ကြက်သွန်နီလှီးတဲ့အခါ၊ ကြက်သွန်နီထောင်းတဲ့အခါ မျက်ရည်တွေကျလာတာက အရမ်းကို နေရခက်စေပါတယ်။ ဒါပေမယ့် ကြက်သွန်လှီးတဲ့အခါ မျက်ရည်တွေ ကျမလာအောင် ပြုလုပ်လို့ရမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။
ကြက်သွန်နီသင်တဲ့အခါ၊ လှီးတဲ့အခါ၊ ထောင်းတဲ့အခါ ဘာ့ကြောင့် မျက်ရည်ကျတာလဲ။
ကြက်သွန်နီမှာ amino acid နဲ့ sulfoxides ဆိုတဲ့ organic molecule တွေပါဝင်ပါတယ်။ ကြက်သွန်လှီးတဲ့အခါမှာ အလွန်သေးငယ်တဲ့ဆဲလ်တွေက ပျက်သွားပါတယ်။
amino acid နဲ့ sulfoxides က အလွန်သေးငယ်တဲ့ဆဲလ်တွေနဲ့ ထိတွေ့တဲ့ပြီးနောက် မျက်ရည်ကျစေတဲ့ gas အဖြစ်ပြောင်းလဲသွားပါတယ်။ အဲဒီ gas က မျက်ရည်ဂလင်းနဲ့ ထိတွေ့တဲ့အခါ မျက်ရည်တွေ ကျလာပါတယ်။
မျက်ရည်မကျအောင်လို့ ကြက်သွန်နီလှီးနည်း
- ကြက်သွန်နီလှီးတော့မယ်ဆိုရင် ဓားထက်ထက်ကို အသုံးပြုပါ။ ခပ်တုံးတုံးဓားနဲ့ လှီးတာက ကြက်သွန်နီရဲ့အမြေးပါးကို ထိခိုက်စေပြီး မျက်ရည်ပိုကျလာစေပါတယ်။
- ကြက်သွန်နီသင်တဲ့အခါ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ပြုလုပ်ပါ။
- မျက်မှန် သို့မဟုတ် ဟင်းချက်မျက်မှန်ကို တပ်ပြီး ကြက်သွန်နီလှီးရင် မျက်ရည်ကျတာ သက်သာပါတယ်။
- ကြက်သွန်နီကို ထက်ခြမ်းခြမ်းပြီး ရေခဲသေတ္တာထဲမှာ မိနစ် ၃၀ ခန့် ထားပါ။ အေးနေတဲ့ကြက်သွန်နီကို လှီးတဲ့အခါ မျက်ရည်မကျတော့ပါဘူး။
- ကြက်သွန်နီလှီးတဲ့အခါမှာ ကြက်သွန်ရဲ့အမြစ်နားကနေ စပြီးတော့ လှီးပါ။
- ရေစိုနေတဲ့ပုဝါကို လည်ပင်းမှာ ပတ်ပြီး ကြက်သွန်နီလှီးရင်လည်း မျက်ရည်တွေ ကျမလာတော့ပါဘူး။
- ကြက်သွန်နီကို လှီးပြီးနောက် မျက်လုံးကို မထိသင့်ပါဘူး။ ကြက်သွန်နီလှီးပြီးတဲ့အခါမှာ အနံ့တွေ ပြောင်အောင်လို့ သေသေချာချာဆေးကြောပါ။
Zombie (lovemedia)
0 Comments