အသက် ၆၄ နှစ်အရွယ် အဆိုတော်ကြီး Madonna ရဲ့ နုပျိုလှပနေရတဲ့လျှို့ဝှက်ချက်များ

အသက်ကြီးတဲ့အထိ နုပျိုလှပဖို့ဆိုတာက မလွယ်ကူပါဘူး။ အစားအသောက်၊ နေထိုင်မှုပုံစံ၊ လေ့ကျင့်ခန်း၊ စိတ် စတဲ့အကြောင်းအချက်တွေ ကိုက်ညီတဲ့အခါမှာတော့ အသက်ကြီးတဲ့အထိ နုပျိုဖို့ဆိုတာ မခက်ခဲတော့ပါဘူး။

ကမ္ဘာကျော်အဆိုတော် Madonna က အသက် ၆၄ နှစ်ကျော်ပြီဖြစ်ပေမယ့်လည်း အခုချိန်ထိ နုပျိုလှပနေဆဲပါ။ အဲဒါကြောင့် Madonna ရဲ့အလှအပလျှို့ဝှက်ချက်တွေထဲက တစ်ခုကို ဖော်ပြပေးလိုက်ပါတယ်နော်။


၂၀၁၈ ခုနှစ်တုန်းက အင်စတာဂရမ်ပို့စ်တစ်ခုမှာ Madonna က သူမ နုပျိုနေရတဲ့အကြောင်းအရင်းတွေထဲက တစ်ခုကို ရေးသားထားခဲ့ပါတယ်။ အဲဒါကတော့ ခက်ရင်းနှစ်ချောင်းပါ။

ခက်ရင်းနှစ်ချောင်းနဲ့ မျက်နှာမှာအရေးအကြောင်းကင်းအောင် ပြုလုပ်လို့ရတယ်ဆိုတာ မယုံနိုင်စရာပါပဲ။ ခက်ရင်းနှစ်ချောင်းကို အသုံးပြုပြီး မျက်နှာကို တင်းရင်းလှပအောင် ပြုလုပ်လို့ရကြောင်း Madonna က ဗွီဒီယိုလေးနဲ့ပါ ပြသထားပါသေးတယ်။


Madonna ရဲ့လက်ရှိမျက်နှာအလှအပပညာရှင် Jarosz ရဲ့အဆိုအရ Madonna ဟာ ရေများများသောက်သူတစ်ယောက်ပါ။ Vitamin C serum ကို နေ့စဉ်အသုံးပြုသင့်ကြောင်း Jarosz က အကြံပေးပါတယ်။

Madonna က အင်စတာဂရမ်မှာ ပါစတာ သို့မဟုတ် ရေခဲမုန့်စားနေတဲ့ပုံတွေ တင်ပေမယ့်လည်း သူမက macrobiotic diet ကိုပဲ အများအားဖြင့် စားလေ့ရှိပါတယ်။


Macrobiotic diet ဆိုတာက ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ပဲ၊ ငါး တို့ကိုပဲ စားသုံးတာမျိုးပါ။ Madonna က အသားနဲ့ နို့ထွက်ပစ္စည်းတွေကို မစားပါဘူး။ ဂျင်းလက်ဖက်ရည်နဲ့ အုန်းရေကို အရမ်းကြိုက်ကြောင်း ဖော်ပြထားပါတယ်။


အဆိုတော်ကြီး Madonna က လေ့ကျင့်ခန်းကိုလည်း ပုံမုန်လုပ်ပါတယ်။ Pilate, အက ၊ အေရိုးဗစ်လေ့ကျင့်ခန်းတို့ကို ပြုလုပ်လေ့ရှိပါတယ်။ ယောဂလေ့ကျင့်ခန်းကလည်း နုပျိုလှပနေစေတဲ့အကြောင်းအရင်းတွေထဲက တစ်ခုပါ။


ခန္ဓာကိုယ်ပြင်ပမှာ နုပျိုအောင် လုပ်နေရုံနဲ့ တကယ်မနုပျိုသွားပါဘူး။ စိတ်ကိုပါ နုပျိုအောင်ထားမှ နုပျိုမှုအစစ်မှန်ကို ရရှိမှာပါ။ Madonna ကတော့ အသက်အကြောင်းကို မစဉ်းစားကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေဆိုဖူးပါတယ်။


"အသက်အကြောင်းကို မစဉ်းစားနေပါနဲ့တော့။ စိတ်ကို အနှောင့်အယှက်ပေးတဲ့အရာတွေကို ဖယ်ထုတ်လိုက်ပြီး စိတ်အေးချမ်းတည်ငြိမ်အောင် ထားပါ။ လုပ်စရာရှိတာကိုပဲ ဆက်လုပ်ပါ" လို့ Madonna က အကြံပေးထားပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments