ကြွက်နို့တွေက papillomavirus ကြောင့်ဖြစ်ပေါ်လာပြီး လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်သွားနိုင်ပါတယ်။ ကြွက်နို့တွေက အန္တရာယ်မရှိပေမယ့် ကြည့်ရဆိုးစေပါတယ်။
အဲဒါကြောင့် ခန္ဓာကိုယ်မှာ ကြွက်နို့တွေ မပေါ်လာအောင် ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အခြားသူရဲ့ ပုဝါတွေကို ယူမသုံးသင့်ပါဘူး။
ပုဝါ၊ တဘက်တစ်ထည်တည်းကို အတူတူမျှသုံးတဲ့က အရေပြားပြဿနာတွေကို ပေါ်ပေါက်စေပါတယ်။ တစ်ယောက်ယောက်မှာ ကြွက်နို့ဖြစ်နေတဲ့အခါ တဘက်ကို အတူတူသုံးရင်းနဲ့ ကူးလာနိုင်ပါတယ်။
အဲဒါကြောင့် ပုဝါ၊ တဘက်နဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကို အခြားသူတွေနဲ့မျှမသုံးဘဲ တစ်ယောက်တည်းပဲ သုံးသင့်ပါတယ်။
၂။ အသားအရေကို ရေဓာတ်ဖြည့်ပါ။
အရေးအကြောင်းတွေ ကင်းစင်ဖို့နဲ့ နုပျိုဖို့အတွက် ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝဖို့လိုအပ်ပါတယ်။ ရေများများသောက်သင့်တဲ့အပြင် moisturizer ကိုလည်း ပုံမှန်လိမ်းပေးပါ။
အသားအရေခြောက်သွေ့တဲ့အခါမှာ papillomavirus က အလွယ်တကူ ကူးစက်ပြီး ခန္ဓာကိုယ်မှာ ကြွက်နို့တွေ ဖြစ်ပေါ်လာစေမှာပါ။
၃။ လက်သည်းကိုက်တဲ့အလေ့အကျင့်ကို ဖျောက်ပါ။
လက်သည်းကိုင်တာက ဖျောက်ဖို့ ခက်တဲ့အကျင့်တစ်ခုပါပဲ။ လက်သည်းကိုက်တာက သွားကျန်းမာရေးကိုလည် ထိခိုက်စေပါတယ်။ လက်သည်းကိုက်တာကြောင့် လက်သည်းကနေတစ်ဆင့် ဗိုင်းရပ်စ်ပိုးတွေက ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်ပါတယ်။
၄။ ရေကူးကန်မှာ ဖိနပ်စီးပါ။
ရေကူးကန်ဘောင်ပေါ်မှာ ဖိနပ်မစီးဘဲ ခြေဗလာနဲ့သွားရတာက ပျော်ဖို့ကောင်းပါတယ်။ ဒါပေမယ့် ရေကူးကန်ဘောင်ပေါ်မှာ လမ်းလျှောက်တဲ့အခါ ဖိနပ်စီးသင့်ပါတယ်။
ပူနွေးစိုစွတ်တဲ့ပတ်ဝန်းကျင်မှာ ဘက်တီးရီးယားတွေက အလွယ်တကူ ပေါက်ဖွားနိုင်ပါတယ်။ အသားအရေ စိုစွတ်ပြီး နူးညံ့နေတဲ့အချိန်မှာ papillomavirus က လွယ်လွယ်ကူကူ ကူးစက်နိုင်ပါတယ်။
၅။ ပွန်းရာ၊ ရှရာတွေကို ဖုံးအုပ်ထားပါ။
လက်မှာ ပွန်းရာ၊ ရှရာတွေရှိတဲ့အခါ ရေသေချာဆေးပြီး ပတ်တီးနဲ့ပတ်ထားတာက အနာမြန်မြန်ကျက်လွယ်စေပါတယ်။ ကြွက်နို့မဝင်လာအောင်လည်း ကာကွယ်ပေးပါတယ်။ အနာရှိတဲ့နေရာပေါ်မှာ ကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်အလွယ်တကူ ကူးစက်သွားနိုင်တာကြောင့်ပါ။
၆။ ကြွက်နို့ပေါ်ကို သင်တုန်းရိတ်တာကို ရှောင်ကြဉ်ပါ။
ခန္ဓာကိုယ်ပေါ်မှာ အမွေးအမျှင်တွေကို သင်တုန်းရိတ်တာက အချိန်ကုန်သက်သာပေမယ့် ကြွက်နို့ရှိနေတယ်ဆိုရင်တော့ သင်တုန်းမရိတ်သင့်ပါဘူး။ သင်တုန်းရိတ်တဲ့အခါ အရေပြားပေါ်မှာ ရှရာအသေးလေးတွေ ကျန်ခဲ့ပြီး ကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေ ပျံ့နှံ့သွားနိုင်ပါတယ်။
Zombie (lovemedia)
0 Comments