ရုပ်ရည်ချောမောတဲ့သူတွေ single ဖြစ်နေရတဲ့အကြောင်းအရင်း (၅) ချက်

ရုပ်ရည်ချောမောလှပတဲ့အခါမှာ ရည်းစားတွေ ရှိလိမ့်မယ်လို့ အချို့က ထင်ကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အဲဒီလိုမဟုတ်ပါဘူး။ ရုပ်ရည်ချောမောလှပတဲ့သူတွေက single တွေဖြစ်နေတတ်ပါတယ်။

ဘယ်လိုအကြောင်းအရင်းတွေကြောင့် ရုပ်ချောတဲ့သူတွေ ရည်းစားမရလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သူတို့ရဲ့ ချောမောလှပမှုကို ရှိန်နေခြင်း

ရုပ်ချောတဲ့သူတွေကိုဆိုရင် အခြားသူတွေက လွယ်လွယ်နဲ့စကားလာ မပြောကြပါဘူး။ အရမ်းလှတဲ့ကောင်မလေးတွေနဲ့ စကားပြောရမှာကို ကောင်လေးတွေက တွေးပူနေတတ်ပါတယ်။

စကားသွားပြောလိုက်ရင် မထင်ထားတဲ့အရာတွေနဲ့ တုံ့ပြန်ခံရမှာကိုလည်း တွေးကြောက်ကြပါတယ်။ ချောမောလှပမှုတွေကို ရှိန်နေတာကြောင့် ရည်းစားရဖို့က ခက်ခဲနေတတ်ပါတယ်။

၂။ လှည့်စားမယ့်သူလို့ အများက တွေးထင်ခြင်း

ရုပ်ရည်ချောတဲ့သူတွေကို ရည်းစားများပြီး လှည့်စားလိမ့်မယ်လို့ အချို့တွေက ထင်မြင်ကြပါတယ်။ အချို့ကလည်း ရုပ်ရည်ချောမောတဲ့သူနဲ့ ရည်းစားတော်ထားရရင် သဝန်တိုနေရမှာ စိုးရိမ်တာကြောင့် ရုပ်ချောတဲ့သူတွေကိုရွေးမကြိုက်တော့ပါဘူး။

အမျိုးသမီးတွေကတော့ ရုပ်ရည်ချောမောတဲ့သူထက် ကြင်နာတတ်တဲ့သူကို ပိုပြီးစိတ်ဝင်စားကြပါတယ်။

၃။ ရည်းစားရှိပြီးသားလို့ ထင်ခြင်း

ရုပ်ရည်အရမ်းချောတဲ့သူတွေမှာ ရည်းစားမရှိဘူးလို့ ပြောလို့ ယုံဖို့ ခက်ခဲပါလိမ့်မယ်။ ရုပ်ရည်က ချောပြီးသားဖြစ်တာကြောင့် ရည်းစားရှိလောက်တယ်လို့ တွေးပြီး စကားလည်း လာမပြောကြတော့ပါဘူး။

ဒါပေမယ့် အချို့သော ရုပ်ရည်ချောမောသူတွေက ရည်းစားမထားချင်ဘဲ တစ်ယောက်တည်းအေးအေးဆေးဆေး နေချင်ကြပါတယ်။

၄။ ယုံကြည်မှုပေးတာနဲ့ပတ်သက်ပြီး ပြဿနာရှိခြင်း

ဆွဲဆောင်မှုရှိတဲ့မိန်းကလေးတွေ စိုးရိမ်တဲ့အချက်တစ်ခုကတော့ သူတို့ကို လှည့်စားသွားမှာစိုးတာကြောင့်ပါ။ အရင်က ရခဲ့ဖူးတဲ့ ဒဏ်ရာတွေကြောင့် ရည်းစားအသစ်ထားရမှာကို ကြောက်နေတတ်ကြပါတယ်။

ဘယ်သူ့ကို လွယ်လွယ်ကူကူ မချစ်ချင်တော့တာကြောင့် တစ်ယောက်တည်းပဲ နေဖြစ်သွားပါတော့တယ်။

၅။ ဇီဇာကြောင်ခြင်း

ရုပ်ချောတဲ့သူတွေက ဆွဲဆောင်မှုရှိသလို ဇီဇာလည်း ကြောင်ကြပါတယ်။ ရည်းစားရဖို့အတွက် သတ်မှတ်ထားတဲ့ စံနှုန်းတွေက များပြားနေပြီး စံနှုန်းနဲ့ကိုက်ညီတဲ့သူကလည်း ရှားပါးနေပါတယ်။ ရွေးရင်းရွေးရင်းနဲ့ အကြိုက်မတွေ့ဘဲ ဝါရင့် FA တွေ ဖြစ်သွားတတ်ကြပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments