မီးဖိုခန်းပြတင်းပေါက်ကို ခွဲပြီး စားစရာလာရှာတဲ့ ဆင်ကြီး

မလေးရှားနိုင်ငံ၊ Kelantan ပြည်နယ်၊ Gua Musang မြို့မှာ အိမ်တစ်အိမ်ကို ဆင်တစ်ကောင်က မနက်စာ လာစားသွားခဲ့ပါတယ်။

ဇန်နဝါရီလ ၄ ရက်နေ့တုန်းက ဆင်တစ်ကောင်က လယ်သမားတွေနေထိုင်တဲ့အိမ်ရဲ့ ပြတင်းပေါက်တွေကို ခွဲပြီး အစားအစာတွေ လာစားသွားခဲ့တာပါ။

အိမ်ရှင်တွေထဲက တစ်ယောက်ကတော့ ခြင်ဆေးခွေကြီးကို ဝှေ့ယမ်းပြပြီး ဆင်ကို နှင်ထုတ်နေခဲ့ပါတယ်။ ဆင်ကို ကြည့်ရတာ အရမ်းဗိုက်ဆာနေတဲ့ပုံပါ။

အဲဒါကြောင့် မီးဖိုခန်းပြတင်းပေါက်ကို ခွဲပြီး အစားအစာတွေကို လိုက်ရှာနေခဲ့တာပါ။ ဆင်က မီးဖိုထဲက ရှိတာလေးတွေကို စားပြီး တောထဲကို ပြန်ဝင်သွားခဲ့ပါတယ်။

ဆင်က အိမ်နားကို ကပ်လာခဲ့ပေမယ့် လူတွေတော့ ဒဏ်ရာမရခဲ့ပါဘူး။ လယ်သမားတွေကတော့ ဆင်တွေလာမှာ အရမ်းကြောက်နေပါတယ်။

ဆင်က လယ်ကွင်းယာကွင်းတွေကို ဖြတ်ပြိး အိမ်အထိ ရောက်လာတာဟာ သူတို့အတွက်တော့ ပထမဆုံး ကြုံဖူးတာပါပဲ။

ဆင်တွေက ယာခင်းတွေထဲဝင်ပြီး မြေပဲတွေကိုလည်း မကြာခဏ ဝင်စားလေ့ရှိကြပါတယ်။ ဒါပေမယ့် လူနေရပ်ကွက်အထိ ဝင်ပြီး အစာလာရှာတာကတော့ သူတို့အတွက် ပထမဆုံးအတွေ့အကြုံပါပဲ။

Zombie (lovemedia)

for zawgyi

မီးဖိုခန္းျပတင္းေပါက္ကို ခြဲၿပီး စားစရာလာရွာတဲ့ ဆင္ႀကီး

မေလးရွားႏိုင္ငံ၊ Kelantan ျပည္နယ္၊ Gua Musang ၿမိဳ႕မွာ အိမ္တစ္အိမ္ကို ဆင္တစ္ေကာင္က မနက္စာ လာစားသြားခဲ့ပါတယ္။

ဇန္နဝါရီလ ၄ ရက္ေန႔တုန္းက ဆင္တစ္ေကာင္က လယ္သမားေတြေနထိုင္တဲ့အိမ္ရဲ႕ ျပတင္းေပါက္ေတြကို ခြဲၿပီး အစားအစာေတြ လာစားသြားခဲ့တာပါ။

အိမ္ရွင္ေတြထဲက တစ္ေယာက္ကေတာ့ ျခင္ေဆးေခြႀကီးကို ေဝွ႔ယမ္းျပၿပီး ဆင္ကို ႏွင္ထုတ္ေနခဲ့ပါတယ္။ ဆင္ကို ၾကည့္ရတာ အရမ္းဗိုက္ဆာေနတဲ့ပုံပါ။

အဲဒါေၾကာင့္ မီးဖိုခန္းျပတင္းေပါက္ကို ခြဲၿပီး အစားအစာေတြကို လိုက္ရွာေနခဲ့တာပါ။ ဆင္က မီးဖိုထဲက ရွိတာေလးေတြကို စားၿပီး ေတာထဲကို ျပန္ဝင္သြားခဲ့ပါတယ္။

ဆင္က အိမ္နားကို ကပ္လာခဲ့ေပမယ့္ လူေတြေတာ့ ဒဏ္ရာမရခဲ့ပါဘူး။ လယ္သမားေတြကေတာ့ ဆင္ေတြလာမွာ အရမ္းေၾကာက္ေနပါတယ္။

ဆင္က လယ္ကြင္းယာကြင္းေတြကို ျဖတ္ၿပိး အိမ္အထိ ေရာက္လာတာဟာ သူတို႔အတြက္ေတာ့ ပထမဆုံး ႀကဳံဖူးတာပါပဲ။

ဆင္ေတြက ယာခင္းေတြထဲဝင္ၿပီး ေျမပဲေတြကိုလည္း မၾကာခဏ ဝင္စားေလ့ရွိၾကပါတယ္။ ဒါေပမယ့္ လူေနရပ္ကြက္အထိ ဝင္ၿပီး အစာလာရွာတာကေတာ့ သူတို႔အတြက္ ပထမဆုံးအေတြ႕အႀကဳံပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments