အခွံမာသီးတွေမှာ ပရိုတိန်း၊ ကျန်းမာရေးကို အကျိုးပြုတဲ့အဆီ၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ပါဝင်ပါတယ်။
ပုံမှန်စားသုံးပေးတဲ့အခါ ကိုယ်အလေးချိန်ကို ထိန်းပြီးသားဖြစ်စေပြီး ဆီးချိုရောဂါနဲ့ နှလုံးရောဂါကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။
အခွံမာသီးတွေကို ဝယ်လာပြီးနောက် ရေဆေးပြီးစားသင့်လား၊ ဒီတိုင်းပဲ စားသင့်လားဆိုတာ အမြဲဝေခွဲမရဖြစ်တတ်ပါတယ်။
များသောအားဖြင့် အခွံမာသီးတွေကို အသင့်စားလိုက်လို့ ရပါတယ်။ ဒါပေမယ့် မစားခင်မှာ ရေဆေးပြီးတော့ စားရင် ပိုကောင်းပါတယ်။ အခွံမာသီးတွေကို အိတ်နဲ့ထုတ်ထားတာမဟုတ်ရင်တော့ ရေဆေးပြီးစားသင့်ပါတယ်။
အခွံမာသီးနဲ့ အစေ့တွေကို ဘယ်လိုမျိုး ရေဆေးမလဲ။
အခွံမာသီးတွေကို ရေဆေးရတာ အရမ်းလွယ်ကူပါတယ်။ အထုတ်ထဲကနေ ဖောက်ပြီး သေသေချာချာ ပွတ်တိုက်ဆေးကြောပေးရုံပါပဲ။
ဒါပေမယ့် အခွံမာသီးတွေကို ရေဆေးတဲ့အခါ ဆပ်ပြာ သို့မဟုတ် အရောင်ချွတ်ဆေးကိုတော့ အသုံးမပြုသင့်ပါဘူး။ ဆပ်ပြာနဲ့ အစွန်းချွတ်ဆေးတို့ကို အသုံးပြုတာက ကျန်းမာရေးအတွက် အရမ်းထိခိုက်နိုင်တာကြောင့်ပါ။ ဆပ်ပြာနဲ့ ဆေးကြောပြီးသွားတဲ့အခါ မစားသင့်တော့ပါဘူး။
အချို့တွေက အခွံမာသီးတွေကို မစားခင်မှာ ရေစိမ်ထားတတ်ကြပါတယ်။ ဒါပေမယ့် အခွံမာသီးတွေကို ရေစိမ်ထားဖို့ မလိုအပ်ပါဘူး။ အခွံမာသီးတွေရဲ့အခွံတွေမှာ phytochemicals ပါဝင်ပါတယ်။
ရေစိမ်လိုက်တဲ့အခါမှာ အခွံမာသီးတွေရဲ့ အင်တီအောက်ဆီးဒင့်တွေက ပါသွားတတ်တာကြောင့်ပါ။ အဲဒါကြောင့် အခွံမာသီးတွေကို ရေမစိမ်ဘဲ စားတာက ပိုပြီး အာနိသင်ရှိစေမှာပါ။
Zombie (lovemedia)
0 Comments