မျက်နှာမှာ အမွေးအမျှင်အနည်းငယ်ရှိတာက ပုံမှန်ဖြစ်နေကျအရာတစ်ခုပါ။ ဒါပေမယ့် ဟော်မုန်းမညီမျှမှုကြောင့် မျက်နှာမှာ အမွေးအမျင်တွေ အများကြီးထွက်လာပါတယ်။
မျက်နှာမှာ အမွေးအမျှင်တွေ ထွက်တာ နည်းပါးသွားအောင်လို့ သဘာဝအတိုင်း ပြုလုပ်နိုင်မယ့်နည်းလမ်းလေးတွေရှိပါတယ်။
၁။ ပူဒီနာရေနွေးကြမ်းကို သောက်ပါ။
ပူဒီနာရေနွေးကြမ်းရဲ့အရသာက ကောင်းပြီး ရနံ့လည်း မွှေးပါတယ်။ ပူဒီနာရေနွေးကြမ်းကို သောက်ပြီးနောက်မှာ စိတ်က တည်ငြိမ်လာပြီး သွေးအတွင်းက အမျိုးသားဟော်မုန်းတွေကိုလည်း လျော့ကျသွားစေပါတယ်။
ခန္ဓာကိုယ်မှာ အမျိုးသားဟော်မုန်းတွေ များနေတဲ့အခါ မျက်နှာမှာ အမွေးအမျှင်တွေ ပေါက်လာပါတယ်။ တစ်ရက်ကို ပူဒီနာရေနွေးကြမ်း ၂ ခွက်ခန့် သောက်ပေးရုံနဲ့ မျက်နှာပေါ်က အမွေးအမျှင်တွေက နည်းပါးသွားပါတယ်။
၂။ လာဗင်ရနံ့ဆီနဲ့ လက်ဖက်ဆီ
ရနံ့ဆီတွေကို အသားအရည်ထိန်းသိမ်းတဲ့ပစ္စည်းတွေမှာ အသုံးများပါတယ်။ ရနံ့ဆီတွေက မျက်နှာပေါ်က မလိုချင်တဲ့အမွေးအမျှင်တွေကို နည်းပါးစေပါတယ်။
လာဗင်ဒါရနံ့ဆီ သို့မဟုတ် လက်ဖက်ဆီကို မျက်နှာမှာ အနည်းငယ်လိမ်းပေးရုံပါပဲ။ ဒါပေမယ့် အသားအရည်နဲ့ဓာတ်တည့်လားဆိုတာသိဖို့ အနည်းငယ်စမ်းသပ်ပြီးမှသာ လိမ်းသင့်ပါတယ်။
၃။ အဆီစားသုံးမှုကို လျှော့ချပါ။
စားလို့ကောင်းတဲ့ အာလူးကြော်၊ ကွတ်ကီး၊ ချောကလက်တို့မှာ အဆီပါဝင်မှုများပါတယ်။ အဆီပါဝင်မှုများတဲ့အစားအစာတွေကြောင့် ကိုလက်စထရောတွေ မြင့်မားပြီး နှလုံးရောဂါဖြစ်နိုင်ချေလည်း များလာပါတယ်။
အာလူးကြော်နဲ့ ဆီကြော်စာတွေမှာ ပါဝင်တဲ့အဆီတွေကြောင့် မျက်နှာမှာ အမွေးအမျှင်တွေက ပိုထွက်လာပါတယ်။ ဆီများတဲ့အစားအစာတွေကို ဖြတ်တောက်လိုက်ရုံနဲ့ မျက်နှာပေါ်က အမွေးအမျှင်တွေက နည်းပါးသွားမှာပါ။
၄။ လေ့ကျင့်ခန်း ပြုလုပ်ပါ။
လှုပ်လှုပ်ရှားရှားနေထိုင်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေပါတယ်။ တစ်ရက်ကို မိနစ် ၃၀ ခန့် လေ့ကျင့်ခန်း လုပ်ပေးရင် ကိုယ်အလေးချိန်ကျရုံသာမက မျက်နှာပေါ်က အမွေးအမျှင်တွေပါ နည်းပါးသွားပါတယ်။ ဒါပေမယ့် testosterone ဟော်မုန်း မတိုးလာစေမယ့် ဟော်မုန်းတွေကို ရွေးချယ်ပါ။
၅။ အပ်စိုက်ပါ။
အပ်စိုက်တာက ခန္ဓာကိုယ်ကို အပန်းပြေစေပြီး စိတ်ဖိစီးမှုတွေကို လျော့ကစေပါတယ်။ အပ်စိုက်တဲ့နည်းနဲ့ မျက်နှာပေါ်က မလိုချင်တဲ့ အမွေးအမျှင်တွေကို ဖယ်ရှားနိုင်ပါတယ်။ အပ်စိုက်ခြင်းက ခန္ဓာကိုယ်က အမျိုးသားဟော်မုန်းတွေကို လျော့ကျသွားစေတာကြောင့်ပါ။
၆။ ရေများများသောက်ပါ။
ရေဓာတ်နည်းပါးတာက အလှအပကို ထိခိုက်စေပါတယ်။ ရေများများသောက်တာက ခန္ဓာကိုယ်က ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်စေပြီး အသားအရေကို စိုစိုပြေပြေဖြစ်စေပါတယ်။
ရေများများသောက်ခြင်းရဲ့ နောက်ထပ် အကျိုးကျေးဇူးတစ်မျိုးကတော့ မျက်နှာပေါ်က အမွေးအမျှင်တွေ နည်းပါးသွားစေတာပါ။
Zombie (lovemedia)
0 Comments