အလူမီနီယံခဲပြားလေးတွေက ဟင်းချက်ရာမှာ အသုံးဝင်သလို နေ့စဉ်ဘဝမှာလည်း အသုံးဝင်ပါတယ်။ အချို့အိမ်တွေက တံခါးလက်ကိုင်ဘုတွေမှာ အလူမီနီယံခဲပြားလေးတွေ ကပ်ထားကြပါတယ်။
တံခါးလက်ကိုင်ဘုလေးတွေမှာ အလူမီနီယံခဲပြားလေးတွေ ကပ်ထားရတဲ့အကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။
တံခါးမကြီးက အပူကူးတာနဲ့ ပတ်သက်ပြီး ပြဿနာရှိတဲ့အခါ အလူမီနီယံခဲပြားလေးက ကာကွယ်ပေးနိုင်ပါတယ်။
အလူမီနီယံခဲပြားလေးကို တံခါးလက်ကိုင်ဘုမှာ တပ်ထားရင် အိမ်ကို အေးတဲ့ရာသီမှာ နွေးနေစေပြီး ပူတဲ့အချိန်မှာတော့ အေးနေစေပါတယ်။
၂။
တံခါးလက်ကိုင်ဘုမှာ အလူမီနီယံခဲပြားလေးကို တပ်ထားလိုက်ရင် သင်မရှိတဲ့အချိန် တစ်ယောက်ယောက်က အိမ်ထဲကို ဝင်သွားလားဆိုတာကို သတိထားမိနိုင်ပါတယ်။
အလူမီနီယံခဲပြားလေးက ပါးတာကြောင့် တံခါးလက်ကိုင်ဘုကို လှည့်လိုက်တာနဲ့ တွန့်ရာတွေ ဖြစ်သွားမှာပါ။ အလူမီနီယံခဲပြားလေးပတ်ထားတာကြောင့် တံခါးဖွင့်ဖို့တောင် ခက်ခဲနေမှာပါ။
၃။
အလူမီနီယံခဲပြားလေးကို တံခါးလက်ကိုင်ဘုမှာ တပ်ထားရင် အပျက်အဆီးတွေ ဒဏ်ကနေ ကာကွယ်ပြီးသားလည်း ဖြစ်စေပါတယ်။
တံခါးလက်ကိုင်ဘုမှာ အလူမီနီယံခဲပြား တပ်ထားတဲ့အခါ အိမ်ကို ပြန်လည်ပြင်ဆင်နေတဲ့အချိန် သို့မဟုတ် အိမ်မှာ အခြားသောအလုပ်တွေ လုပ်နေတဲ့အချိန်မှာ တံခါးလက်ကိုင်ဘုက လွယ်လွယ်နဲ့ မထိခိုက်တော့ပါဘူး။
Zombie (lovemedia)
0 Comments