ကမ္ဘာ့အသက်ရှည်ဆုံးခွေးဖြစ်လာနိုင်တဲ့ ခွေးလေး Lady Bug

ခွေးလေးတွေက လူသားတွေလောက် အသက်မရှည်ကြပါဘူး။ အချို့ခွေးတွေက ပျော်ပျော်ရွှင်ရွှင်ကောင်းကောင်းမွန်နေရပေမယ့် အချို့သော ခွေးလေးတွေကတော့ လမ်းဘေးမှာပဲ ခက်ခက်ခဲခဲရှင်သန်ရပါတယ်။

ခွေးလေးတွေအတွက် နှစ်ပေါင်း ၂၀ ကျော်နေထိုင်ရတယ်ဆိုတာ အတော်ကို ရှည်တဲ့သက်တမ်းပါ။ လူသားတွေအသက်နဲ့တွက်ချက်မယ်ဆိုရင် အသက် ၁၀၀ ကျော်နေထိုင်ရသလိုပါပဲ။


Lady Bug ဆိုတဲ့ခွေးလေးကတော့ ကမ္ဘာ့အသက်အရှည်ဆုံး ခွေးလေးလို့တောင် သတ်မှတ်လို့ရပါတယ်။ Lady Bug ဆိုတဲ့ခွေးလေးက အရင်တစ်ပတ်ကပဲ အသက် ၂၃ နှစ်ပြည့်သွားခဲ့ပါတယ်။


Lady Bug ရဲ့သခင် Mary Jo Jughes က ခွေးလေးကို စွန့်ပစ်ထားတဲ့နေရာကနေ ခေါ်ယူမွေးစားခဲပါတယ်။ ခွေးလေးက အသက်ကြီးလာပြီဖြစ်တာကြောင့် ရင်သားကင်ဆာနဲ့ ဆီးကျောက်တည်နေပြီး သွား ၉ ချောင်းလည်း နှုတ်ထားရပါတယ်။


Lady Bug က သခင်မိသားစုရဲ့ဂရုစိုက်မှုတွေ၊ ချစ်ခြင်းတွေကို ရရှိတာကြောင့် အခုလို အသက်ရှည်ခဲ့ပါတယ်။ Lady Bug ရဲ့ အရင်သခင်ရဲ့မှတ်တမ်းအရ သူ့ကို ၂၀၀၀ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ အဲဒါကြောင့် ခွေးလေး Lady Bug က ၂၀၂၃ ခုနှစ်မှာ အသက် ၂၃ နှစ်ပြည့်သွားခဲ့ပါတယ်။


ခွေးလေးရဲ့မွေးနေ့ကို အမေရိကန်နိုင်ငံ Manheim မြို့က တိရစ္ဆာန်ဆေးခန်းတစ်ခုမှာ ပြုလုပ်ပေးခဲ့ပါတယ်။ ခွေးလေးက ၂၃ နှစ်ပြည့်သွားပေမယ့် အခုထိတော့ ကမ္ဘာ့အသက်အကြီးဆုံးခွေးအဖြစ် အတည်မပြုနိုင်သေးပါဘူး။


ဂင်းနစ်မှတ်တမ်းအရ အသက် ၂၂ နှစ်ရှိတဲ့ ခွေးလေး Gino ကို ကမ္ဘာ့အသက်အရှည်ဆုံးခွေးလေးအဖြစ် နိုဝင်ဘာလမှာ သတ်မှတ်ပေးနိုင်ခဲ့ပါတယ်။ ခွေးလေး Gino ကို စက်တင်ဘာ ၂၄ ရက်နေ့ ၂၀၀၀ ပြည့်နှစ်မှာ မွေးဖွားခဲ့တာပါ။


Lady Bug ရဲ့သခင်ကတော့ Lady Bug ကို ကမ္ဘာ့အသက်အရှည်ဆုံးခွေးလေးအဖြစ် သတ်မှတ်ဖို့ ကြိုးစားနေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments