သင့်အိမ်မှာ အမြဲတမ်းစိတ်ကြည်လင်ဖို့ ဘယ်လို air fresher ရနံ့လေးတွေ ရွေးချယ်သင့်လဲ

ရနံ့တွေမှာ စွမ်းအားတွေ ရှိပါတယ်။ ရနံ့တွေက လူသားတွေကို စိတ်ကြည်လင်စေသလို အတိတ်ကိုလည်း ပြန်အမှတ်ရစေပါတယ်။ ရနံ့တွေက စိတ်အခြေအနေနဲ့ ကျန်းမာရေးကို သက်ရောက်မှုရှိစေပါတယ်။

အဲဒါကြောင့် သင့်အိမ်မှာ အမြဲတမ်း စိတ်ကြည်လင်ဖို့ ဘယ်လို air fresher ရနံ့လေးတွေ ရွေးချယ်သင့်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ စန္ဒကူးရနံ့

ဧည့်သည်တွေက အိမ်ထဲကို ဝင်လိုက်တာနဲ့ ပထမဆုံးသတိထားမိတာကတော့ ရနံ့ပါ။ စန္ဓကူးရနံ့၊ ဗနီလာရနံ့၊ သစ်ကြံပိုးရနံ့air fresher တို့က လူတွေရဲ့စိတ်ကို တည်ငြိမ်စေပါတယ်။

အကောင်းမြင်တဲ့အတွေးအခေါ်တွေ ရရှိစေပါတယ်။ အဲဒီလိုရနံ့လေးတွေကို ရလိုက်တာနဲ့ ဧည့်သည်တွေအတွက် အိမ်ရှင်ရဲ့နွေးထွေးမှုတွေကို ရရှိစေပါတယ်။

၂။ ပန်းရနံ့

ရနံ့ပြင်းတဲ့ရေမွှေးတွေက ခေါင်းကိုက်စေပါတယ်။ ဧည့်ခန်းမှာ အမွှေးရနံ့တွေထားမယ်ဆိုရင် ပန်းရနံ့လေးတွေက အရမ်းအဆင်ပြေစေပါတယ်။ စံပယ်ရနံ့၊ နှင်းဆီရနံ့တို့က လတ်ဆတ်တဲ့လေထုကို ဖန်တီးပေးပါတယ်။ ဒါ့အပြင် သစ်သီးရနံ့လေးတွေကလည်း စိတ်ကို ကြည်လင်စေပါတယ်။

၃။ သံပုရာရနံ့

မီးဖိုခန်းထဲမှာ ညှော်နံ့တွေနဲ့ ဟင်းနံ့တွေက ပျံ့နှံ့နေပါတယ်။ မီးဖိုထဲက ပြင်းတဲ့အနံ့တွေကို ပျောက်ဖို့အတွက် ပန်းသီးရနံ့၊ လိမ္မော်သီးရနံ့၊ သံပုရာရနံ့တို့က အထိရောက်ဆုံးပါ။

ရေနွေးတွေ ဆူပွက်လာတဲ့အခါ သံပုရာစိပ်လေးတွေကို ထည့်လိုက်ပြီး ရလာတဲ့ရနံ့ကလည်း အနံ့ဆိုးတွေကို ဖယ်ရှားပေးပါတယ်။

၄။ ဆေးဖက်ဝင်အပင်ရနံ့

ထမင်းစားခန်းထဲကို ဝင်လိုက်တာနဲ့ အစားစားချင်စိတ်တွေ ပိုဖြစ်လာအောင် ရနံ့လေးတွေက လှုံ့ဆော်ပေးနိုင်ပါတယ်။ ရို့စ်မေရီ၊ ပျားရည်၊ သံပုရာရနံ့တို့က ထမင်းစားခန်းထဲမှာ ဖျန်းလို့ကောင်းတဲ့ air fresher ရနံ့လေးပါ။

ဒါ့အပြင် စမုန်ဖြူ၊ ကရဝေးရနံ့ထုပ်လေးတွေကိုလည်း ထမင်းစားခန်းထဲမှာ ထည့်ထားရုံနဲ့ အစားစားချင်စိတ်တွေ ဖြစ်ပေါ်လာပါတယ်။

၅။ သစ်သီးရနံ့

ရေချိုးခန်းထဲမှာ ရနံ့ပါတဲ့ဖယောင်းတိုင်လေးတွေကို ရေချိုးနေစဉ်အတွင်း ထွန်းထားရင် စိတ်အပန်းပြေစေပါတယ်။ စိတ်ကို တည်ငြိမ်စေပြီး အတွေးသစ်တွေ ပေါ်ပေါက်လာအောင်လည်း ကူညီပေပါတယ်။

နှင်းဆီရနံ့၊ ထင်းရှူးရနံ့၊ စတော်ဘယ်ရီးရနံ့၊ ပန်းသီးရနံ့air fresher တို့က spa ရောက်သွားသလို ခံစားမှုကို ပေးနိုင်ပါတယ်။

၆။ လာဗင်ဒါပန်းရနံ့

ညဘက်အိပ်မပျော်တဲ့အခါမှာ အခန်းထဲမှာ လာဗင်ဒါပန်းရနံ့ air fresher ကို အသုံးပြုပါ။ လာဗင်ဒါက စိတ်ပင်ပန်းတာတွေကို လျော့ကျစေပြီး မြန်မြန်အိပ်ပျော်စေပါတယ်။

ပန်းရနံ့နဲ့ သစ်သီးရနံ့တို့ကလည်း ညဘက်မှာ လွယ်လွယ်ကူကူ အိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။

၇။ ပူဒီနာရနံ့

Northumbia တက္ကသိုလ်ရဲ့လေ့လာချက်တစ်ခုအရ ပူဒီနာရနံ့နဲ့ ပက်ပါမင့်ရနံ့ air fresher တို့က မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။ ဂျင်ဆင်းရနံ့ကလည်း စိတ်မကြည်လင်တာတွေကို ခဏအတွင်း ကြည်လင်အောင် ပြုလုပ်ပေးပါတယ်။

ကော်ဖီရနံ့ air fresher က အားအင်တွေ တိုးလာသလို ခံစားရစေပြီး သစ်ကြံပိုးရနံ့ air fresher ကတော့ အာရုံစိုက်နိုင်အောင် ကူညီပေးပါတယ်။

Bonus

ကြက်သွန်နီတစ်လုံးကို တစ်ခြမ်းခြမ်းပြီး အိပ်ရာဘေးမှာ ထားအိပ်ရင် လေထုထဲက ဘက်တီးရီးယားတွေနဲ့ အဆိပ်အတောက်တွေကို စုပ်ယူပေးတယ်လို့ အချို့တွေက ယုံကြည်ကြပါတယ်။ ဒါပေမယ့် အဲဒီအချက်က မမှန်ကန်ဘဲ ကြက်သွန်နီအနံ့ကြောင့် ခေါင်းကိုက်စေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments