ရှိရင်းစွဲအသက်ထက် နှစ်ပေါင်း ၂၀ ခန့် နုပျိုသွားစေမယ့် သဘာဝနည်းလမ်း (၇) ခု

အသက်ကြီးသွားပေမယ့်လည်း အမြဲတမ်းနုပျိုလှပနေဖို့က အမျိုးသမီးတိုင်းရဲ့ ဆန္ဒပါပဲ။ အရည်အသွေးကောင်းတဲ့ အလှကုန်ပစ္စည်းတွေက နုပျိုလှပအောင်လို့ ကူညီပေးနိုင်ပါတယ်။

ဒါပေမယ့် သဘာဝနည်းတွေနဲ့ ရှိရင်းအသက်ထက် နှစ် ၂၀ လောက်နုပျိုသွားစေမယ့် နည်းလမ်းတွေလည်း ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကိုတော့ တရုတ်အမျိုးသမီးတွေက အသုံးပြုကြပါတယ်။

၁။ တစ်ပတ်ကိုတစ်ရက် သက်သက်လွတ်စားပါ။

တရုတ်မင်းသမီးကြီး Xu Qing ဟာ အသက် ၅၃ နှစ် ရှိပေမယ့်လည်း အသက် ၃၀ ကျော်လို့ ထင်ရလောက်အောင် နုပျိုပါတယ်။ တရုတ်ဆေးပညာမှာ ခန္ဓာကိုယ်အလှအပအတွက် ခန္ဓာကိုယ်က အဆိပ်အတောက်တွေ ဖယ်ရှားပေးသင့်တယ်လို့ အကြံပြုထားပါတယ်။

အသားငါးတွေကို အမြဲတမ်းမစားဘဲ တစ်ပတ်ကို တစ်ရက်ခန့် သက်သက်လွတ်စားပေးတာက နုပျိုလှပစေတဲ့ လျှို့ဝှက်ချက်ပါ။

၂။ ထမင်းထဲကို ဆားထည့်မချက်သင့်ပါဘူး။

အငံဓာတ်စားသုံးမှုများတာက အိုမင်းရင့်ရော်မှုကို မြန်ဆန်စေပါတယ်။ တရုတ်လူမျိုးတွေက ထမင်းချက်တဲ့အခါ ဆားထည့်ပြီး ချက်လေ့မရှိပါဘူး။

၃။ ကြာရွက်ရေနွေးကြမ်း

ကြာရွက်ကို ရေနွေးကြမ်းအဖြစ်သောက်သုံးလို့ရပါတယ်။ ကြာရွက်ကို ရေနွေးကြမ်းအဖြစ်သောက်သုံးတဲ့အခါ ကိုယ်အလေးချိန်ကျပြီး အစာအိမ်နဲ့ပတ်သက်တဲ့ကျန်းမာရေးလည်း ကောင်းမွန်လာစေပါတယ်။ ကြာရွက်ရေနွေးကြမ်းကို တစ်ရက် ၄ ခွက်ခန့် ဘာမှမစားသေးခင် သောက်သုံးပေးတာက နုပျိုလှပစေပါတယ်။

၄။ Tai chi

Tai chi လေ့ကျင့်ပေးတာက စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး အားအင်တွေ ပြည့်လာစေပါတယ်။ သက်လုံလည်း ကောင်းလာစေပါတယ်။ ယောဂနေရာမှာ Tai chi ကို အစားထိုးပြီး လေ့ကျင့်ပေးလို့ရပါတယ်။

တစ်နေ့ကို ၁၀ မိနစ်ခန့် Tai chi လေ့ကျင့်ပေးရုံနဲ့ ကျန်းမာရေးလည်း ကောင်းမွန်ပြီး အပိုဆုအဖြစ် နုပျိုတာကိုပါ ရရှိလာဦးမှာပါ။

၅။ ပဲတီစိမ်း

တရုတ်အလှအပနည်းလမ်းတွေမှာ ပဲတီစိမ်းကို အသုံးပြုကြပါတယ်။ ပဲတီစိမ်းကို အနှစ်ရအောင် ကြိတ်ပြီး မျက်နှာမှာ လိမ်းပေးပါ။ ပဲတီစိမ်း mask က ဝက်ခြံကို သက်သာစေပြီး မျက်နှာရောင်ရမ်းတာကို လျော့ပါးသွားစေတာကြောင့်ပါ။

၆။ နနွင်း

နနွင်းက မျက်နှာအသားအရေကို လှပစေပါတယ်။ နနွင်းနဲ့ ပျားရည် သို့မဟုတ် ဒိန်ချဉ်ကိုရောပြီး မျက်နှာမှာ လိမ်းပေးရုံပါပဲ။ ဒါပေမယ့် နနွင်း mask မပြုလုပ်ခင်မှာ မျက်နှာအသားအရေနဲ့ပတ်သက်ပြီး ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

၇။ မှို

မှိုက တရုတ်တိုင်းရင်းဆေးတွေမှာ ပါဝင်လေ့ရှိပါတယ်။ မှိုမှာ ဗီတာမင်ဒီတွေ အပြည့်ဝင်ပါတယ်။ မှိုက ဟင်းချက်စားတဲ့အခါမှာလည်း အရသာရှိသလို ခန္ဓာကိုယ်ကိုလည်း နုပျိုလှပစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments