မိတ်ကပ်လိမ်းတာက အမျိုးသမီးတွေအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုစေပါတယ်။ ဒါပေမယ့် မိတ်ကပ်လိမ်းတဲ့အခါ အချို့သောအရာတွေကြောင့် အသက်အနည်းငယ် ကြီးရင့်သလို ထင်ရစေပါတယ်။
ဘယ်လိုအချက်တွေကြောင့် မိတ်ကပ်လိမ်းပေမယ့်လည်း အသက်ကြီးရင့်သလို ထင်ရစေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ Concealer ကို မျက်လုံးအောက်မှာ အများကြီးလိမ်းခြင်း
မျက်ကွင်းညိုတာက အသက်ကြီးသလို ထင်ရစေပါတယ်။ မျက်ကွင်းညိုတာကို Concealer က ဖုံးကွယ်ပေးနိုင်ပါတယ်။
ဒါပေမယ့် မျက်လုံးအောက်မှာ Concealer တွေများပြီး ထူနေရင်လည်း အသက်ကြီးတဲ့သွင်ပြင်ကို ရရှိစေပါတယ်။ Creamy stick concealer က မျက်ကွင်းညိုတာတွေကို မသိမသာဖုံးအုပ်ပေးနိုင်ပြီး သဘာဝဆန်ဆန်လှနေစေပါတယ်။
၂။ Bronzer ကို အများကြီးသုံးခြင်း
Bronzer ကို မျက်နှာတစ်ခုလုံးမှာ သုံးလိုက်တဲ့အခါ အသက်အရွက် ပိုမိုအိုစာသွာသလိုပါပဲ။ Bronzer ကို မျက်နှာတစ်ခုလုံးမှာ မသုံးဘဲ မျက်နှာရဲ့ဘေးနှစ်ဖက်၊ နားထင်နဲ့ ပါးရိုးအောက်တို့မှာသာ အသုံးပြုပါ။
၃။ Blush မသုံးခြင်း
အသက်ကြီးလာတဲ့အခါ မျက်နှာက စိုစိုပြည်ပြည်မဖြစ်လာတော့ပါဘူး။ အရောင်ဖျော့တော့လာပါတယ်။ အသက်ကြီးတာကို မသိသာဖို့အတွက် blush ကို သုံးပေးသင့်ပါတယ်။ ပါးနှစ်ဖက်မှာ ပန်းနုရောင်ပြေးနေတဲ့ blush က သင့်ကို နုပျိုနေစေမှာပါ။
၄။ အောက်ဘက်မျက်တောင်မှာ mascara ကို သုံးခြင်း
အောက်ဘက်မျက်တောင်မှာ mascara သုံးရင် မျက်လုံးမှေးနေတာ မသိသာဘဲ အနည်းငယ် ကျယ်လာသယောင်ပါပဲ။ ဒါပေမယ့်အသက်ကြီးလာတဲ့အခါ မျက်ခွံတွေက အိကျလာပါတယ်။ အသက်ကြီးလာတဲ့အခါ အောက်ဘက်မျက်တောင်တစ်ဝိုက်မှာ mascara ကို မသုံးသင့်ပါဘူး။
၅။ အရောင်ရင့်တဲ့နှုတ်ခမ်းနီကို ဆိုးခြင်း
အသက်ကြီးလာရင် နှုတ်ခမ်းတွေက ပါးလာပါတယ်။ အရောင်ရင့်တဲ့နှုတ်ခမ်းနီတွေက နှုတ်ခမ်းကို ပိုမိုပါးစေပါတယ်။ အရောင်တောက်ပတဲ့နှုတ်ခမ်းနီကတော့ အသက်အရွယ်ကို ပိုမိုနုပျိစေပါတယ်။
၆။ ပါးတဲ့မျက်ခုံး
အသက်ကြီးလာတဲ့အခါ မျက်ခုံးတွေက ပါးပြီး မှေးမှိန်လာပါတယ်။ အဲဒါကြောင့် မျက်ခုံးကို အချိန်ပေးပြီး ထူသယောင်ဖြစ်လာအောင် ဆွဲပေးနိုင်ပါတယ်။ မျက်ခုံးဆွဲတဲ့အမှုန့်လေးတွေက သဘာဝဆန်ပြီး မျက်လုံးအလှကိုပါ ထင်ရှားစေပါတယ်။
၇။ အောက်ခံမိတ်ကပ်အထူကြီး လိမ်းခြင်း
အောက်ခံမိတ်ကပ်တွေကို များများလိမ်းလေ မျက်နှာမှာ အရေးအကြောင်းတွေ ပိုများလေလာပါပဲ။ အသားအရေကို အစိုဓာတ်ပြည့်အောင်၊ အသားအရေကောင်းအောင် ပြုလုပ်ပြီး အောက်ခံမိတ်ကပ်ကို အနည်းအကျဉ်းသာ လိမ်းပေးပါ။ အဲဒီအခါ ပါးပါးကြည်ကြည်လေးနဲ့ အသက်အရွယ်ကြီးတာ မသိသာတော့ပါဘူး။
၈။ Eyeliner ကို မျက်လုံးတစ်ဝိုက်လုံးမှာ ခြယ်ခြင်း
Eyeliner ကို အသုံးများတာကြောင့် မျက်လုံးတစ်ဝိုက်မှာ အရေးအကြောင်းတွေ ဖြစ်လာပါတယ်။ မျက်လုံးတစ်ဝိုက်လုံးကို eyeliner ခြယ်သတာက အသက်ပိုကြီးသလို ထင်ရစေပါတယ်။ အြဒီအစား မျက်လုံးရဲ့ သုံးပုံတစ်ပုံကိုသာ ခြယ်သင့်ပါတယ်။
Zombie (lovemedia)
0 Comments