Spa-salon ကို သွားဖို့အချိန်မရှိတဲ့အခါ အိမ်မှာတင် Spa-salon ကို ရောက်သွားသလို အတွေ့အကြုံမျိုးကိုဖန်တီးယူနိုင်ပါတယ်။ အိမ်မှာတင် Spa ပြုလုပ်နိုင်တာကြောင့် အကုန်အကျလည်း သက်သာပြီး စိတ်ရောကိုယ်ပါ အပန်းပြေစေမှာပါ။
၁။ ရေချိုးကန်ကို သန့်ရှင်းရေးပြုလုပ်ပါ။
အိမ်မှာတင် Spa ပြုလုပ်တော့မယ်ဆိုရင် ရေချိုးကန်ကို သန့်ရှင်းရေးလုပ်ပြီး ပုဝါတွေကိုလည်း အဆင်သင့်ပြင်ဆင်ထားပါ။
Spa မပြုလုပ်ခင်မှာ ပုဝါတွေကို ကြိုငတ်ပြီးတော့ အနွေးပေးထားတာက ပိုပြီးကောင်းမွန်ပါတယ်။ အိမ်မှာ Spa ပြုလုပ်ဖို့ အကောင်းဆုံးနေရာကတော့ ရေချိုးခန်းပါပဲ။
၂။ ပစ္စည်းတွေကို စုစည်းပါ။
အိမ်မှာတင် spa ပြုလုပ်ပြီး အနားယူမယ်ဆိုရင် ဖုန်းကို silent mode ပြုလုပ်ထားတာက ပိုကောင်းပါတယ်။ ဖုန်းခဏခဏလာနေရင် အပန်းပြေတာတွေ ပျောက်သွားနိုင်တာကြောင့်ပါ။
Spa ပြုလုပ်ရင်း သီချင်းနားထောင်တာကို သဘောကျရင် ငြိမ့်ညောင်းသာယာတဲ့သီချင်း၊ ရနံ့မွှေးတဲ့ဖယောင်းတိုင်၊ ပန်းရနံ့တို့ကိုပါ ပြင်ဆင်ထားနိုင်ပါတယ်။
၃။ မုန့်နဲ့ သောက်စရာများ
Spa-salon အများစုက မုန့်နဲ့ စားစရာတွေကို ပေးလေ့ရှိပါတယ်။ အဲဒါကြောင့် အိမ်မှာလည်း spa ပြုလုပ်တဲ့အခါ မုန့်နဲ့ သောက်စရာတွေကို ပြင်ဆင်ထားရင် ပိုပြီး ပျော်စရာကောင်းမှာပါ။
သံပုရာရည်၊ လက်ဖက်စိမ်းဖျော်ရည်၊ ကွတ်ကီး၊ ဆန်းဝှစ်ချ်၊ သစ်သီး စတဲ့ စားသောက်စရာတွေက spa-salon ကို တကယ်ရောက်သွားသလို ခံစားချက်မျိုး ပေးနိုင်ပါတယ်။
၄။ ပစ္စည်းကိရိယာများ
Spa ပြုလုပ်တော့မယ်ဆိုရင်
- လက်သည်းတိုက်တဲ့တံစဉ်း
- Hair mask
- မျက်နှာကြေးချွတ်ဆေး
- မျက်နှာအစိုဓာတ်ဖြည့် mask
- ဘရက်ရှ်
- ပေါင်းတဘက်
- မျက်နှာကိုနှိပ်ပေးတဲ့ ကိရိယာ စတဲ့ ပစ္စည်းကိရိယာတွေကို ပြင်ဆင်ထားနိုင်ပါတယ်။
၅။ အလှအပပစ္စည်းများ
Spa ပြုလုပ်မယ့်အမျိုးအစားပေါ်မူတည်ပြီး
- ပင်လယ်ဆား
- scrub
- ရေချိုးဆပ်ပြာရည်
- ခြေထောက်အတွက် mask
- နှိပ်နယ်ပေးတဲ့ဆီ
- ရေဓာတ်ဖြည့်ခရင်မ် စတဲ့အရာတွေကို ကြိုတင်ပြင်ဆင်ထားလို့ရပါတယ်။
၆။ ရေ
ရေချိုးကန်ထဲမှာ ထည့်စိမ်လိုက်တာနဲ့ ပင်ပန်းတာတွေ၊ ကြွက်သားတင်းနေတာတွေက ပြေလျော့သွားပါတယ်။ ရေချိုးကန်ထဲကို ကြက်သီးနွေးရေထည့်ပါ။
မိမိရဲ့အကြိုက်ပေါ်မူတည်ပြီး ပင်လယ်ဆား၊ ရေချိုးဆပ်ပြာ၊ ရနံ့ဆီ၊ ပန်းတို့ကိုလည်း ထည့်လို့ရပါသေးတယ်။ ရေချိုးကန်ထဲမှာ ရေစိမ်နေစဉ်မှာ မဂ္ဂဇင်းဖတ်တာ၊ စာအုပ်ဖတ်တာကလည်း စိတ်ကို အပန်းပြေစေပါတယ်။
၇။ ကြိုက်နှစ်သက်ရာကို ရွေးချယ်ပါ။
Spa ကို အိမ်မှာတင်ပြုလုပ်မယ့်အခါ နည်းလမ်း ၂ မျိုး ရွေးချယ်နိုင်ပါတယ်။ ပထမတစ်မျိုးကတော့ မျက်နှာနဲ့ ဆံပင်အတွက် mask အုပ်ထားပြီး ရေချိုးကန်ထဲမှာ အပန်းဖြေတာပါ။ ဒုတိယတစ်မျိုးကတော့ ခန္ဓာကိုယ်ကို နှိပ်နယ်ပြီး ခြေထောက်နဲ့ လက်တွေကို ရေဓာတ်ဖြည့်တာပါ။
Zombie (lovemedia)
0 Comments