သင့်ရဲ့ကားနောက်က တစ်ယောက်ယောက် နောက်ယောင်ခံလိုက်နေတဲ့အခါ ပြုလုပ်သင့်တဲ့အချက် (၆) ချက်

နာမည်ကြီးသူတွေပဲ နောက်ကနေ စုံစမ်းထောက်လှမ်းခံရတာမဟုတ်ပါဘူး။ နောက်ကနေ တကောက်ကောက်လိုက်ပြီး မျက်စိဒေါက်ထောက်ကြည့်ခံရတာကို သာမန်လူတွေလည်း ကြုံရတတ်ပါတယ်။

သင့်နောက်ကနေ တစ်ယောက်ယောက်က နောက်ယောင်ခံလိုက်နေတဲ့အခါမှာ ဒီအချက်တွေကို ပြုလုပ်နိုင်ပါတယ်။

၁။ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ။

သင့်ကားနောက်ကို တစ်ယောက်ယောက်က နောက်ယောင်ခံလိုက်နေတဲ့အခါ အရမ်းကြောက်မသွားဘဲ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ။ အတွေးလွန်နေတာတွေကို ဖယ်ရှားပြီး ကားကို ကွေ့လိုက်ပါ။

ညာဘက်ကို ကပ်မောင်းပြီး အရှိန်ကို လျှော့ချလိုက်ပါ။ သင့်နောက်ကနေ လိုက်နေတဲ့ကားကလည်း အရှိန်ကို လျှော့ချလိုက်တဲ့အချိန်မှာ သူ့ရဲ့မျက်နှာနဲ့ ကားနံပါတ်၊ အရောင်၊ အသွင်အပြင်တို့ကို မှတ်ထားလိုက်ပါ။

၂။ ဆက်မောင်းပါ။

လုံခြုံဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ကားကို ဆက်မောင်းတာပါ။ ကားရဲ့တံခါးတွေကို လော့ချထားပြီး မှန်ပြတင်းတွေကိုလည်း ပိတ်ထားလိုက်ပါ။ ကားပေါ်ကနေ လုံးဝမဆင်းသင့်ပါဘူး။

၃။ အိမ်ကို မပြန်ပါသေးနဲ့ဦး။

သင့်ရဲ့ကားနောက်ကနေ လိုက်နေတဲ့သူက သင့်အကြောင်းကို သိပ်မသိသေးပါဘူး။ အိမ်ကို တစ်ခါတည်းပြန်သွားရင် သင့်အိမ်ရဲ့တည်နေရာကိုပါ သိသွားနိုင်ပါတယ်။

အဲဒါကြောင့် ရဲစခန်းကိုသာ မောင်းသွားလိုက်ပါ။ ရဲစခန်းရောက်ရင်တောင် ကားထဲကနေ မထွက်သေးဘဲ ရဲအရာရှိလာတဲ့အထိ ကားထဲမှာပဲ စောင့်နေပါ။

၄။ လမ်းကြောင်းပြောင်းလိုက်ပါ။

သင့်နောက်ကနေ လိုက်လာတဲ့သူကို မျက်ခြည်ဖြတ်ဖို့အတွက် သွားမယ့်လမ်းကြောင်းကို ပြောင်းလိုက်ပါ။ မထင်ထားတဲ့လမ်းကြောင်းကို ကွေ့လိုက်ပြီး တကောက်ကောက်လိုက်နေတဲ့သူကို လမ်းရှုပ်တဲ့နေရာမှာ ထားခဲ့လိုက်ပါ။

၅။ သင်က သူတို့ကို သတိထားမိကြောင်း မပြပါနဲ့။

နောက်ယောင်ခံလိုက်တာက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပေမယ့် သင် သတိထားမိကြောင်းကိုတော့ မပြသင့်ပါဘူး။ နောက်ကြည့်မှန်ကို မကြည့်ဘဲ ပုံမှန်အတိုင်းသာ ဆက်မောင်းပါ။

၆။ ရဲကို အကြောင်းကြားပါ။

သင့်နောက်ကို တစ်ယောက်ယောက်လိုက်နေတဲ့အခါ စိတ်ဝင်စားဟန်မပြဘဲ ရသလောက်အချက်အလက်တွေကို မှတ်ထားလိုက်ပါ။

ကားမော်ဒယ်၊ ကားနံပတ်၊ ဘယ်နေရာကနေ စတွေ့တာလဲ စတဲ့အချက်အလက်တွေကို ရဲကိုအကြောင်းကြားလိုက်တဲ့အခါ ဘေးကင်းစိတ်ချရမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments