ရေချိုးရင်းနဲ့ မျက်နှာမသစ်သင့်တဲ့အကြောင်းအရင်း (၅) ချက်

ရေချိုးရင်းနဲ့ မျက်နှာသစ်လိုက်တာက အချိန်ကုန်သက်သာတယ်လို့ ထင်ရပေမယ့် အသားအရေအတွက်တော့မကောင်းပါဘူး။ မျက်နှာအသားအရေက ခန္ဓာကိုယ်ပေါ်က အခြားအသားအရေထက် ထိလွယ်ရှလွယ်ပါတယ်။

အဲဒါကြောင့် ရေချိုးရင်းနဲ့ ဘာကြောင့်မျက်နှာမသစ်သင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဝက်ခြံတွေကို ပိုဆိုးလာစေခြင်း

ရေနွေးနဲ့ ရေချိုးတာက အသားအရေရဲ့သဘာဝအဆီတွေကိုပါ ပါသွားစေပါတယ်။ သဘာဝအဆီတွေက အသားအရေကို လှပစေတာပါ။

အသားအရေခြောက်သွေ့တတ်သူတွေက ရေချိုးရင်းနဲ့မျက်နှာသစ်ရင် အသားအရေပိုခြောက်ပြီး ဝက်ခြံတွေ ပိုထွက်လာစေပါတယ်။ အသားအရေခြောက်သွေ့သူတွေက ရေဓာတ်ဖြည့်ခရင်မ်ကိုလည်း များများလိမ်းပေးသင့်ပါတယ်။

၂။ အသားအရေ ပြောင်းလဲလာခြင်း

ရေချိုးရင်းနဲ့မျက်နှာသစ်ရင် အသားအရေက ပိုပြီးနီမြန်းလာပါတယ်။ ရေနွေးနဲ့ရေချိုးတာက မျက်နှာပေါ်က‌ သွေးကြောလေးတွေကို ကျယ်ကားလားစေပါတယ်။ ရေချိုးရင်းနဲ့မျက်နှာမသစ်ဘဲ မျက်နှာသစ်ဖို့ အချိန်သပ်သပ်ပေးသင့်ပါတယ်။

၃။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာခြင်း

ရေနွေးနဲ့အကြာကြီးချိုးရင် မျက်နှာပေါ်က သဘာဝအဆီတွေက လျော့ပါးလာပါတယ်။ သဘာဝအဆီတွေက မျက်နှာကို ရေဓာတ်ပြည့်အောင်လည်း ပြုလုပ်ပေးပါတယ်။ မျက်နှာမှာ ရေဓာတ်နည်းပါးတဲ့အခါမှာ အရေးအကြောင်းတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ဖြစ်ပေါ်လာပါတယ်။

၄။ အသားအရေက အထိမခံဖြစ်လာခြင်း

ရေချိုးရင်းနဲ့မျက်နှာသစ်တာက ပုံမှန်အသားအရေရှိသူတွေအတွက်တောင် မကောင်းပါဘူး။ ရေချိုးရင်းနဲ့မျက်နှာသစ်ရင် မျက်နှာက မိတ်ကပ်အကြွင်းအကျန်တွေက အကုန်လုံးမပြောင်စင်နိုင်တော့ပါဘူး။

အထူးသဖြင့် အေးတဲ့ရာသီဥတုတွေမှာ ရေနွေးနဲ့ ရေချိုးတာက အသားအရေခြောက်သွေ့ပြီး အသားအရေပြဿနာတွေ ပိုဖြစ်လာပါတယ်။

၅။ အသားအရေ ယားယံလာခြင်း

ရေအကြာကြီးချိုးပြီးနောက် မျက်နှာအသားအရေက အနည်းငယ် ယားယံလာပါတယ်။ အသားအရေယားယံတဲ့အချိန်က ခဏပဲ ကြာလေ့ရှိပါတယ်။

ဒါပေမယ့် ရေနွေးနဲ့ ပုံမှန်ရေချိုးပြီး မျက်နှာသစ်တဲ့အခါမှာ အသားအရေယားယံတာက အချိန်ကြာနေတတ်ပါတယ်။

Zombie (lovemedia)

Post a Comment

1 Comments