ငရဲပြည်ကို ရောက်သွားပြီး ငရဲပြည်မှာ Rihanna သီချင်းဖွင့်တာကို ကြားခဲ့ရတဲ့ဘုန်းကြီး

Gerald Johnson ဟာ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ သူဟာ နှလုံးရောဂါကြောင့် ခဏသေသွားပြီး ငရဲပြည်ကို သွားလည်ခဲ့ကြောင်း၊ ပြီးနောက် ပြန်လည်ရှင်သန်လာကြောင်း ဗွီဒီယိုတစ်ခုမှာ ပြောပြထားပါတယ်။

"ကျွန်တော့်ရဲ့ခန္ဓာကိုယ်ထဲကနေ ဝိဉာဉ်က ထွက်သွားတယ်။ ကျွန်တော်ထင်တာကတော့ ကောင်းကင်ဘုံကို ရောက်သွားမယ်ထင်ခဲ့တာ။ ဘာလို့လဲဆို‌တော့ အသက်ရှင်စဉ်တုန်းက လူတွေအများကြီးကို ကူညီခဲ့တယ်လေ။ ဘုရားသခင်ရဲ့အလိုတော်အတိုင်း ဆောင်ရွက်ခဲ့တယ်။


ဒါပေမယ့် လုံးဝဆန့်ကျင်ဘက်ပဲ။ ကျွန်တော်သေသွားတော့ ငရဲပြည်ကို ရောက်သွားတယ်။ ကမ္ဘာကြီးရဲ့အလယ်ဗဟိုမှာရှိတဲ့ ငရဲပြည်ကို ရောက်သွားတယ်" လို့ ဗွီဒီယိုထဲမှာ ပြောပြထားပါတယ်။

နောက်ထပ်အံ့ဩစရာတစ်ခုကတော့ သူ့ရဲ့ငရဲပြည်အတွေ့အကြုံပါ။

"ငရဲပြည်ကို ရောက်တဲ့အခါ လူတွေက ခွေးတွေလိုမျိုး ခြေလေးချောင်းနဲ့ လမ်းလျှောက်နေကြပါတယ်။ ခေါင်းကနေ ခြေထောက်အထိ မီးတွေလည်း လောင်မြိုက်နေတယ်။


သူတို့ရဲ့ မျက်လုံးတွေက ထင်ထားတာကို အရမ်းကို ကြောက်စရာကောင်းတာ...။ ငရဲသားတွေရဲ့လည်ပင်းမှာလည်း ကြိုးတွေ ဆွဲထားသေးတယ်။ နောက်ထပ်ထူးဆန်းတာတစ်ခုကတော့ ငရဲသားတွေက သီချင်းတွေ ဆိုနေတာပဲ။

သူတို့ဆိုနေတဲ့ သီချင်းက Rihanna ရဲ့ Umbrella သီချင်းနဲ့ Bobby McFerrin ရဲ့ Don't Worry Be Happy သီချင်းတွေ..." လို့ ဘုန်းတော်ကြီး Gerald Johnson က ပြောပြခဲ့ပါတယ်။

ငရဲပြည်မှာ သီချင်းတွေ ဖွင့်ပြတဲ့နေရာတစ်နေရာရှိကြောင်း၊ အဲဒီသီချင်းတွေကို ကမ္ဘာပေါ်ကနေတောင် ကြားရကြောင်း ထပ်မံပြောပြပါသေးတယ်။

လူသားတွေရဲ့ သီချင်းစာသားတွေကို ငရဲပြည်အထိပါ ကျော်ကြားကြောင်း၊ ကမ္ဘာပေါ်က လူတွေကို ထိန်းချုပ်‌ဖို့ ငရဲသားတွေက သီချင်းစာသားတွေကို ပေးခဲ့တာဖြစ်နိုင်ကြောင်း ဘုန်းတော်ကြီး Gerald Johnson က ဖော်ပြထားပါသေးတယ်။


သူ့ရဲ့ငရဲပြည်အတွေ့အကြုံကို ပြောပြတဲ့ဗွီဒီယိုဖိုင်က တစ်ခဏအတွင်း လူအများကြား ပျံ့နှံ့သွားပြီး ဝေဖန်မှုတွေကိုလည်း အကြီးအကျယ်ခံနေရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments