ဇရာကို ဘယ်အရာကမှ မတားဆီးနိုင်ပါဘူး။ ဒါပေမယ့် အသက်ကြီးတဲ့အထိ နုပျိုလှပချင်တာက လူတိုင်းရဲ့ဆန္ဒပါပဲ။ အဲဒါကြောင့် ငွေကုန်သက်သာပြီး အမြဲနုပျိုလှပနေစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ စိတ်ဖိစီးမှုတွေကို လျှော့ချပါ။
စိတ်ဖိစီးမှုတွေများလေ ရုပ်ရည်က ပိုကျလာလေပါပဲ။ အမြဲတမ်းလိုလို စိတ်ဖိစီးမှုများတာကြောင့် ရှိသင့်တဲ့အရွယ်ထက် ပိုမိုအိုစာနေတ်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတဲ့နည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ပါတယ်။
၂။ အပေါင်းအသင်းများများဖွဲ့ပါ။
အိမ်မှာတစ်ယောက်တည်း အတွေးများပြီး အထီးကျန်နေတာက မြန်မြန်အိုလွယ်စေပါတယ်။ စိတ်ပျိုကိုယ်နုဆိုတဲ့အတိုင်း စိတ်ကို ပျော်ရွှင်အောင် ထားတာက နုပျိုစေတဲ့လျှို့ဝှက်ချက်ပါ။
အပေါင်းအသင်းသူငယ်ချင်းတွေနဲ့ အဆက်အသွယ်လုပ်တာ၊ အပြင်သွားတာ၊ ခရီးထွက်တာတို့က ကျန်းမာပျော်ရွှင်စေမှာပါ။
၃။ နည်းနည်းပဲ စားပါ။
အသက်ကြီးလာတဲ့အခါ နညး်နည်းပဲ စားခြင်းက အသက်ရှည်စေပါတယ်။ အစားအစာထဲမှာ ဘယ်ရီသီးတွေ၊ ချောကလက်၊ အစေ့အဆန်၊ ငါး၊ ထောပတ်သီး၊ နနွင်းစတာတွေကို နေ့စဉ်ထည့်သွင်းစားပေးသင့်ပါတယ်။
ဒီလိုအစားအစာတွေကို စားပေးတာက နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးပြီး အသားအရေကို လှပစေပါတယ်။
၄။ ဦးနှောက်ကို အလုပ်ပေးပါ။
ခန္ဓာကိုယ်ကျန်းမာဖို့ လေ့ကျင့်ခန်းလုပ်သင့်သလို ဦးနှောက်ကျန်းမာဖို့လည်း ဦးနှောက်ကို အလုပ်ပေးသင့်ပါတယ်။ စာအုပ်ဖတ်တာ၊ ဘာသာစကားအသစ်သင်ယူတာ၊ ဂိမ်းဆော့တာ စတဲ့နည်းလမ်းတွေက ဦးနှောက်ကို အမြဲလိုလို အလုပ်ပေးထားနိုင်တဲ့အရာတွေပါ။ အမြဲတမ်းလိုလိုလေ့လာနေတာက ဦးနှောက်ကို နုပျိုစေပါတယ်။
၅။ ကပါ။
ကတာက ခန္ဓာကိုယ်အတွက်ရော စိတ်အတွက်ပါ အကျိုးရှိစေပါတယ်။ ကတဲ့အခါမှာ စိတ်ဖိစီးမှုတွေလည်း လျော့ကျသွားပါတယ်။ အသက်အရွယ်အိုမင်းလွယ်တာက ကတာက နှေးသွားစေပါတယ်။
၆။ အိပ်ရာစောစောဝင်ပါ။
အမြဲတမ်းနုပျိုဖို့ဆိုရင် အိပ်ချိန်ပြည့်ဝဖို့ အရေးကြီးပါတယ်။ တစ်ရက်ကို အိပ်စက်ချိန် ၈ နာရီရှိမှသာ အသက်ကြီးတဲ့အခါ ကျန်းမာနေမှာပါ။ စောစောအိပ်တာက သွေးဖိအားကို လျော့ကျစေပြီး လေဖြတ်နဲ့ နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။
၇။ ဗီတာမင်ကို ထည့်သွင်းစားသုံးပါ။
အင်တီအောက်ဆီးဒင့်တွေက free radical တွေကို ကာကွယ်ပေးပါတယ်။ Selenium, vitamin E, vitamin C တို့က အသက်အရွယ်အိုမင်းရင့်ရော်တာကို နှေးသွားစေတဲ့ အင်တီအောက်ဆီးဒင့်တွေပါ။ Omega 3 ကလည်း အသားအရေအတွက် အကျိုးပြုတဲ့ အင်တီအောက်ဆီးဒင့်တစ်မျိုးပါပဲ။
Zombie (lovemedia)
0 Comments