ပန်းသီးအခွံကိုအသုံးပြုပြီး အိတ်နဲ့ အခြားအသုံးအဆောင်တွေကို ဖန်တီးခဲ့တဲ့ကုမ္ပဏီ

ရှေးတုန်းက ဂျာကင်၊ အိတ်၊ ဖိနပ်တွေကို ချုပ်လုပ်တဲ့နေရာမှာ တိရစ္ဆာန်သားရေတွေကို အသုံးပြုကြပါတယ်။ ဒါပေမယ့် နည်းပညာတွေ တိုးတက်လာတာကြောင့် အိတ်ကို ပန်းသီးအခွံကနေတောင် ချုပ်လုပ်လို့ရနေပါပြီ။

ပန်းသီးအခွံကနေ ချုပ်လုပ်ထားတဲ့အိတ်ဖြစ်တာကြောင့် သက်သက်လွတ်ကျင့်စဉ်ကို ကျင့်သုံးသူတွေအတွက်လည်း အရမ်းကို အဆင်ပြေစေပါတယ်။

ကနေဒါနိုင်ငံက Samara ဆိုတဲ့ ဖက်ရှင်ကုမ္ပဏီကို ညီအစ်မနှစ်ယောက် တည်ထောင်ထားပါတယ်။ သူတို့ညီအစ်မနှစ်ယောက်ဟာ ပန်းသီးအခွံကနေ အသုံးအဆောင်ပစ္စည်းတွေ ထုပ်လုပ်နိုင်ဖို့အတွက် တစ်နှစ်ပတ်လုံးကြိုးစားခဲ့ပါတယ်။


သူတို့ရဲ့ရည်မှန်းချက်ကတော့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ လှပတဲ့အသုံးအဆောင်တွေကို ဖန်တီးဖို့ပါ။ ဒါပေမယ့် သူတို့ရဲ့ထုတ်ကုန်တွေကို ထုတ်လုပ်မှုမှာတော့ ပလက်စတစ်တွေကို အနည်းငယ်သုံးထားကြောင်း ဝန်ခံထားပါတယ်။




နောက်ထပ်ကုမ္မဏီတစ်ခုကတော့ Beyond Leather ဆိုတဲ့ ကုမ္ပဏီပါ။ သူတို့ကုမ္ပဏီကနေ ပန်းသီးအခွံတွေကနေ ဖိနပ်နဲ့ အခြားသော အသုံးအဆောင်ပစ္စည်းတွေကို ထုတ်လုပ်ပါတယ်။ အချိုရည်ကုမ္ပဏီတွေကနေ ပန်းသီးအခွံတွေကို ထုတ်ယူပါတယ်။

ပန်းသီးအခွံတွေကို အခြောက်လှန်းပြီး အမှုန့်ရအောင် ကြိတ်ပါတယ်။ ရလာတဲ့အမှုန့်တွေကို အဆိပ်အတောက်မဖြစ်စေတဲ့ ရောင်ခြယ်ပစ္စည်းတွေနဲ့ ပေါင်းစပ်ပြီး အိတ်တွေကို ထုတ်လုပ်ပါတယ်။

ပန်းသီးအခွံကနေ ထုတ်လုပ်တဲ့ အိတ်တွေကို နာမည်ကြီးအကျော်အမော်တွေလည်း အသုံးပြုကြပါတယ်။ Pamela Anderson က Ashoka Paris ကနေ ဖန်တီးထားတဲ့ အိတ်လေးကို စတင်ပြီး ကိုင်ခဲ့ပါတယ်။

အဲဒီအိတ်လေးကတော့ ပန်းသီးအခွံကနေပဲ ထုတ်လုပ်ထားတာပါ။ အဲဒီနောက်ပိုင်း ပန်းသီးအခွံကနေ ထုတ်လုပ်တဲ့အိတ်၊ ဖိနပ်၊ အသုံးအဆောင်ပစ္စည်းတွေက အာရုံစိုက်မှု ရရှိလာပါတယ်။

အင်္ဂလန်က တော်ဝင်မင်းသမီး Kate Middleton ကလည်း Ashoka Paris ကနေ ဖန်တီးထားတဲ့ ပန်းသီးသားရေအိတ်လေးကို မွေးနေ့လက်ဆောင်အဖြစ် ရရှိခဲ့ပါတယ်။

တိရစ္ဆာန်တွေကို ညှင်းပန်းနှိပ်စက်မှုမရှိဘဲ ထုတ်လုပ်ထားတဲ့အိတ်ဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပြီးသားဖြစ်သွားပါတယ်။

နောက်ပိုင်းမှာတော့ အခြားသောကုမ္ပဏီတွေကလည်း ပန်းသီးအခွံကနေ အိတ်နဲ့ အခြားသောအသုံးအဆောင်တွေကို ထုတ်လုပ်လာကြပါတယ်။



ပန်းသီးအခွံကနေ ထုတ်လုပ်ထားပေမယ့် အရောင်ကလည်း မပြယ်လွင့်သွားတဲ့အပြင် စိတ်ကြိုက်အရောင်ကိုလည်း ရွေးချယ်လို့ရပါသေးတယ်။



ကြာရှည်လည်းခံပြီး ဈေးလည်း သက်သာတာကြောင့် ပန်းသီးသားရေနဲ့ ထုတ်လုပ်ထားတဲ့အသုံးအဆောင်တွေက ရေပန်းစားလာပါတယ်။



Zombie (lovemedia)

Post a Comment

0 Comments