ဆော့စ်က အိမ်တိုင်းရဲ့မီးဖိုချောင်မှာ မရှိမဖြစ်အသုံးဝင်တဲ့ စားစရာတစ်မျိုးပါ။ ဆော့စ်ကို အိမ်မှာတင်လွယ်လွယ်ကူကူ ပြုလုပ်လို့ရပါတယ်။ အိမ်မှာ ပြုလုပ်တဲ့အရသာကလည်း ဆိုင်မှာဝယ်တဲ့ ဆော့စ်တွေနီးပါး အရသာရှိပါတယ်။
လိုအပ်သောပစ္စည်းများ
- ဒန်အိုးတစ်လုံး
- ယောက်မတစ်ချောင်း
- ဇကာ
- ကြိတ်စက်
- ထည့်သိမ်းရန် ဘူးများ
ပါဝင်ပစ္စည်းများ
- ပြုတ်ထားတဲ့ခရမ်းချဉ်သီး ၈၀၀ ဂရမ်
- သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- တောက်တောက်စင်းထားတဲ့ ကြက်သွန်နီတစ်လုံး
- ခြစ်ထားတဲ့ ကြက်သွန်ဖြူ
- သကြားခွက်တစ်ဝက်
- ပန်းသီးရှာလကာရည် ခွက်ရဲ့ ၄ ပုံ ၁ ပုံ
- ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
- သစ်ကြံပိုးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
- လေးညှင်းမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
- ဟင်းနံ့သာ လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
- ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
ပြုလုပ်နည်း
- အိုးထဲမှာ သံလွင်ဆီထည့်ပြီး ကျက်လာတဲ့အခါ တော်တောက်စင်းထားတဲ့ ကြက်သွန်နီကို ထည့်ပါ။ ကြက်သွန်နီတွေ ပျော့လာတဲ့အခါမှာ ကြက်သွန်ဖြူထည့်ပြီး စက္ကန့် ၃၀ ကြာ ကြော်ပေးပါ။
- ပြီးနောက် ပြုတ်ထားတဲ့ခရမ်းချဉ်သီး၊ သကြား၊ ရှာလကာရည်၊ ဆားနဲ့ ဟင်းခတ်အမွှေးအကြိင်တွေကို ထည့်လိုက်ပါ။ ပါဝင်ပစ္စည်းတွေကို သမာအောင် မွှေလိုက်ပြီး မီးကို လျှော့လိုက်ပါ။ ပျစ်လာတဲ့အထိ တစ်နာရီခန့်ကြာအောင် ဆက်တိုက်မွှေပေးပါ။
- တစ်နာရီကြာမွှေပြီးနောက်မှာ ခရမ်းချဉ်သီးတွေကို ကြိတ်စက်ထဲထည့်ပြီး ကြိတ်လိုက်ပါ။
- မွှေစက်ထဲက ခရမ်းချဉ်သီးအနှစ်တွေကို ဇကာနဲ့တိုက်ချပြီး အိုးတစ်ခုထဲကို ပြောင်းထည့်လိုက်ပါ။
- ခရမ်းချဉ်သီးဆော့စ်ကို အရသာမြည်းကြည့်ပြီး ပေါ့နေတဲ့အခါ ဆားနဲ့ အခြားဟင်းခတ်အမွှေးအကြိုင်တွေကို ထည့်နိုင်ပါတယ်။
- ရလာတဲ့ခရမ်းချဉ်သီးတွေကို ဘူးတွေထဲမှာ ထည့်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားတဲ့အခါ တစ်လကြာ အထားခံပါတယ်။
Zombie (lovemedia)
0 Comments