ပင်ပန်းနေတဲ့မျက်လုံးကို သက်သာစေတဲ့ Eye patch လေးတွေကို အိမ်မှာတင် အလွယ်တကူ ပြုလုပ်နည်း (၄) ခု

မျက်လုံးတဝိုက်ရောင်ရမ်းတာ၊ မျက်ကွင်းညိုတာတွေကို သက်သာစေတဲ့ eye patch လေးတွေက အရမ်းကို ခေတ်စားလာပါတယ်။

Eye patch မှာပါဝင်တဲ့ ပစ္စည်းတွေပေါ်မူတည်ပြီး အကျိုးအာနိသင်ကလည်း ကွဲပြားသွားပါတယ်။ မျက်လုံးတစ်ဝိုက်အသားအရေကို အကျိုးပြုတဲ့ Eye patch လေးတွေကို အိမ်မှာတင်အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။

၁။ အလူမီနီယံအပြား

မုန့်လုပ်တဲ့အခါမှာ အသုံးပြုတဲ့အလူမီနီယံအပြားလေးတွေကို အကျယ် ၂.၅ လက်မရအောင် ညှပ်လိုက်ပါ။ ညှပ်ထားတဲ့ အလူမီနီယံအပြားလေးတွေကို ရေခဲသေတ္တာထဲမှာ တစ်နာရီကြာအောင် ထားလိုက်ပါ။

တစ်နာရီကြာပြီးတဲ့အခါ ရေခဲသေတ္တာထဲကနေ ထုတ်လိုက်ပြီး မျက်လုံးအောက်မှာ ၁၅ မိနစ်ခန့် ကပ်ထားပေးပါ။ ဒီလိုကပ်ထားပေးခြင်းဖြင့် မျက်လုံးအောက်က မျက်ကွင်းညိုတာ၊ မျက်လုံးရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ မျက်လုံးတစ်ဝိုက်အသားအရေကိုလည်း ရေဓာတ်ဖြည့်ပြီးသားဖြစ်စေပါတယ်။

၂။ ရှားစောင်းလက်ပတ်

မျက်လုံးတစ်ဝိုက်အသားအရေကို အားဖြည့်ပေးတဲ့နောက်ထပ်အရာတစ်ခုကတော့ ရှားစောင်းလက်ပတ်ပါ။ Cotton pad လေးတွေကို ထက်ဝက်ပိုင်းပြီး ရှားစောင်းလက်ပတ်ဂျယ်လ်ထဲကို စိမ်ထားပေးပါ။

Cotton pad ထဲမှာ ရှားစောင်းလက်ပတ်ဂျယ်လ်လေးတွေ အပြည့်အဝနစ်ဝင်သွားရင် မျက်လုံးအောက်မှာ မိနစ် ၂၀ ခန့် ကပ်ထားပေးလို့ရပါပြီ။

၃။ ကော်ဖီ

Cotton pad လေးတွေကို ထက်ဝက်ပိုင်းလိုက်ပါ။ ပြီးနောက် ကော်ဖီခွက်ထဲမှာ ခဏစိမ်ထားပေးပါ။ ကော်ဖီထဲစိမ်ထားတဲ့ Cotton pad လေးတွေကို မျက်လုံးအောက်မှာ ၁၀ မိနစ်ခန့် ကပ်ထားပြီး ခွာလိုက်ပါ။

ကာဖိန်းဓာတ်က သွေးလည်ပတ်မှုကို အားကောင်းစေပြီး မျက်လုံးမို့တာ၊ အစ်တာ၊ ရောင်တာကို သက်သာစေပါတယ်။ ကော်ဖီနေရာမှာ လက်ဖက်ခြောက်ထုပ်လေးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။

၄။ သခွားသီး

သခွားသီးတွေကို အစိပ်လေးတွေ စိပ်ပြီး ကြိတ်စက်ထဲမှာ ကြိတ်လိုက်ပါ။ ရလာတဲ့နှစ်ကို ဘူးတစ်ခုထဲမှာ ထည့်ထားပါ။ Cotton pad လေးတွေကို သခွားသီးအနှစ်ဘူးထဲမှာ အများကြီး ထည့်စိမ်ထားပါ။

Cotton pad ထဲကို သခွားသီးအရည်တွေ စိမ့်ဝင်သွားပြီဆိုရင် မျက်လုံးတစ်ဝိုက်မှာ ကပ်ထားလို့ရပါပြီ။ သခွားသီးအနှစ်ဘူးလေးကို ရေခဲသေတ္တာထဲမှာ ထည့်ထားရင် အကြာကြီး အထားခံပါတယ်။

Screen time များသူတွေအတွက် သခွားသီးအနှစ်လေး ကပ်ပေးရင် မျက်လုံးပင်ပန်းတာကို ထိထိရောက်ရောက်သက်သာစေပါတယ်။ သခွားသီးမှာ ဗီတာမင်စီလည်း ပြည့်တာကြောင့် မျက်လုံးဘေးမှာ အရေးအကြောင်းဖြစ်တာကိုလည်း ကာကွယ်ပေးပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments