ငွေစုမယ်လုပ်တိုင်း သုံးမိသွားတဲ့သူတွေအတွက် အလွယ်ကူဆုံးငွေစုနည်း

အိမ်အသစ်ဝယ်ဖို့၊ ကားဝဘ်ဖို့၊ ပညာဆက်သင်ဖို့၊ ခရီးထွက်ဖို့ စတဲ့အချက်တွေကြောင့် ငွေစုဖို့က မဖြစ်မနေလိုအပ်လာပါတယ်။ ဒါပေမယ့် ငွေကို ခဏအတွင်းစုမိဖို့က ခက်ခဲပါတယ်။

ငွေတွေ စုထားလိုက်၊ သုံးမိလိုက်ဖြစ်နေပြီး ငွေစုမိဖို့ ခက်နေသူအတွက် အလွယ်ကူဆုံး ငွေစုနည်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဝင်ငွေကို ရာခိုင်နှုန်းနဲ့ တွက်လိုက်ပါ။

တစ်လတာ ရလာတဲ့ဝင်ငွေရဲ့ ၁၀ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းခန့်ကို စုပြီး ကျန်တာကိုသာ သုံးပါ။ အဲဒီအခါ တစ်လတာဝင်ငွေကို အများကြီးစုစရာလည်း မလိုအပ်တော့ဘဲ ဘယ်လောက်စုမိနေလဲဆိုတာကို လွယ်လွယ်ကူကူ ခန့်မှန်းနိုင်ပါတယ်။ ဒီနည်းလမ်းကို လတိုင်းပြုလုပ်နိုင်တဲ့အခါ အရမ်းလျှော့သုံးစရာမလိုဘဲ ငွေလည်း အမြောက်အများစုမိပါတယ်။

၂။ တစ်ခါသုံးတိုင်း စုဘူးထဲမှာ ငွေတစ်ခါထည့်ပါ။

ငွေကို အများကြီး မစုမိသူတွေအတွက် စုဘူးတစ်ဘူးပဲ လိုအပ်ပါတယ်။ ဥပမာအားဖြင့် ၅ ထောင်တန်ပစ္စည်းတစ်ခုကို ဝယ်လိုက်ပြီဆိုရင် တစ်ထောင်ကျပ်ကို စုဘူးထဲ ထည့်လိုက်ပါ။

ပစ္စည်းတစ်ခုဝယ်တိုင်း စုဘူးထဲမှာ ငွေတစ်ခါစုပါ။ အဲဒီအခါ အသုံးစရိတ်ကိုလျှော့စရာမလိုတော့ဘဲ ငွေလည်း စုမိသွားပါတယ်။

၃။ ဘဏ်ကရလာတဲ့အတိုးကို ပြန်စုပါ။

ဘဏ်မှာအပ်ထားတဲ့ငွေကနေ ရလာတဲ့အတိုးကို အကုန်ထုတ်မသုံးဘဲ ရာခိုင်နှုန်းအနည်းငယ်ကို ပြန်စုပါ။ ဒီနည်းက ငွေအမြောက်အများ မစုမိစေပေမယ့် အချိန်ကြာလာတဲ့အခါမှာတော့ သိသာတဲ့ပမာဏကို ရရှိလာစေမှာပါ။

၄။ အသုံးစရိတ်တစ်မမျိုးကို လျှော့လိုက်ပါ။

အလုပ်သွားတိုင်း ဝယ်သောက်တတ်တဲ့ ကော်ဖီ သို့မဟုတ် ချောကလတ်ဖိုးကို လျှော့ချလိုက်ပါ။ နေ့စဉ်ကော်ဖီဝယ်သောက်မယ့်ငွေတွေကို စုထားလိုက်ရင် ကြာလာတဲ့အခါမှာ ငွေတော်တော်များများ စုမိလာမှာပါ။ ဒါမှမဟုတ် အပိုသုံးနေတဲ့အရာတွေကို လျှော့ချလိုက်ပါ။

၅။ ၃၆၅ နည်းလမ်း

တနင်္လာနေ့မှာ တစ်ထောင်၊ အင်္ဂါနေ့မှာ နှစ်ထောင်၊ ဗုဒ္ဓဟူးနေ့မှာ ၃ ထောင် စတဲ့နည်းလမ်းနဲ့ တစ်ပတ်လုံး တစ်ထောင်စီ တိုးပြီး စုသွားပါ။ နောက်တစ်ပတ်တနင်္လာနေ့ရောက်ရင် တစ်ထောင်ကနေ ပြန်စုပါ။

ဒီနည်းလမ်းက တစ်ပတ်ကို ၂၈၀၀၀ စုမိစေပြီး နှစ်ကုန်တဲ့အခါမှာတော့ ငွေပမာဏအများကြီး စုမိသွားမှာပါ။ ဒါပေမယ့် ဒီနည်းကို အသုံးပြုရင် စိတ်ရှည်ဖို့ကတော့ အဓိကပါပဲ။

၆။ ၃၆၅ နည်းလမ်းနဲ့ ဝင်ငွေကို ရာခိုင်နှုန်းနဲ့ တွက်တဲ့နည်း

ဒီနည်းလမ်းကလည်း စုရတာ အရမ်းမသိသာဘဲ ငွေစုဖြစ်စေတဲ့နည်းပါ။ ဇန်နဝါရီလမှာ ဝင်ငွေကို တစ်ရာခိုင်နှုန်း၊ ဖေဖော်ဝါရီလမှာ ဝင်ငွေရဲ့ ၂ ရာခိုင်နှုန်း စုသွားပြီး ဒီဇင်ဘာလမှာတော့ ဝင်ငွေရဲ့ ၁၂ ရာခိုင်နှုန်း စုရမှာပါ။ ငွေကို သိသိသာသာ အများကြီး စုစရာမလိုဘဲ အချိန်ကြာလာရင် များပြားတဲ့ပမာဏကို ရရှိစေမယ့် ငွေစုနည်းပါပဲ။

Bonus

- ငွေစတင်မစုခင်မှာ စုမယ့်ပမာဏနဲ့ ကြာချိန်ကို တွက်ချက်လိုက်ပါ။ အဲဒီအခါ ငွေက မြန်မြန်ပိုစုမိစေပါတယ်။

- ငွေစုတဲ့အခါမှာ ဘဏ်အကောင့်ထဲမှာ စုပါ။ အတိုးလည်း ရတဲ့အပြင် လွယ်လွယ်ကူကူ ထုတ်မသုံးဖြစ်တော့ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments