သေချာဂရုမစိုက်တဲ့အခါ ကျန်းမာရေးကို ထိခိုက်စေတဲ့ အိမ်သုံးပစ္စည်း (၁၀) မျိုး

အိမ်သုံးပစ္စည်းတွေကို အသုံးပြုပြီးတိုင်း သန့်ရှင်းရေးလုပ်တာက ကျန်းမာရေးအတွက် အသင့်တော်ဆုံးပါ။ ဒါပေမယ့် တစ်ခါတရံမှာ အိမ်သုံးပစ္စည်းတွေကို သန့်ရှင်းဖို့ မေ့နေတတ်ပါတယ်။

ဘယ်လိုအိမ်သုံးပစ္စည်းတွေကို သေချာဂရုမစိုက်တဲ့အခါ ကျန်းမာရေးအတွက် ဆိုးဝါးစေနိုင်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကော်ဖီခွက်

ကော်ဖီခွက်က နေ့စဉ်အသုံးဝင်နေတဲ့နေရာပါ။ ကော်ဖီခွက်ကို သောက်ပြီးနောက်မှာ အချို့တွေက ကြာမှ ဆေးတတ်ကြပါတယ်။ အဲဒီအခါ ဘက်တီးရီးယားတွေက ခွက်မှာ ပွားသထက် ပွားနေပါတယ်။ ကော်ဖီခွက်ကို သောက်သောက်ပြီးချင်း ဆေးတာက ပိုကောင်းပါတယ်။

၂။ မွေ့ရာ

ဖုန်နဲ့ဘက်တီးရီးယားတွေက မွေ့ရာမှာ စုဝေးနေပါတယ်။ မွေ့ရာမှာ စုနေတဲ့ဘက်တီးရီးယားတွေက ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေပါတယ်။ မွေ့ရာက မကောင်းတဲ့အခါ ကျောက်ကပ်နဲ့ နှလုံးကျန်းမာရေးကို ထိခိုက်စေပါတယ်။ မွေ့ရာကို ၈ နှစ်တစ်ခါ အသစ်လဲသင့်ပါတယ်။

၃။ ခေါင်းအုံး

ခေါင်းအုံးကို ၂ နှစ်ကို တစ်ကြိမ်ခန့် အသစ်လဲသင့်ပါတယ်။ ခေါင်းအုံးမှာ မျက်နှာအသားအရေက ဆဲလ်သေတွေနဲ့ ဆံပင်က ဘက်တီးရီးယားတွေ စုလာတဲ့အတွက်ကြောင့်ပါ။ အဲဒါကြောင့် ခေါင်းအုံးကို ကြာကြာသုံးတဲ့အခါ အသားအရေအတွက် ထိခိုက်လာစေပါတယ်။

၄။ တဘက်

တဘက်ကို စိုထိုင်းထိုင်းထားတဲ့အခါ အသားအရေ မလှမပဖြစ်လာစေပါတယ်။ တဘက်က စိုထိုင်းနေရင် ဘက်တီးရီးယားတွေပျော်ဖို့ အကောင်းဆုံးနေရာဖြစ်လာပါတယ်။ တဘက်မှာ ဘက်တီးရီးယားတွေ မများအောင် ၄ ရက်တစ်ကြိမ်ခန့် လျှော်ပေးသင့်ပါတယ်။

၅။ ရေချိုးခန်းလိုက်ကာ

ရေချိုးခန်းလိုက်ကာမှာ မှိုနဲ့ဘက်တီးရီးယားတွေ အများကြီးကပ်နေတတ်ပါတယ်။ ရေချိုးခန်းလိုက်ကာကို တစ်ပတ်ကိုတစ်ကြိမ်ခန့် လျှော်ပေးတာက အကောင်းဆုံးပါ။

၆။ Router

Network connection နှေးသွားတာမဖြစ်ဖို့ Router ကို ၄ နှစ်ကြိမ်ခန့် လဲပေးသင့်ပါတယ်။ ဖုန်းနဲ့ ကွန်ပျူတာတွေအတွက် upgrade လိုအပ်သလို Router အတွက်လည်း ဆွဲအားကောင်းဖို့ လိုအပ်ပါသေးတယ်။

၇။ အဝတ်အစားအဟောင်းများ

အဝတ်အစားအဟောင်းတွေကို သိမ်းထားတဲ့အချိန်တွေများလာရင် အနံ့အသက်ဆိုးတေါ မကောင်းတော့ပါဘူး။ အဲဒါကြောင့် အဝတ်အစားအဟောင်းတွေကို ပြန်ပြင်ချုပ်တာ၊ လှူလိုက်တာ၊ ပြန်လည်အသုံးပြုတာတို့ ပြုလုပ်သင့်ပါတယ်။

၈။ အိပ်ရာခင်း

အိပ်ရာခင်းက မသန့်ရှင်းရင် အရေပြားယားယံလာပါတယ်။ အရေပြားယားယံတာကို ရှောင်ဖို့အတွက် အိပ်ရာခင်းကို တစ်ပတ်တစ်ကြိမ် လျှော်ပေးသင့်ပါတယ်။ အိပ်ရာခင်းကို လျှော်တဲ့အခါမှာ ရေနွေးနဲ့ သေသေချာချာလျှော်ပေးသင့်ပါတယ်။

၉။ သပွတ်အူ

ရေမြှုပ်နေရာမှာ သပွတ်အူကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် သပွတ်အူမှာလည်း ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေ၊ အဆီတွေ ကပ်ကျန်နေတတ်ပါတယ်။ အဲဒါကြောင့် သပွတ်အူကိုလည်း တစ်လတစ်ကြိမ်ခန့် အသစ်လဲပေးပါ။

၁၀။ ပစ္စည်းအဟောင်းများ

အချို့သော ပစ္စည်းအဟောင်းတွေက ၁၀ နှစ်ကနေ ၁၅ နှစ်အထိ အသုံးခံပါတယ်။ ဒါပေမယ့် အချိန်ကြာလာတဲ့အခါ ပစ္စည်းရဲ့အလုပ်လုပ်နိုင်မှုစွမ်းရည်တွေက လျော့ကျလာပါတယ်။ ပြန်ပြင်ပြီး သုံးလို့ရတယ်ဆိုရင်တောင် သုံးရတာ အရင်လို မချောမွေ့နိုင်တော့ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments