သင့်ရဲ့ဖိနပ်မှာ အနံ့ဆိုးတွေရှိနေလို့ ဖယ်ရှားချင်တဲ့အခါ ဘာပစ္စည်းမှထွေထွေထူးထူး မလိုအပ်ပါဘူး။ အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့တင် ဖိနပ်က အနံ့ဆိုးတွေကို ဖယ်ရှားနိုင်ပါတယ်။
နည်းလမ်း ၁
အရက်ပြန်ကို ဖျန်းဘူးထဲမှာ ထည့်ပြီး ဖိနပ်ထဲကို ဖျန်းပေးပါ။ တစ်ညခန့်ထားပြီး နောက်နေ့မနက်မှာတော့ အနံ့ဆိုးတွေက သိသိသာသာ နည်းပါးသွားပါတယ်။
နည်းလမ်း ၂
ကြောင်သဲအနည်းငယ်ကို အိတ်ထဲမှာ ထည့်လိုက်ပါ။ အဲဒီအိတ်လေးကို ဖိနပ်ထဲမှာ ထည့်ပြီး တစ်ည ထားလိုက်ပါ။
နည်းလမ်း ၃
သံပုရာသီးခွံ သို့မဟုတ် လိမ္မော်ခွံကို ဖိနပ်ထဲမှာ ထည့်ထားလိုက်ပါ။ လိမ္မော်ခွံနဲ့ သံပုရာခွံတို့က ဖိနပ်က အနံ့ဆိုးတွေကို စုပ်ယူပေးပြီး ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားပေးပါတယ်။
နည်းလမ်း ၄
အမျိုးသမီးလစဉ်သုံးပစ္စည်းကို ဖိနပ်ရဲ့အတွင်းခုံအဖြစ် အသုံးပြုပါ။ Pad တွေက အနံ့ဆိုးတွေကို စုပ်ယူပေးတဲ့အပြင် ဖိနပ်စီးတဲ့အခါမှာလည်း ခြေထောက်မနာအောင် ကာကွယ်ပေးပါတယ်။
နည်းလမ်း ၅
ပလက်စတစ်အိမ်တစ်လုံးထဲမှာ မုန့်ဖုတ်ဆော်ဒါ၊ ပြောင်းကော်မှုန့်၊ ရနံ့ဆီတို့ ရောပြီး နှံ့သွားအောင် မွှေလိုက်ပါ။ ပြီးနောက် ရောထားတဲ့အမှုန့်တွေကို ဖိနပ်ထဲမှာ ဖြူးလိုက်ပြီး တစ်ညကြာထားလိုက်ပါ။ ဖိနပ်မစီးခင်မှာ အမှုန့်တွေအားလုံးကို ဖယ်ရှားပစ်ဖို့ မမေ့ပါနဲ့နော်။
နည်းလမ်း ၆
လက်ကိုင်ပုဝါထဲမှာ မုန့်ဖုတ်ဆော်ဒါတစ်ဇွန်းထည့်လိုက်ပါ။ လက်ကိုင်ပုဝါကို သေချာချည်လိုက်ပြီး ဖိနပ်ထဲမှာ တစ်ညခန့်ထားလိုက်ပါ။ မုန့်ဖုတ်ဆော်ဒါကလည်း အနံ့ဆိုးတွေကို စုပ်ယူပေးနိုင်တဲ့အစွမ်းရှိပါတယ်။
Zombie (lovemedia)
0 Comments