သံပုရာသီးက လူတွေအတွက် အကျိုးကျေးဇူးအများကြီး ရှိစေတဲ့ အသီးတစ်မျိုးပါ။ စားသောက်တဲ့နေရာမှာလည်း သံပုရာသီးက အသုံးများသလို သန့်ရှင်းရေးလုပ်တဲ့အခါမှာလည်း သံပုရာသီးက အသုံးဝင်ပါတယ်။
၁။ မိုက်ခရိုဝေ့မီးဖိုသန့်ရှင်းပေးခြင်း
လိုအပ်သောပစ္စည်းများ
- သံပုရာသီးတစ်ခြမ်း
- မိုက်ခရိုဝေ့မီးဖိုထဲ ထည့်လို့ရတဲ့ပန်းကန်လုံး
- ရေ
သံပုရာသီးတစ်ခြမ်းကို ၄ စိပ်ခန့်ရအောင် စိပ်လိုက်ပါ။ ပန်းကန်လုံးထဲကို ခြမ်းထားတဲ့သံပုရာစိပ်လေးတွေနဲ့ ရေထဲထည့်လိုက်ပါ။ အဲဒီပန်းကန်လုံးကို မိုက်ခရိုဝေ့မီးဖိုထဲ ထည့်ပြီး အပူပေးလိုက်ပါ။ ခဏကြာပြီးနောက်မှာ မီးဖိုကို ပိတ်ပြီး ၅ မိနစ်ခန့် စောင့်ပေးပါ။
၅ မိနစ်ခန့် စောင့်ပေးပြီးတဲ့အခါမှာ မီးဖိုကို ပိတ်စလေးနဲ့ သန့်ရှင်းရေးလုပ်လိုက်လို့ရပါပြီ။ သံပုရာသီးက မိုက်ခရိုဝေ့မီးဖိုထဲက ဆီဂျီးတွေကို ဖယ်ရှားပေးပြီး အနံ့ဆိုးတွေကိုလည်း စုပ်ယူပေးပါတယ်။
၂။ ခြေအိတ်တွေကို ဖြူစင်လာစေခြင်း
လိုအပ်သောပစ္စည်းများ
- သံပုရာသီးတစ်ခြမ်း
- အဝတ်လျှော်ဆပ်ပြာ
- ဇလုံတစ်လုံး
- ရေ
သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်လိုက်ပါ။ ဇလုံတစ်လုံးထဲကို ညစ်ပတ်နေတဲ့ခြေအိတ်၊ ရေ၊ ညှစ်ထားတဲ့သံပုရာရည်နဲ့ အဝတ်လျှော်ဆပ်ပြာထည့်လိုက်ပါ။ ဇလုံကို မီးဖိုပေါ်မှာ တင်ပြီး ဆူပွက်လာတဲ့အထိ တည်ပေးပါ။
ဆူပွက်လာပြီးနောက် ဇလုံကို မီးဖိုပေါ်ကနေ ချပြီး ခြေအိတ်တွေကို ထုတ်လိုက်ပါ။ ခြေအိတ်တွေကို ပုံမှန်လျှော်နေကျအတိုင်း လျှော်ပြီးနောက် သန့်ရှင်းတဲ့ခြေအိတ်ကို ပြန်လည်ရရှိလာမှာပါ။
၃။ အသီးအနှံတွေကို သန့်စင်ပေးခြင်း
လိုအပ်သောပစ္စည်းများ
- သံပုရာသီးတစ်ခြမ်း
- ရေအေးတစ်ခွက်
- ပန်းသီးရှာလကာရည်ခွက်တစ်ဝက်
- ဖျန်းဘူးတစ်ဘူး
ဖျန်းဘူးထဲမှာ ရေ၊ အရည်ညှစ်ထားတဲ့သံပုရာရည်၊ ပန်းသီးရှာလကာရည်တို့ကို ထည့်လိုက်ပါ။ အားလုံး နှံ့သွားအောင်လို့ ဘူးကို လှုပ်ခါလိုက်ပါ။ အသီးအနှံနဲ့ အသီးအရွက်တွေပေါ်ကို ဖျန်းပေးပြီး ၁၀ မိနစ်ခန့် ထားပါ။
ပြီးနောက် အသီးအနှံနဲ့ အသီးအရွက်တွေကို ရေဆေးလိုက်လို့ရပါပြီ။ သံပုရာရည်နဲ့ ဖျန်းပေးတာက အသီးအနှံတွေကို အချိန်ကြာကြာ လတ်ဆတ်နေစေပါတယ်။
၄။ လှီးထားတဲ့အသီးအနှံတွေ မညိုသွားအောင် ကာကွယ်ပေးခြင်း
လိုအပ်သောပစ္စည်းများ
- သံပုရာသီး
- ဟင်းချက်စုတ်တံ
- ပန်းကန်လုံး
သံပုရာသီးတစ်လုံးကို ပန်းကန်လုံးတစ်လုံးထဲမှာ အရည်ညှစ်ထည့်ထားပါ။ ညှစ်ထားတဲ့ သံပုရာရည်ကို ဟင်းချက်စုတ်တံနဲ့ယူပြီး ပိုင်းဖြတ်ထားတဲ့ အသီးတွေမှာ သုတ်ပေးပါ။
ပန်းသီး၊ ငှက်ပျောသီး၊ ထောပတ်သီး၊ သစ်တော်သီး စတဲ့အသီးအနှံတွေက လှီးပြီးတဲ့အခါမှာ လေနဲ့ ထိပြီး ညိုသွားတတ်ပါတယ်။ အဲဒီလို မညိုသွားအောင် သံပုရာသီးက ကူညီပေးနိုင်ပါတယ်။
၅။ လေကို သန့်စင်ပေးခြင်း
လိုအပ်သောပစ္စည်းများ
- သံပုရာသီးတစ်လုံး
- ဒန်အိုး
- ရေ
သံပုရာသီးတစ်လုံးကို အစိပ်သေးသေးလေးတွေ ဖြစ်အောင် လှီးလိုက်ပါ။ ဒန်အိုးတစ်လုံးထဲမှာ သံပုရာသီးနဲ့ ရေတွေထည့်ပြီး ဆူပွက်လာတဲ့အထိ တည်ပေးပါ။ ဆူပွက်လာတဲ့အခါမှာ ဒန်အိုးကို မီးဖိုပေါ်ကနေ ချပြီး အဖုံးဖွင့်ထားပါ။ သံပုရာသီးရဲ့ရနံ့က တစ်အိမ်လုံးကို ပျံ့နှံ့သွားပြီး အနံ့ဆိုးတွေ ပျောက်ကွယ်သွားမှာပါ။
၆။ ပိုးမွှားတွေကို ကင်းစင်စေခြင်း
အရည်ညှစ်ထားတဲ့ သံပုရာသီးတစ်လုံး ဖျန်းဘူးထဲမှာ ထည့်လိုက်ပါ။ ပြီးနောက် အိမ်ပတ်ဝန်းကျင်မှာ ဖျန်းပေးရင် အင်းဆက်ပိုးမွှားတွေ မလာတော့ပါဘူး။
Zombie (lovemedia)
0 Comments