ကမ္ဘာပေါ်မှာ တစ်နှစ်ကို ပျမ်းမျှအားဖြင့် အမှိုက်တန်ချိန်ပေါင်း ၂.၀၁ ဘီလီယံခန့် ထွက်ပါတယ်။ အမှိုက်အားလုံးပေါင်းရဲ့ ၉၁ ရာခိုင်နှုန်းက ပလက်စတစ်အမှိုက်တွေ ဖြစ်ပြီးတော့ ပြန်လည်အသုံးပြုလို့လည်း မရပါဘူး။
အဲဒါကြောင့် လှပတဲ့ကမ္ဘာကြီးကို ကူညီဖို့ ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေရဲ့ အသုံးဝင်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ငှက်ပျောသီးခွံ
ငှက်ပျောသီးခွံကို သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်ပါတယ်။ ငှက်ပျောသီးခွံမှာ ဗီတာမင်တွေ အများကြီးပါဝင်ပါတယ်။
ငှက်ပျောသီးခွံကို အခြောက်လှမ်း၊ အမှုန့်ကြိတ်ပြီးနောက် အပင်ခြေရင်းမှာ ထည့်ပေးနိုင်ပါတယ်။ အရေပြားပေါ်မှာ အမာရွတ်တွေ ရှိတဲ့အခါ ငှက်ပျောသီးခွံနဲ့ ပွတ်တိုက်ပေးရုံနဲ့ အမာရွတ်တွေ ပါးသွားပါတယ်။
၂။ စက္ကူလိပ်
တစ်ရှူးစက္ကူတွေကို လိပ်ထားပေးတဲ့ ကတ်ထူလိပ်လေးတွေကို နေရာတော်တော်များများမှာ အသုံးပြုနိုင်ပါတယ်။ ဘောပင်၊ စုပ်တံ၊ ခဲတံတို့ကို တစ်စုတစ်စည်းတည်းထည့်ဖို့ အသုံးဝင်ပါတယ်။ ငှက်ကလေးတွေရဲ့အစာကို ကတ်တူလိပ်မှာ ကပ်ပြီး ချိတ်ဆွဲပေးထားလို့လည်း ရပါတယ်။
၃။ ကြက်ဥကတ်
ကြက်ဥကတ်လေးတွေကိုလည်း ပြန်လည်အသုံးချနိုင်ပါတယ်။ ကြက်ဥကတ်ထဲမှာ မြေကြီးထည့်ပြီး အပင်ပေါက်လေးတွေကို ပျိုးထားနိုင်သလို ကြယ်သီး၊ ဖဲပြား၊ ကလစ်လေးတွေကိုလည်း ထည့်သိမ်းထားနိုင်ပါတယ်။
၄။ ဆေးဘူးအခွံ
ဆေးဘူးအခွံလေးတွေကလည်း အလကားဖြစ်မသွားပါဘူး။ ဆေးဘူးအခွံထဲမှာ ပဲစေ့လေးတွေကို ထည့်သိမ်းထားနိုင်ပါတယ်။ အိမ်သော့ကို ဖွက်ထားဖို့ဆိုရင်လည်း အဆင်ပြေတဲ့နေရာပါ။
၅။ ကြက်ဥအခွံ
ကြက်ဥအခွံကို ကြက်ပေါက်စလေးတွေကို ကျွေးလို့ရပါတယ်။ နည်းနည်းတော့ ထူးဆန်းနေပေမယ့်လည်း ကြက်ဥအခွံမှာ ကယ်လ်ဆီယမ်ပါဝင်လို့ ကြက်ကလေးတွေက ကြက်ဥအခွံကို စားပါတယ်။ ကြက်ဥအခွံကို ချေပြီး အပင်ချေမှာ ထားပေးရင် အပင်ကို ခရုမစားတော့ပါဘူး။
၆။ သတင်းစာအဟောင်း
မှန်တွေ၊ မှန်ပြတင်းပေါက်တွေကို ရေစိုဝတ်နဲ့သန့်ရှင်းရေးလုပ်ပြီးရင် အစင်းကြောင်းတွေ ကျန်နေခဲ့တတ်ပါတယ်။ အဲဒီအခါ သတင်းစာရွက်အဟောင်းလေးနဲ့ ပွတ်တိုက်လိုက်ပါ။ သတင်းစာရွက်အဟောင်းက ဈေးသက်သာပြီး မှန်တွေကို တောက်ပြောင်သွားစေပါတယ်။
၇။ အသားတွေကနေ ထွက်လာတဲ့အဆီ
အသားတွေကို ချက်ပြီးနောက် ထွက်လာတဲ့ဆီတွေက အလကားမဖြစ်သွားပါဘူး။ အဲဒီဆီတွေကို အအေးခံပြီး ပြတင်းပေါက်အပြင်မှာ ထားလိုက်ရင် ငှက်လေးတွေ လာစားကြပါတယ်။
ဒါ့အပြင် အသားကနေ ထွက်လာတဲ့ဆီတွေနဲ့ ဒယ်အိုးကို ပွတ်တိုက်ပေးရင် ဒယ်အိုးသံချေးတက်တာကိုလည်း ကာကွယ်ပေးပါတယ်။
၈။ လက်ဖက်ခြောက်အိတ်
လက်ဖက်ခြောက်ကို သောက်ပြီးတဲ့အခါ အိတ်ကလည်း အသုံးဝင်ပါသေးတယ်။ အသုံးပြုပြီးတဲ့ လက်ဖက်ခြောက်အိတ်လေးကို မျက်လုံးအောက်မှာ ကပ်ပေးရင် မျက်ကွင်းညိုတာ သက်သာပါတယ်။ ရေချိုးတဲ့အခါ ရေဇလုံထဲကို ထည့်စိမ်ထားရင် အသားအရေအတွက် အကျိုးပြုပါသေးတယ်။
Zombie (lovemedia)
0 Comments