ ဆံပင်ကနေ ထွက်တဲ့ အညစ်အကြေးတွေ၊ အဆီတွေက မျက်နှာအသားအရေကို ထိပြီး မလှမပဖြစ်လာပါတယ်။

ဒါ့အပြင် ရေချိုးရင်းနဲ့ မျက်နှာသစ်တဲ့အခါ ရေနွေးတွေက မျက်နှာပေါ်က သဘာဝအဆီတွေကိုလည်း ပါသွားစေပါတယ်။ သဘာဝအဆီတွေမရှိတော့ဘဲ မျက်နှာအသားအရေကလည်း ခြောက်သွေ့သွားပါတယ်။

၃။ အသားအရေက အထိမခံဖြစ်လာခြင်း

အသားအရေထိလွယ်ရှလွယ်သူတွေအတွက်လည်း ရေချိုးရင်းနဲ့ မျက်နှာမသစ်သင့်ပါဘူး။ ဆံပင်နဲ့ပတ်သက်တဲ့အလှအပစ္စည်းတွေက ဓာတ်မတည့်တဲ့အခါ မျက်နှာယားယံတာ၊ အနီစက်တွေ ဖြစ်လာတာ၊ နေရထိုင်ရခက်တာတို့ ကြုံတွေ့ရစေပါတယ်။

၄။ ဝက်ခြံတွေ ထွက်လာခြင်း

ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးတွေမှာ ပါဝင်တဲ့ပစ္စည်းတွေက မျက်နှာအသားအရေကို ထိတဲ့အခါမှာ ဝက်ခြံတွေ ဖြစ်ပေါ်လာစေပါတယ်။

ခေါင်းလျှော်ရည်၊ ပေါင်းဆေးတွေနဲ့ ဆံပင်က ထွက်တဲ့အဆီတွေကြောင့် နဖူးတစ်ဝိုက်မှာ ဝက်ခံတွေ ဖြစ်လာစေပါတယ်။ အဲဒါကြောင့် ရေချိုးရင်းနဲ့ မျက်နှာမသစ်သင့်ဘဲ ရေချိုးပြီးမှသာ မျက်နှာကို သေသေချာချာသစ်သင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments