ဘဝမှာ ကြုံတွေ့ရလာမယ့်ပြဿနာတွေ၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ဆိုတာ အများကြီးပါပဲ။ အချို့တွေက ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး အောင်မြင်သွားကြသလို အချို့တွေကလည်း လက်လျှော့အရှုံးပေးလိုက်ကြပါတယ်။ ဘဝမှာ အခက်အခဲတွေ ကြုံတွေ့ရပြီး လမ်းစပျောက်နေတဲ့အခါ ပျားတကောင်လို တွေးခေါ်လိုက်ပါ။
ပျားတကောင်ရဲ့သက်တမ်းက အရမ်းတိုတောင်းပါတယ်။
ပျားတကောင်ရဲ့ပျမ်းမျှသက်တမ်းက ၄ ပတ်ကနေ ၈ ပတ်အထိပဲ ကြာရှည်ပါတယ်။ အဲဒါကြောင့် ကမ္ဘာကြီးအကြောင်းကို လေ့လာဖို့ သူတို့မှာ အချိန်တွေ အများကြီးမရှိပါဘူး။
အဲဒါကြောင့် ပျားတွေက အသက်ရှင်တဲ့ကာလတလျှောက်လုံး အလုပ်နဲ့လက်နဲ့မပြတ်ဘဲ လုပ်နေလေ့ရှိကြပါတယ်။ ဘယ်တော့မှ အရှုံးမပေးကြပါဘူး။
ပျားတကောင်နဲ့တကောင် အလုပ်တာဝန်ချင်းမတူကြပါဘူး။
လုပ်သားပျားတွေက လက်ဖက်ရည်ဇွန်းတဇွန်းရဲ့ ၁၂ ပုံတပုံခန့် အလုပ်လုပ်ကြပါတယ်။ ပျားထီးတွေနဲ့ ပျားဘုရင်မကတော့ အဲဒီလောက်ပမာဏရအောင် အလုပ်မလုပ်ပါဘူး။ ဒါပေမယ့် ပျားအုံထဲမှာရှိတဲ့ပျားတိုင်းက သူ့အလုပ်သူလုပ်ပြီး ဘဝကို ရှင်သန်ကြပါတယ်။
လုပ်သားပျားတွေက ဝတ်ရည်နဲ့ ဝတ်မှုန်တွေကို ယူဆောင်လာပြီး နောက်ထပ်မျိုးဆက်တွေကို ပြုစုပျိုးထောင်ပေးပါတယ်။ ပျားထီးတွေကတော့ ပျားဘုရင်မကို မိတ်လိုက်တဲ့အလုပ်ကို လုပ်ပါတယ်။ ပျားထီးတွေရဲ့နောက်ထပ်အလုပ်ကတော့ သူတို့ရဲ့တောင်ပံတွေကို ခတ်ပြီး ပျားအုံအတွက် လိုအပ်တဲ့အပူချိန်ရအောင် ပြလုပ်တာပါ။
ပျားဘုရင်မကတော့ ဥချတဲ့အလုပ်ကို လုပ်ကိုင်ပါတယ်။ ပျားပေါက်စလေးတွေရဲ့အလုပ်ကတော့ အရေးမကြီးဘူးလို့ထင်ရပေမယ့် ပျားပေါက်စလေးတွေမရှိတော့ရင် ပျားအုံတစ်ခုလုံးပါ ဆုံးရှုံးသွားမှာပါ။
ပျားတွေက သူတို့ရဲ့အကျိုးအမြတ်အတွက် ဘာမှမစဉ်းစားပါဘူး။
လုပ်သားပျားတွေက အလုပ်လုပ်ပေမယ့်လည်း ဘာမှမရလာပါဘူး။ ပျားရည်တစက်ကိုတောင် လုပ်သားပျားက မပိုင်ဆိုင်ပါဘူး။ သူတို့ရဲ့ဘဝတလျှောက်လုံးကို အလုပ်လုပ်တာနဲ့ နောက်ထပ်မျိုးဆက်တွေကို ပျိုးထောင်တာနဲ့ ကုန်ဆုံးသွားပါတယ်။ ဒါပေမယ့် လုပ်သားပျားတော့ ဘယ်တော့မှမပျင်းရိဘဲ အလုပ်ကိုပဲ လုပ်နေတတ်ကြပါတယ်။
ပျားတကောင်က သူ့နောက်ကို လိုက်လာဖို့ ပျားအုံတခုလုံးကို စည်းရုံးနိုင်ပါတယ်။
ပျားအုံမှာ အကန့်တွေအားလုံးပြည့်သွားပြီး ပျားဘုရင်မ ဥချဖို့ နေရာမရှိဘူးတော့ဆိုရင် ပျားတွေက အသက်ရှင်နေထိုင်ဖို့ နေရာသစ်ရှာရပါတော့တယ်။
အဲဒီအခါ သူတို့ရဲ့အသိုက်အမြုံဟောင်းကို ထားခဲ့ပြီး သစ်ပင်တပင်မှာ ခဏနေကြပါတယ်။ အချို့သော ပျားတွေကလည်း နေရာတွေ ရှာကြပါတယ်။
ပျားတကောင်က နေရာတွေ့သွားပြီဆိုရင် အဲဒီသစ်ပင်ကို ပြန်လာပြီး ကျန်တဲ့ပျားတွေကို သူ့နောက်လိုက်ခဲ့ဖို့ စည်းရုံးပါတယ်။ နှစ်နှစ်ရီခန့်ကြာတဲ့အခါ ပျားအားလုံးက နေရာအသစ်ကို ပြောင်းရွှေ့ပြီးသွားပါပြီ။
ပျားတကောင်ကို ဖယ်ရှားလိုက်ရင် ပျားရည်လက်ဖက်ရည်ဇွန်းရဲ့ ၁၂ပုံတပုံကို ဆုံးရှုံးသွားမှာပါ။ ပျား ၁၂ ကောင်ကို ဖယ်ရှားလိုက်ရင်တော့ ပျားရည်လက်ဖက်ရည်ဇွန်းတဇွန်းကို ရလိုက်မှာမဟုတ်ပါဘူး။
ပျားတွေက နေရာအသစ်ကို ရှာမတွေ့ရင် ပျားအုံတခုလုံးသေဆုံးပြီး ပျားရည်လည်း ရမှာမဟုတ်တော့ပါဘူး။ အဲဒီပမာဏက သေးတယ်လို့ ထင်ရပေမယ့် ပျားရည်လက်ဖက်ရည်ဇွန်းတဇွန်းရဲ့ ၁၂ ပုံ ၁ ပုံဟာ ပျားတကောင်ရဲ့ တသက်စာလုပ်အားပါပဲ။
ပျားတွေဆီကနေ ရရှိနိုင်တဲ့သင်ခန်းစာကတော့
- ဒီနေ့ကို ဘဝရဲ့နောက်ဆုံးရက်လို့ သဘောထားပြီး ရှင်သန်ပါ။
- မှန်မှန်ကန်ကန်ယုံကြည်တဲ့အရာကို ပြုလုပ်ပါ။
- ကြိုးစားအားထုတ်မှုက ဘယ်လိုပဲဖြစ်နေပါစေ အရှုံးမပေးလိုက်ပါနဲ့။
- အပေါင်းအသင်းဖွဲ့ပါ။ မိတ်ဆွေအပေါင်းအသင်းများလေ လုပ်နိုင်တဲ့အရာတွေ ပိုများလေပါပဲ။
- ရလာမယ့်အကျိုးအမြတ်အတွက် မကြည့်ဘဲ ပန်းတိုင်ကိုသာ ကြည့်ပါ။
Zombie (lovemedia)
0 Comments