ကွတ်ကီးကြိုက်သူတွေအတွက် ကွတ်ကီးမြည်းပေးပြီး လစာပါ ရမယ့်အလုပ်အကိုင်

သင်က ကွတ်ကီးကြိုက်တတ်သူဆိုရင်တော့ ကွတ်ကီးစားရမယ့်အပြင် လစာကောင်းကောင်းရမယ့် အလုပ်တစ်ခုရှိပါတယ်။ ကွတ်ကီးတွေကို စမ်းသပ်မြည်းပေးရုံနဲ့ ဝင်ငွေရလာနိုင်မှာပါ။

အင်္ဂလန်နိုင်ငံက Border Biscuits ကုမ္ပဏီဟာ သူတို့ရဲ့ထုတ်ကုန်တွေကို အကောင်းဆုံးဖြစ်ချင်တဲ့အတွက်ကြောင့် ကွတ်ကီးတွေကို မြည်းပေးမယ့်သူတွေကို ရှာဖွေနေတာပါ။ အဓိကတာဝန်ကတော့ ကွတ်ကီးတွေကို အရသာခံပြီး မြည်းပေးရမှာပါ။


ကွတ်ကီးမြည်းမယ့်အလုပ်ကို လျှောက်မယ့်သူတွေက တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့သူ၊ ခေါင်းဆောင်အရည်အချင်း၊ လိုက်လျောညီထွေနေထိုင်တတ်မှုတို့ လိုအပ်ကြောင်း Border Biscuits ကုမ္ပဏီက ဖော်ပြထားပါတယ်။


အစားအသောက်လုပ်ငန်းနဲ့ပတ်သက်တဲ့ ဘွဲ့တစ်ခုရရှိဖို့ လိုအပ်ပြီး မုန့်လုပ်ငန်း၊ မုန့်ထုတ်လုပ်ရေး၊ စီမံခန့်ခွဲမှုအတွေ့အကြုံလည်း လိုအပ်ပါသေးတယ်။


ကွတ်ကီးထုတ်လုပ်ပုံ၊ အရသာရောစပ်ပုံ၊ ချောကလက်ပြုလုပ်ပုံတွေကို နားလည်ရမှာပါ။ ကွတ်ကီးတွေကိုမြည်းပေးရမယ့် အလုပ်ဆိုပေမယ့်လည်း ထင်သလောက်လည်း မလွယ်ကူပါဘူး။ ဒါပေမယ့် မုန့်လုပ်ငန်းနဲ့အတွေ့အကြုံရှိသူတွေအတွက်တော့ အရမ်းကို အဆင်ပြေမှာပါ။


ကွတ်ကီးတွေကို အများကြီးစားလို့ရပြီး တစ်နှစ်ကို ၃၅ ရက် ခွင့်ယူလို့ရပါတယ်။ ဝင်ငွေကတော့ တစ်နှစ်ကို ဒေါ်လာ ၅ သောင်းနှစ်ထောင် ရရှိမှာပါ။ ဒီလစာက အင်္ဂလန်နဲ့ အမေရိကန်မှာရှိတဲ့ ပျမ်းမျှ လစာတွေထက်တောင် များနေပါသေးတယ်။


ကွတ်ကီးကြိုက်တတ်ပြီး မုန့်ထုတ်လုပ်ရေးလုပ်ငန်းမှာ ကျွမ်းကျင်သူတွေအတွက် လက်မလွှတ်သင့်တဲ့အလုပ်ပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments