နှစ်မတူ၊ လမတူ၊ ရက်မတူဘဲ မွေးဖွားလာကြတဲ့ အမြွှာညီအစ်မနှစ်ဦး

အမြွှာလေးတွေက များသောအားဖြင့် တစ်နေ့တည်း၊ တစ်လတည်း၊ တစ်ရက်တည်းမွေးဖွားပြီး အချိန်လေးသာ ကွာခြားလေ့ရှိပါတယ်။ ဒါပေမယ့် Kili နဲ့ Cliff တို့ရဲ့ အမြွှာလေးတွေကတော့ ရက်မတူ၊ လမတူ၊ နှစ်မတူဘဲ မွေးဖွားလာတဲ့ကလေးတွေပါ။

Kili နဲ့ Cliff တို့ဇနီးမောင်နှံဟာ အမြွှာလေးတွေ မွေးတော့မယ်ဆိုတာ သိကတည်းက အရမ်းကို ပျော်ရွှင်ခဲ့ကြပါတယ်။


အမြွှာလေးတွေက ဘဝရဲ့အပျော်ရွှင်ဆုံးအရာတွေထဲက တစ်ခု ဖြစ်လာပါတယ်။ အဲဒါကြောင့် ကလေးလေးတွေအတွက် အသုံးအဆောင်ပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထားကြပါတယ်။


Kili နဲ့ Cliff တို့ဇနီးမောင်နှံဟာ ကလေးတွေကို တစ်ရက်တည်းမှာပဲ မွေးဖွားမယ်လို့ ထင်ခဲ့တာပါ။ ဒါပေမယ့် ကလေးတွေက ထင်ထားတာထက်ကို စောမွေးခဲ့ပြီး နှစ်မတူ၊ လမတူ၊ ရက်လည်း မတူခဲ့ပါဘူး။


အမြွှာမိန်းကလေးနှစ်ယောက်ကို နှစ်သစ်ကူးညသန်းခေါင်မှာ မွေးခဲ့တာကြောင့် ကလေးတစ်ယောက်ဟာ ၂၀၂၂ ဒီဇင်ဘာလ ၃၁ ရက်မွေးဖွားသူဖြစ်သွားပြီး နောက်ထပ်ကလေးတစ်ယောက်ကတော့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မွေးဖွားသူ ဖြစ်သွားခဲ့ပါတယ်။


Annie နဲ့ Effie တို့အမြွှာညီအစ်မနှစ်ဦးဟာ ကျန်းကျန်းမာမာနဲ့မွေးဖွားလာပြီး ကိုယ်အလေးချိန်က ၅.၅ ပေါင် ကိုယ်စီရှိကြပါတယ်။

Kili နဲ့ Cliff တို့အတွက် မမေ့နိုင်တဲ့အမှတ်တရကတော့ ကလေးတွေကို ထင်ထားတဲ့ရက်ထက် စောပြီးမွေးလာခဲ့တာပါ။ Annie ကို နှစ်သစ်ကူးည 11:55 pm မှာမွေးဖွားခဲ့ပြီး Effie ကိုတော့ ဇန်နဝါရီလ ၁ ရက်နေ့  12:1 am မှာ မွေးဖွားခဲ့ပါတယ်။


ကလေးနှစ်ယောက်က နှစ်မတူ၊ လမတူ၊ ရက်မတူဘဲ မွေးဖွားလာတာကြောင့် မိဘတွေသာမက ဆေးရုံက ဝန်ထမ်းတွေကပါ အံ့ဩပျော်ရွှင်နေခဲ့ကြပါတယ်။ မိဘနှစ်ပါးက သူတို့ရဲ့ကလေးတွကို ထူးထူးခြားခြားဖြစ်စေချင်တာပါ။


Annie နဲ့ Effie တို့အမြွှာညီအစ်မနှစ်ဦးရဲ့အကြောင်းက ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားပါတယ်။ Kili နဲ့ Cliff တို့ကတော့ အမြွှာသမီးလေးတွေကို ထူးထူးခြားခြားမွေးဖွားပြီး ကျန်းမာနေတာကြောင့် အရမ်းကို ပျော်ရွှင်နေကြပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments